အမေသို့ တမ်း ချင်း

မကြာ ခင်တုံး က လွန်သွား ခဲ့ တဲ့ အမေ့ မွေးနေ့ မှာ ကျနော် က စာ နည်း နည်း
လေးရေး မယ် လို့ စိတ် ကူးရှိ ပေ မဲ့ တကယ် ကျတော့ ကျနော်မရေး ဖြစ် ပြန်
ဘူး လေ၊ လူ တိုင်း မှာ အမေရှိ ကြ တော့ ၊ အမေ တွေ ကို ဥ ပမာ တွေ အမျိုး
မျိုး နဲ့ တင် စားကြ တာ ကို ဖတ်ရ သိ ရ၊ ကြားနေ ရ တယ် လေ၊ ကျနော် လည်း
အမေ့ ကို တင်စား ဖို့ စကား လုံးရှာနေ ပြန်တယ

ပင်ပန်းလွန်း စွာ နဲ့ အိပ်ပျော် နေပြီ ဖြစ်တဲ့ အမေ့ကို ကြည့် ရင်း၊
ကျနော့် စိတ် တွေ အတိတ်ကို ပြန်နေမိတယ်… တချိန်တုံး က မိန်း မချော တစ်
ယောက် ဖြစ် ခဲ့ သော အမေ ၊ အခုတော့ ဇရာ အရိပ် အထက် လောကဒဏ် အရိုက် အပုတ်
ကို အံကြိတ် ခံရင်း၊ အား တင်း ခဲ့ ရ တဲ့ အမေ….သူ ကိုယ်တိုင် ကမှ အတန်း
ကျောင်း ကို မှန် အောင် မနေခဲ့ရပေမဲ့၊ သားတွေ ကို ပညာတတ် စေ ချင် ခဲ့ သော
အမေ…..သားတွေ စိတ် ကို အမြဲ ဖတ်၇င်း အလို မှန် သမျှ ကို ဖြည့် နိုင် အော
င် ကြိုး စားနေ ခဲ့ တဲ့ အမေ…သားတွေကျောင်း စရိတ် အတွက် ဈေးတောင်း
ခေါင်းရွက်၊ ချက် ချက် တောက် ပူ တဲ့ နေ ရောင် မှာ ငွေရှာ ရင်း ကျောင်း
စရိတ် ပို့ ခဲ့ သော အမေ၊ ….. တခါ တလေ…` သားရယ် သား တို့ ကို အမေက ဘာ မှ
သင် မပေး နိုင် ဘူး´ လို့ ပြော ခဲ့ သော အမေ… တကယ် တော့ အမေ က လက် တွေ့
နဲ့ သင် ပေး ခဲ့ တာ အမေကိုယ်တိုင် မသိ ခဲ့။

မတရား တာ ကို မလုပ် မိအောင်၊ တရား မျှတမှု အတွက်အလုပ် လုပ်တတ်အောင်၊အထူး
သဖြင့် စိတ်ရှည် တတ် သော သီး ခံတတ် သော၊ ကိုယ့် ကျင့် ကို တန်ဖိုး ထား
တတ် သော ယောက်ျား ဖြစ် အောင် အမေ သင် ခဲ့ သည် သာ။အမေ..သည် ကတိကို တန်
ဖိုး ထာ သူ၊ အမေသည် ကိုယ့် စကား ကို ကိုယ် တာ ၀န် ယူတတ် သူ၊ အမေ..သည် ဟန်
ဆောင်မှု ကင်း မဲ့ သူ၊ အမေသည်… ကျနော်တို့ အတွက် ဘ၀ လမ်း ပြ၊ စာ မတတ် သော
် လည်း ငါ တတ် ဖြင့် ကျနော်တို့ ကိုဦးဆောင် ခဲ့ သူ….။

အ မေသည် ကျနော် တို့ အတွက် လိုအပ် လာ လျှင်ဓါး တစ်လက် ဖြစ် ခဲ့ သို၊ ပန်ဒ
တစ် ပွင့် လည်း ဖြစ် ခဲ့ ပါ၏၊ သားတွေနဲ့ ပတ် သက် လာ လျှင် ဘယ်တုံး က
မှအပြုံး မပျက် ခဲ့ သောအမေ…

ကျနော်တို့ အား ယောက်ျား နီတိ၊ ယောက်ျား အတတ်၊ ယောက်ျား စိတ် ဓာတ် ကို
သွန်းလောင်း ပေး ခဲ့သော အမေ…။

အိပ် ပျော် နေတဲ့ အမေ့ ကို..ကြည့် ရင်းး နီုင်စရာရှာ သော် လည်း မတွေ့..
အမေ အတွက် ယှဉ် ဖက်စကား လုံး သည် `အမေ´ သာ လျှင် ဖြစ် သည် ဟု မှတ် ယူရင်း
အမေံ အား အကြိမ်ကြိမ်ဦး ချ မိ ပါသည်။

5 Comments

  1. may16 said,

    May 2, 2009 at 7:42 am

    အမေတမ်းချင်းလေးကို လာဖတ်သွားပါတယ်
    ကို ဥပသကာ

  2. မသက်ဇင် said,

    May 2, 2009 at 2:25 pm

    မတရား တာ ကို မလုပ် မိအောင်၊ တရား မျှတမှု အတွက်အလုပ် လုပ်တတ်အောင်၊အထူးသဖြင့် စိတ်ရှည် တတ် သော သီး ခံတတ် သော၊ ကိုယ့် ကျင့် ကို တန်ဖိုး ထား တတ် သော ယောက်ျား ဖြစ် အောင် အမေ သင် ခဲ့ သည် သာ။

    ဥပသကာ ၏
    ကျေးဇူးရှင် မာတာမိခင် အား သားလိမ္မာတယောက်အဖြစ်
    ကျေးဇူးဆပ်နိုင်ပါစေ။
    မိခင်သည်လည်းကျန်းမာပါစေ။

  3. eternal said,

    May 3, 2009 at 7:39 pm

    လေးစားဖွယ် “အမေ” ပါပဲခင်မျာ။ တိုက်ဆိုင်တာလေး တစ်ချို့ ကြောင့် အမေ့ကို လွမ်းမိပါတယ်။ ကျေးဇူးတရားဆိုတဲ့အသိကို ပုတ်နှိုးလိုက်တဲ့အတွက် ကျေးဇူးစကားကို ဆိုပါရစေဗျာ။

  4. သဇင်ဏီ said,

    May 4, 2009 at 2:40 am

    ဖတ်သွားပါတယ်..
    လိမ္မာသောသားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနော်..

  5. မိုးခါး said,

    May 5, 2009 at 4:56 am

    ဘာပြောရမှန်းမသိပါဘူး
    အမေသိရင် ကျေနပ်မှာပါ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: