အမေ သို့ မှော်ဝင်နှင်းဆီ

တကယ်တော့နှင်ဆီအနီရောင်တစ်ပွင့် နဲ့ တူတဲ့ အမေ့ ကို ကျနော်ရ ခဲ့ တာပါ၊တကယ်လည်း အမေဟာနှင်းဆီအနီရဲရဲနဲ့တူတဲ့သူတစ်ယောက်ပါ၊ အဖေကတော့ အမေ့ကိုပြောဖူးတာ မှတ်မိနေတယ်“မှော်ဝင်နှင်းဆီတဲ့”လေ အဖေက မန်းသားဆိုတော့စကားတတ်တယ်၊ အမေကတော့ ဖွဲ့နွဲ့မပြောတတ်သူ၊ ကျနော်တို့ အဖေဆုံးတော့ အမေအသက်က(၃၀) ပြည့် ယုံလေးတင်၊ ကျနော်ဆိုဒုတိယတန်းပဲရသေးတယ်၊ ဆုံးတာကလည်း ရေခြား မြေခြား မှာဆိုတော့၊ ကျနော်တို့ဆိုအဖေံ့ရုပ်ကလပ် ကိုတောင်မှ မမြင် လိုက်ရ ဘူးလေ၊ အမေလိုက်သွားတာတော့ မှတ်မိတယ်၊ သိပ်တော့ မကြာ ဘူး အမေပြန်လာတယ်၊ ကျနော် ထက် ငယ်သေးတဲ့ညီလေးအတွက် အမေအလုပ် တွေ လုပ် ရမှာ ဆိုတော့ လည်း၊ အမြန်ပြန်လာ ခဲ့တာ ပဲ ဖြစ် မည်၊ကျနော်တို့ ကျောင်းတက် တော့ အရင် ကလို အမေ လိုက် မပို့နိုင်တော့၊ အိမ်နားက ဦးလေးချစ် ဆွေရဲ့ ဆိုက်ကား ကို လပေး ငှါးပြီးတော့ ကျောင်း ပို့စေတယ်၊ အမေကဈေးထွက် ပြီဆိုတော့ လည်း အိမ်မှာ ကျနော်တို့က အဖွားနဲ့ ကျန် နေရစ်တာ များ ပါတယ်၊ကျနော်တို့ အဖိုးက(အဖေ့ဘက်က) သူ့ ဆီ လာ ပါ ၊ခလေးတွေ အတွက် ထောင့် ပံ့ မယ် လိုံပြောတော့ ၊ အမေလက်မခံ…

“သူများနှာခေါင်းနဲ့ အသက်မရှင်လိုတဲ့”ဆန္ဒနဲ့အမေဘ၀ကိုရုံးခဲ့တာပါ၊အဲပြောရဦးမယ်..အမေကစကားနည်းတယ် ဗျ၊ မလိုအပ်ရင် ဘယ်သူနဲ့ မှမပြော၊ ပြောပြီဟေ့ဆို လည်း ပြောတဲ့ အတိုင်း လုပ်တာ များတော့ အမေ့ကိုတော့ နှစ် ဘက်စလုံးမှာရှိတဲ့ အမျိုးတွေက ရှိန်တယ်..ဈေးသည်ဆို ပေမဲ့ နုတ်မဖွာ၊ အရောင်းသွက်တယ်၊ဖောက် သည်မှန်တယ၊ နောက်တော့ အမေ့လုပ် ငန်းတွေ ပို လုပ် လာရတယ်၊..ငါးတွေ ပုဇွန်တွေ၊ဂဏန်းတွေ၊ ပြည်ကြီး ငါးတွေပေါ့ ဗျာ၊ ကျနော်တို့ မြို့ မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အား လုံးနီး ပါး အမေ့ ဖေါက်သည်တွေ ဖြစ် လာတယ်၊ဆိုပါတော့… အဲဒါ ကို မကျေနပ် တော့ အမေနဲ့ဈေးရောင်း ဖက် လို့ ပြောရမဲ့ အဒေါ်ကြီး တယောက် က အမေ့ ကိုတိုက်တာ… အဲ လို ဗျ၊။

