အခုတလောက စာရေးမလို့ လုပ် လိုက်၊ အလုပ်ကပေါ် လာ လိုက်နဲ့ မရေး ဖြစ် ဘူးလေ၊ကျောင်း ဖွင့်ချိန်လေ…။ ခလေးတွေကျောင်းအပ်ရတော့မယ်၊တွယ်ရာမဲ့လေးတွေအတွက်အလုပ်နဲနဲပိုလုပ်ရတာပေါ့လေ၊မောတော့မောတာ ပေါ့လေ၊ အဲ လိုမောတိုင်းမှာ တော့၊ အသဲထဲ သိမ်းထားတဲ့ ဓားနဲ့ တရား ကို ဆွဲတင် လွင့် ထုတ်ရင်း အမော ဖြေနေရပါ့လေ။
“ ဓါး” တဲ့ ဗမာတိုင်း
မကင်းကြပါဘူးဓါးနဲ့၊ရာဇ၀င်မှာလည်းဓါးတွေရှိခဲ့ကြတာပဲလေ၊ဓားနဲ့ပတ်သက်တဲ့စာအုပ်ကျတော့ အရှားသားဗျ၊ကျနော်တို့ဆီမှာ၊ ဆရာမင်းဆွေရဲ့“ဓါး”၊ နောက်ပြီးဆရာမင်းယက္ခရဲ့“ဓါး”၊၊ အဲနာ မယ်တူ အကြောင်းရာမတူပေါ့လေနော်၊ ထည့်မယ်ဆိုလို့ရှိရင်တော့ဆရာစန်းသမိန်ရဲ့၊ မြန်မာ့သွေး၊မြန်မာ့ဓါး၊ မြန်မာ့စစ်ပညာ၊ လည်း ထည့် လို့ရ တာပေါ့နော်။
တချိန်တုံးက ကျနော်တို့မှာလည်း ဓါးတလက် ရှိခဲ့ ဘူး ပါတယ်၊စာရေးတဲ့အခါလဲဒီဓါးပါတယ်၊ထမင်းဟင်းချက်တော့လည်း ပါတယ်၊တော်ခုတ်ချုံရှင်းတော့ လည်း ဒီဓါးကို ချန်မထား ခဲ့ ဘူး၊ပျော်စရာကောင်း လွန်းတဲ့ အချိန်မှာ လည်းဒီဒါးကိုလက်မှာကိုင်းထားနေခဲ့ကြတယ်၊ ၀မ်းနည်းစရာကြုံ့ လာတော့ လည်းဒီဓါးတစ်လက် ကိုပဲကျနော်တို့ စုပေါင်းကိုင်ဆောင်ခဲ့ကြတယ်၊အဲ..ကျနော်တို့ဆိုတာက၊ အခုစာရေးဆရာတွေအဖြစ်၊ကဗျာဆရာတွေအဖြစ် အခိုင်မှာရပ်တည်နေကြတဲ့၊ စာရေးဆရာဒါရိုက်တာ ချိုတူးဇော်၊ ကဗျာဆရာM ဇော်နောင်၊ ကဗျာဆရာ ဆည်းဆာ
တို့ပဲလေ၊ ဘုရာကြီးဝင်းအတွင်းမှာ လည်း ဒီဓါးပါတယ်၊နောက်ဆုံးလေထန်ကုန်း ကိုရောက် လာတယ်၊ အခုတော့ အသဲ ထဲမှာ ပါ။ အဲဒီဓါးက “ ကဗျာဓါး” ပါဗျာ။ တလွဲမတွေးပါနဲ့။
မူလကဗျာပိုင်ရှင်တော့ ကျနော်မမှတ်မိတော့ပါဘူးခင်ဗျ၊ကျနော့်ညံ့လို့ပါ၊ ကျနော်ရေးတာမဟုတ်ဘူး၊ ကဗျာရှင်ကို ကိုဇော်ကြီးပြောပြပေမဲ့ ကျနော်မမှတ်မိတော့ပါ၊ ကဗျာနာမယ်က ….။
သံမဏိဓါး
မီးပြင်းနဲ့တိုက်၊တိုက်ခြင်တိုက်။
ပေမှာတင်ထု၊ထုချင်ထု၊။
မီးပြင်းတိုက်ရင်၊ရဲနီလာမယ်။
ပေမှာထုရင်၊ကျစ်မာလာမယ်။
သံမဏိဓါး၊ကြေမသွားဘူး
နာနာထုလေ၊ဓါးကောင်းလေ…ဟေ့။
အဲဒီကဗျာလေး ဟာ၊ကျနော်တို့ နှလုံးသားထဲက “ဓါး” တစ်စင်းလေ။
