ပန်မိတဲ့ ဆု

ဘယ်သောအခါမှ…….
ရင်မှာ မရှိ၊ မတွယ်ငြိပဲ
စိတ်ထဲရှိယောင်၊ဟန်ဆောင်ပလီ
ချိုသီစကား၊ငါ့နုတ်ဖျားမှ…

မပြောလို။ ။

ဘယ်သောအခါမှ…..
ယုတ်မာညစ်ညူး၊ဘီလူးလောဘ

လိုဆန္ဒကို၊ငုတ်လျိုရင်မှာ
ကာဖုန်းဝှက်ပြီး၊မျက်နှာချိုးထား
မာယာများနဲ့၊ချဉ်းကပ်လာသူမဖြစ်လို။ ။

ဘယ်သောအခါမှ……
တဏှာငွေမက်၊ ရောယှက်ထွေးနှေင်
ဟန်ဆောင် အချစ်၊စင်စစ်မဟုတ်
ဝတ်ရည်စုတ်ယုံ၊လူပုံဖန်ဆင်း
ရင်တွင်ဘီးလူး၊ရမက်ကြူးသော
လူယုတ်ယောက်ျား၊ မဖြစ်လို။ ။

ဘယ်သောအခါမှ
မျောက်ပြဆန်တောင်း၊သာပေါင်းညာစား

အထက်ဖားအောက်ဖိ၊လူအသိပျောက်
အဆင်းချောက်တွန်း၊မနောယုတ်မာ
လူသိက္ခာမဲ့၊ ဘုရားကဲ့ရဲ့
သူတော်မဲ့သော၊ယောက်က်ျားလူယုတ်မဖြစ်ပါလို
ပန်ဆုဆို၏။

13 Comments

  1. မသက်ဇင် said,

    April 1, 2009 at 2:03 am

    ယောင်္ကျားကောင်းယောင်္ကျားမြတ်တို့၏
    “ပန်မိတဲ့ ဆု”

    ပျော်ရွှင်ပါစေ—

  2. ကိုရင်နော်ခင်လေးငယ် said,

    April 1, 2009 at 2:16 am

    ကောင်းလိုက်တဲ့ ဆု..
    ရချင်တယ်ဗျာ အဲ့ဒီဆုတော့..

    ကဗျာလေး အရမ်းကောင်းတယ်ဗျာ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ကိုရင်နော်

  3. မေတ္တာရောင်ပြန် said,

    April 1, 2009 at 2:53 am

    တန်ဘိုးရှိတဲ့ ဆုတောင်းလေးပါ အကိုရယ် … ပန်ဆုလေး ပြည့်ဝပါစေနော်။

    လေးစားစွာဖြင့်
    ညီမကလျာ

  4. Dream said,

    April 1, 2009 at 1:23 pm

    တောင်းသည့်ဆုနဲ့ ပြည့်ပါစေ… ဦးဦးရေ

း)

  5. ဖိုးဂျယ် said,

    April 1, 2009 at 4:43 pm

    တောင်းဆုလေး ပြည့်ပါစေဗျာ

    ငပေါဂေဟာ

    သဘာပတိ ဖိုးဂျယ်

  6. သဇင်ဏီ said,

    April 3, 2009 at 1:39 am

    ဒီပို့စ်တင်တဲ့နေ့တည်းက ဖတ်ဖြစ်ပါတယ်..
    comment မပေးခဲ့မိတာ..
    အားလုံးအဆင်ပြေပါစေ… =)

  7. မသက်ဇင် said,

    April 3, 2009 at 11:08 pm

    “ပန်မိတဲ့ ဆု”

    ထပ်လာဖတ်ပါတယ်–
    ပျော်ရွှင်ပါစေ–

  8. ရွှေပြည်သူ said,

    April 4, 2009 at 9:21 am

    “ပန်မိတဲ့ဆု” ကဗျာရဲ့နောက်ကွယ်က တည်ကြည်လေးနက်မှုကို လေးလေးစားစားနဲ့ ဖတ်သွားပါတယ် အစ်ကို…

  9. အလှတရား said,

    April 5, 2009 at 10:49 am

    ဘ၀သံသရာက ရှည်လွန်းလို့ မဖြစ်သင့်တဲ့ ဘ၀တွေလည်း ဖြစ်ခဲ့ဖူးမှာပေါ့အကိုရယ်.. ဒါကြောင့် အခုလို ပေးဆပ်နေရတာပေါ့…
    ဆုတောင်းဓိဋ္ဌာန်လေးကတော့ သဘာဝကျပါတယ်။

  10. ညခင်း နှင့် လမင်း said,

    April 10, 2009 at 12:12 pm

    ပန်တဲ့ဆုလေးကောင်းလိုက်တာ
    ကဗျာလေးမှာတင် ပြည့်ဝဖို့ တ၀က် နီးနေတဲ့ စိတ်ကို တွေ့ရပါတယ်။
    ညခင်းတို့ လိပ်စာပြောင်းထားတယ်နော်
    http://www.nyahkinyaelamin.com

  11. မသက်ဇင် said,

    April 15, 2009 at 1:51 pm

    သင်္ကြန်ရေလို အေးမြပါစေ–
    မြန်မာပြည်သူများ–
    သာယာဝပြောပါစေ—
    ငြိမ်းချမ်းကြပါစေ–

  12. ကဗျာဦး said,

    April 20, 2009 at 6:51 am

    စာတွေလာဖတ်တယ်ရှင့်
    လင့်ထားလိုက်ပါတယ်

  13. မသက်ဇင် said,

    April 20, 2009 at 3:45 pm

    ဥပသကာ
    အလုပ်များနေပါသလား
    အသစ်တင်ပါအုံး
    ပျော်ရွှင်ပါစေ


Leave a reply to မသက်ဇင် Cancel reply