အဲဒီအဒေါ်ကြီးရဲ့ယောက်ျားက.. နယ်မြေလူ မိုက် လေ…ထောင် ကိုခြင် ထောင်မှတ်တေသူပေါ့၊ ထောင်ဆိုတာ သူ့ အတွက်မဆန်းဘူး၊ အမေ့ဖေါက်သည်တွေဆီသွား..မိုက်ကြေး ခွဲ၊ ခြိမ်းခြောက်၊ ..သူ့ မိန်းမဖေါက်သည်တွေ ဆိုရင် တော့ တပည့်တပန်းတွေ အား ကိုးနဲ့အဆင်ပြေ…ရွှာတွေဖက်ကတက်လာတဲ့ပုဇွန်လှေတွေ၊ငါးလှေတွေဆို .. အမေ့ ကိုရောင်းမယ်ဆိုရင် ချိန်းခြောက်၊အဲ လို ဖြစ်နေတာ ၊ဦးလေးတွေ က သိတော့ ဒီပြဿနာကိုရှင်းမယ်တဲ့ ပြောတော့၊ အမေ့ကသူကိစ္စ သူရှင်း ပါ့မယ်ဆိုပြီးပြောတယ်၊ အဖိုးက ဘယ်လိုရှင်းမလဲ..မေးတော့.. နည်း လမ်းရှိတယ်တဲ့လေ..။

အဲ လိုနဲ့ နှစ်ရက်သုံးရက်လောက် ကြာတော့၊ ကျနော်နဲ့ အမေ..အဖိုးရှိတဲ့ ကမ်းနား လမ်း က အိမ်ကိုသွားတော့

ခုနက ကျနော် ပြောတဲ့ လူမိုက်ဆို တဲ့လူက မုန်းပျားသလက်ဆိုင်နား မှာ ရပ်နေတယ်..အမေလည်း အဲဒီဆိုင်နား ကိုသွားတယ်၊ ကျနော့် စိတ်ထဲ မုန့် ၀ယ် ပေါ့လေ.. ခလေး အတွေးနဲ့ လိုက်သွားတယ်၊ အဖိုးဆီလာတိုင်းအမေက မုန့် ၀ယ် နေကျဆိုတော့ ဘာ မှ မဖြစ် ဘူး လို့ ပဲ ထင်တယ်လေ၊ မုန်သည် ဆီမှာ မုန့်ဝယ်တော့လည်းလေသံက အမေ့ ထုံးစံ အတိုင်း အေး အေး လေး၊ မုန့်သည်နား ကို တိုး ပြီတော့ မိး ဖို နား မှာ ထိုင်..လိုက်တယ်၊ ကျနော့် ကိုတော့ မုန်ံရောင်းနေတဲ့ အဒေါ်နား မှာနေတဲ့၊ ကျနော် လည်း ဘုမသိ ဘမသိအမေခိုင်းတဲ့ အတိုင်းပေါ့ ၊ မုန့်ရောင်းနေတဲ့ အဒေါ်ကြီးနား ကပ်နေလိုက်တယ်.. အမေ့ကို မြင်တော့.. အဲဒီလူမိုက်ကြီးက အမေ့နာ မယ် ခေါ်ပြီးတော့… မိုက်မိုက်ရိုင်းပြောတော့ တာ ပဲ… လင်မရှိတဲ့ အတူ ငါ့ ကို ပဲယူ လိုက်တော့ တဲ့လေ။ အမေပြုံးနေ လိုက်တယ်၊ ကျနော်မကျေနပ်၊ အမေပြုံးနေတာကို ကျနော် မကျေနပ်၊ အဲဒီ လူက အမေပြုံးနေတာကိုမြင်တော့၊ အမေ့နံဘေး မှာထိုင်ချလိုက်ပြီး၊ ထိကပါးရိကပါး ပြော ဖို့ စကာား အစ… မီး ဖိုထဲက မီးစွဲနေတဲ့ ထင်း စကို ဆတ်ကနဲယူပြီးမျက်နာကို ဖြတ်ရိုက်… လိုက်တာ အရှောင် မြန်တော့၊ ရင် ဖတ်ပေါ် ကြ အမေလေး အော် နေတုံး မှာ ပဲ၊ ထမိန်ထဲ လိမ်ယူ လာ တဲ့ဓားနဲ့ ထိုး။ တော့ ဒီ လူ ပြေး.. မပြေး လို့ မရ၊ ဆက်တိုက် ထိုး ချ လိုက်တာ၊နောက် လေး ငါး ချက်ပဲလေ၊ ကျနော် ဘာ လုပ်ရ မှန်း မသိ ၊ ဟို လူ သိပ်မပြေးနိုင် ခင် မှာ ပဲ အမေလိုက်ပြီး ဓားနဲ့ အထိုး မှာ၊ ကျနော် ဦးလေးတွေရောက် လာပြီး အမေ့ ကို ဆွဲ တာ မနည်း ဆွဲရတယ်၊ ကျနော့် အဖိုး က ဘယ် လို ဖြစ်တာ လဲ မေးတော့“ ကျမပြဿနာကို ကျမရှင်း လိုက်တာ ပါတဲ” ဒါပမဲ့ ကိုင်း ထားတဲ့ ဓာမြှေင် ကိုတော့ အမေမလွတ်၊ အဲ လို နဲ့တရားရုံးရောက်တော့ ..မိန်မသားဖြစ် နေတာ ရယ်၊လူ မိုက်စော်ကားတာ ရယ်ကို ရပ် ကွက်ကောင်စီတွေက အစ.. သက် သေလိုက်ပေး တော့၊ ဆေးဇိုးငွေ ကုန် ကျ ခံယုံ နဲ့ ပဲ့ပီးသွားတာ ပါ၊ နောက် ထပ်စော်ကားရင် .. တကယ်သတ်မှာ ပါတဲ့.. တရားရုံးမှာ ကိုပြော ခဲ့ တာ