ပြီးတော့တရားတစ်ပုဒ်ပါ၊ကျနော်အသက်ကလေးနည်းနည်းရလာတော့တရားတွေနာဖြစ်တယ်လေ၊ဆရာသမားတွကလည်း သင်ကြတာပေါ့၊ကျနော်ဟာကျနော့်ဆရာတွေရဲ့ခပ်ညံ့ညံ့တပည့်တစ်ယောက်တော့ဖြစ်တန်ကောင်းပါရဲ့
အရမ်းအလုပ်လုပ်တတ်ကြပြီးအကြင်နာကြီးတဲ့ဆရာတွေကြားမှာ၊ကျနော်နေခဲ့ရဖူးပေမဲ့ကျနော်ဟာဇွန်းတစ်ချေင်းပါဗျာ…အညှိတက်နေတဲ့ဇွန်းတစ်ချောင်းပါ။
အာလုံးသိတဲ့တရားတစ်ပုဒ်ပါ၊ ကျေးဇူးရှင်တောင်မြို့ဆရာတော်ကြီးရဲ့တရာတော်လို့ပဲပြောခွင့်ပြုပါ..အဲဒီတရားတော်တစ်ပိုဒ်ကို၊ ကျနော်တို့ကမ္ဘာအေးမှာရွတ်ခဲ့ကြဖူးတယ်၊အေးရိပ်ချောင်မှာရွတ်လဲ့ကြဖူးတယ်၊ပါရမီစာပေနဲ့ဗုဒ္ဓအသံ စာပေမှာလည်း ရွတ်ဆိုခဲ့ ဖူးပါတယ်၊ ဘဘဦးဋ္ဌေလှိုင်က အသံချိုလေးနဲ့ရွတ်တယ်၊ ဘဘဦးရွှေအောင်က
လေသံတိုးသက်သက်လေးရွတ်တယ်၊နာယကချုပ်ဆရာတော်ကြီးကလေသံမှန်နဲ့ ရွတ်ခဲ့တယ်၊ အဲဒါပေမဲ့
ဒီတရားတော်းလေးရွတ်သူတိုင်းက လက်အုပ်လေးတွေချီလို့..အရမ်းပင်ပန်းတော်မူတိုင်းရွတ်ခဲ့ကြတယ်၊
အခု လည်း သူငယ်ချင်းမိတ်ဆွေတွေပင်ပန်းနေကြပြီဟုတ်၊ရီတ်ကြည့်ပါဗျာ..ဟောဒီတရားလေး…။
ဗုဒ္ဓမြတ်စွာလောင်းလျာတုံးက
နောက်ဆုံးအထိပါရမီ
လူနတ်များစွာချမ်းသာရေးတွက်
အသက်ပေးလို့ကျင့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်ခုလိုတွေးလို့
ကုသိုလ်ရေးမို့ကြိုးစားမည်။
ကြိုးစားလိုက်ရအောင် ဗျာ…
လေးစာစွာဖြင့် ဥပသကာ
may16 said,
May 26, 2009 at 7:40 am
ဓါးနဲ့တရားပို့စ်လေးကိုဖတ်ပြီး ဆင်ခြင်သွားပါတယ် ကိုဥပသကာ
mm thinker said,
May 26, 2009 at 11:14 am
ဖတ်သွားပါတယ်။
win latt said,
May 26, 2009 at 11:18 am
စဉ်းစားစရာပဲ…
ကောင်းတယ်….တွေးတတ်ရင် ပိုကောင်းတယ်…
လိုရင်းကို စဉ်းစားချင်အောင်ရေးတတ်တယ်…။
တော်ပါပေတယ်ဗျာ….။
မျှော်လင့်ခြင်း said,
May 26, 2009 at 11:38 am
ကျွန်တော်ကတော့ ဓါးဆိုရင်ချစ်တယ်ဗျ
ဟုတ်တယ်ဗျ ဓါးနဲ့ပတ်သက်တဲ့လေ့လာစရာ
စာအုပ်ကရှားတယ်…. အခုလိုတင်ပြပေးတာ
လေးကို နှစ်ခြိုက်မိပါတယ် 🙂
နောက်လဲများများလေရေးပါနော် ဓါးနဲ့ပတ်
သက်ပြီး
Millicent said,
March 25, 2017 at 6:25 pm
There is a critical shortage of inraomftive articles like this.
မသက်ဇင် said,
May 26, 2009 at 11:49 am
ဗုဒ္ဓမြတ်စွာလောင်းလျာတုံးက
နောက်ဆုံးအထိပါရမီ
လူနတ်များစွာချမ်းသာရေးတွက်
အသက်ပေးလို့ကျင့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်ခုလိုတွေးလို့
ကုသိုလ်ရေးမို့ကြိုးစားမည်။
ကဗျာလေးကို ပရင့်ထုတ်ပြီး နံရံမှာကပ်ထားတယ်
ပျော်ရွှင်ပါစေ
AHlaTaya said,
May 26, 2009 at 12:48 pm
ဓားနှင့်တရား
စွမ်းသည့်အား
ပေါ့
ထွေထွေထူးထူးမကွန့်ချင်တော့ဘူး အကိုရေ..
မိုးတိမ်ညို said,
May 27, 2009 at 3:14 am
ဟုတ်တယ်ဗျ တော်တော် စဉ်းစားစရာပဲ။ စဉ်းစားစရာ တစ်ခုရသွားပြီ။
Dream said,
May 28, 2009 at 11:29 am
မက်မက်ကတော့ ဓားမှာနဂါးနိုင် ဓားကိုပဲ ကြိုက်တယ်… ဟတ်ဟတ်…… 😛
အဟဲ..ခင်လို့နောက်တာ…နော်… အတွေးလေးတွေ ပေးတယ်ဗျာ… ကောင်းလိုက်တာ…
ဗုဒ္ဓမြတ်စွာလောင်းလျာတုံးက
နောက်ဆုံးအထိပါရမီ
လူနတ်များစွာချမ်းသာရေးတွက်
အသက်ပေးလို့ကျင့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်ခုလိုတွေးလို့
ကုသိုလ်ရေးမို့ကြိုးစားမည်။
အဲဒါလေးကလည်း တန်ဖိုးရှိတယ်..
ကျေးဇူးပါ ဦးဦးကာရေ
ပြည်သူပြည်သား said,
May 28, 2009 at 1:13 pm
ဓါးအကြောင်း စဉ်းစားစ၇ာပါပဲဗျာ။ ဖတ်မှတ်လေ့လာသွားပါတယ်။
အိမ် said,
May 28, 2009 at 1:19 pm
အင်း…….. မှတ်သားစရာပါပဲဗျာ။ တွေးစရာတွေ ယူသွားပါတယ်။
ကဗျာဦး said,
May 28, 2009 at 4:39 pm
ဓါးအကြောင်းတွေးသွားပါသည်။
မယ်ကိုး said,
May 29, 2009 at 7:24 am
ကုသိုလ်ရေးမို့  ကြိုးစားမယ် …ဒါပေမယ့် အလုပ်တွေ များနေလို့  ခဏလေးနေပါဦးဆိုရင် ကျွန်မက ထိပ်ဆုံးကမို့  ခက်လှပါတယ်။
မသက်ဇင် said,
May 31, 2009 at 3:54 pm
ထပ်ရောက်ပြီးထပ်မှတ်ပါတယ် ဥပသကာ
မဆုမွန် said,
June 6, 2009 at 2:54 am
ဓါးဆိုတဲ့ ပို့စ်လေးကိုဖတ်တော့ ဓားကို လက်အစုံနဲ့ အုပ်မိုးပြီး အပေါ်စီးက ခုတ်ချမယ့် ဗိုလ်ချူပ်အောင်ဆန်း ပုံရိပ် ဓာတ်ပုံကို မြင်ယောင်မိတယ်။