အဲ လို ပြောနေ လဲ.. “ နင့် အမေက ပြုံးပြုံးလေး ပါပဲ” တဲ့ဦးလေး ကပြန်ပြောကို မှတ်မိနေတယ်၊

အဲ လို ဖြစ်ပြီးတော့ မှ လူ မိုက်လေးတွေ မစရဲတော့၊ ဖေါက် သည် တွေ အမေ့ဆီ ပြန် လာ ခဲ့ကြတာ ကိုတော့ မှတ်မိနေတယ်….နောက်ဆက်တွဲက ဈေး ထဲမှာ အမေ့ကိုစောင်းဆဲ၊ရိဆဲသံတွေ မကြားရတော့ ပါ၊

ကျနော်တို့ ကို အမေဆုံးမတော့ လည်း ၊စကားသံလေး က အေး တယ်၊ရိုက်ပြီဆိုတော့ လည်း မနားတော့

အဲ လို အမေမျိုး ပါ၊ဘယ်သူ့ ကို မှ ထိခိုက် အောင် မလုပ် ခဲ့၊ သူက ကို ထိ ခိုက် လာပြီဆိုရင် လည်းအမေ့တုံ့ ပြန်မှုက.. ပြင်း ထန် လွန်းတယ်၊

အဲအမေငိုတာတော့မြင်ဖူးတယ်။သစ်ရွက်စိမ်းတွေကြွေတုံးက။နောက်ပြီးတော့..ေ၇ွှအိုရောင်တိမ်တိုက်တွေပြိုတုံးက..နုတ်ခမ်း တွေက..သွား နဲ့ ကိုက်ထားလို့..အနီရောင် တွေစွန်းနေတယ်လေ။

လေးစားစွာဖြင့်…..ဥပသကာ။

15 Comments

  1. အလှတရား said,

    May 13, 2009 at 3:06 am

    အမေ့ကို ကျနော်လည်း ချစ်ခင်တယ်
    ကျန်းမာရေးဂရုစိုက်ကြပါ..

  2. may16 said,

    May 13, 2009 at 6:48 am

    ကိုဥပသကာ အမေကတော့ တော်၂ အေးတယ် ဒါပေမယ့် မဟုတ်မခံစိတ်တကယ်ရှိတယ်နဲ့တူတယ် အမေကိုရှိတုန်း ပိုချစ်ပါနော်.

  3. မေတ္တာရောင်ပြန် said,

    May 13, 2009 at 7:04 am

    ပင်ပန်းစွာရုံးကန်ခဲ့ရတဲ့ မိခင်တယောက်ရဲ့ မေတ္တာကို လေးစားမိပါတယ် အကို။

    ခင်မင်လေးစားလျှက်
    မေတ္တာရောင်ပြန်

  4. JulyDream said,

    May 13, 2009 at 10:42 am

    အမေတစ်ယောက် သတ္တိတွေ အားမာန်တွေကို ထင်ထင်ရှားရှား မြင်လိုက်ရတယ်ဗျာ။ ဘ၀ဆိုတာကို ရင်ဆိုင် ကျော်ဖြတ်သွားပုံက အတုယူစရာပါပဲ။

  5. Dream said,

    May 13, 2009 at 3:10 pm

    လေးစားဂုဏ်ယူထိုက်တဲ့အမေကို ပိုင်ဆိုင်ထားတဲ့ ဦးဦးအင်မတန် ကံကောင်းပါတယ်…း)

    ဒီအမေနဲ့ ထာဝရ ပျော်ရွှင်နိုင်ပါစေ

  6. မင်းဒင် said,

    May 14, 2009 at 1:26 am

    အော် .. ။ တကယ့်ကို လေးစားစရာ မိခင်ပါကလား ။
    ရေးတတ်တော့ အမေက ပိုလှလာတယ် ။ ပိုပြီး ကြည်ညိုလေးစား စရာဖြစ်လာတယ် ဗျာ ။

    ချမ်းမြေ့ပါစေ ။

    မင်းဒင်

  7. မိုးခါး said,

    May 14, 2009 at 8:28 am

    ဖတ်ရတာအားရလိုက်တာ ..း)

  8. ကိုရင်နော်ခင်လေးငယ် said,

    May 15, 2009 at 1:51 am

    မိတ်ဆွေကြီးရေ..
    အမေက လေးစားစရာဗျာ..
    အဖေ့တာဝန်ရော အမေ့တာဝန်ရော အကုန်လုံးကို ကျေတာပါပဲ..
    မဟုတ်မခံစိတ်ဓါတ်က တကယ်ကို ထက်မြက်တဲ့ မိခင်မျိုးပါ..
    ကျနော်လည်း မိတ်ဆွေကြီးရဲ့ အမေကို “အမေ” လို့ ခေါ်ချင်တယ်.. ရန်ကုန်ရောက်ရင် လာတွေ့မယ်ဗျာ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ကိုရင်နော်

  9. Mogok Thar said,

    May 15, 2009 at 2:14 am

    လေးစားချစ်ခင်ဖို့ကောင်းတဲ့ အမေတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ လူဖြစ်ခွင့်ရတာ ကံကောင်းတယ်ဗျာ။ အမေ့ကျေးဇူး ဆပ်နိုင်တဲ့ သားတဟ်ယောက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

  10. မယ်ကိုး said,

    May 15, 2009 at 4:41 am

    တကယ့် အဖြစ်အပျက်လား …လေးစားဖို့ ကောင်းတဲ့ အမေမို့  ကြည်ညိုမိပါတယ်။

  11. DTS said,

    May 15, 2009 at 2:52 pm

    ဥပသကာ၊
    အမေကို ဂါရ၀တရားနဲ့အညီ အထူးတလည် အမှတ်ရတာ ကောင်းတယ်ဗျာ။
    ၁၀ ရက်နေ့ကလည်း အမေနေ့မဟုတ်လား။
    ဆရာ့ဆီမှာတော့ ဘလော့ခ်ထဲမှာရေးထားသလို အမေအတွက် ဆေးခန်းကိုလှူတာ တွေ့ရပါမယ်။ တကယ့်အမေနေ့လို့ ခေါင်းစဉ်တပ်ထားပါတယ်။ လှူတဲ့သူက အိန္ဒိယက နာဂအမျိုးသမီးဖြစ်တယ်။
    နက်ဖြန် ဆရာမြို့ထဲသွားပြီး အောက်စီဂျင်ဗူးဝယ်ဘို့ ရှိတယ်။ ဆရာဝယ်ချင်နေတာကြာပြီ။ လှူမဲ့သူက မြန်မာပြည်သူ ချင်းအမျိုးသမီး၊ သူ့အမေအတွက် လှူမှာပါ။
    နှစ်ယောက်လုံးက ခရစ်ယန်ဘာသာဝင်တွေဗျ။
    စေတနာဆိုတာ ဘာသာမရွေးဘူး။ အမေကိုချစ်တာ လူမျိုးမရွေးဘူး။
    တင့်ဆွေ

  12. နှင်းဆီနက် said,

    May 15, 2009 at 3:33 pm

    ရင်ထဲနင့်အောင်ခံစားလိုက်ရပါတယ်

  13. Pinkgold said,

    May 16, 2009 at 10:58 am

    အကို့ အမေကတော့ တစ်ကယ့်ကို အာဂ ပါပဲ အကိုရယ်.. မိန်းမ အချင်းချင်း လေးစားမိပါတယ်.. အာဂ အမေပါပဲ

  14. mikozan said,

    May 16, 2009 at 12:13 pm

    မျက်ရည်ဝဲပီးဖတ်သွားပါတယ် အကို
    အရမ်းတန်ဖိုးရှိတဲ့အမေနော်

  15. မသက်ဇင် said,

    May 21, 2009 at 1:59 pm

    အမေ
    အာဂမိန်းမ
    လေးစားတယ်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: