သာသနာတော်အရေးတွေးပေးပါ
ပထမတော့ စာရေးချင်တဲ့စိတ် ပျောက်သွားသလို ခံစားလိုက်ရတယ်။ ပြီးတော့ ဘလော့ကို ဖျက်ပစ်မယ်လို့ စဉ်းစားမိ တိုင်း၊ နှမျှောမိနေတယ်၊ ဘာရုပ်မှပေါက်တဲ့ဘလော့ဆိုပေမဲ့ သုံးနှစ်နီးပါး တွယ်ဖက်မိခဲ့သော စာမျက်နာလေး ကိုတော့၊ ဖက်တွယ်နေမိတယ်လေ၊ ညကစဉ်းစားရင်း စာပြန်ရေးမယ်လို့၊ ဆုံးဖြတ်မိပြန်တယ် ကျနော်ရေးနေကြအတိုင်းပေါ့ လေ ဘာသာရေးကို ဇောင်းပေးပြီးတော့ပဲ ဘလော့အသစ် ပြန်လုပ်မယ်ပေါ့၊ ကျနော်ဘာသာရေးကို ဇောင်းပေးရတဲ့ အကြောင်းကတော့၊ တရားတော်ရဲ့သိမ်မွေ့နက်နဲမှုကို၊ ၀ိုင်းပြီးမျှဝေခံစားဖို့၊ နောက်ပြီးတော့ သာသနာတော်ဟာ ကျ နော်တို့ တိုင်းပြည်ရဲ့ အသက်၊ ကျနော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ပြီးတော့ ကမ္ဘာ့ငြမ်းချမ်းရေးကို တည်းဆောက်နိုင် စွမ်းရှိတဲ့ တစ်ခုတည်းသော ဘာသာတရားလေ၊
သာသနာတော်လို့ ဆို လိုက်တာနဲ့၊ သာသနာတော်နဲ့ ဆက်စပ် နေတဲ့၊ သာသနာတော်ကို စတင်တည်ထောင်သူ ၊မြတ်စွာဘုရား။ ပြီးတော့ မြတ်စွာဘုရားရဲ့သင်ကြားချက်တွေ ဖြစ်တဲ့ဓမ္မ၊ နောက်တော့ သံဃာတော်တွေ၊ ကနေ့ထိ သာသနာတော် အတွက် အသက်ပေးခဲ့ကြကုန်သော၊ အသက်ပေးနေကြ ကုန်သော၊ ဘ၀တစ်ခုလုံး ပုံပြီး သာသနာ့တော် အတွက် တာဝန်ထမ်းရွက် နေကြကုန်သော.. သံဃာတော်တွေပါတယ်
ပြီးတော့ ဥပသကာတွေ၊ ဥပသကီတွေ ရှိနေတယ်၊နောင်လာမဲ့ မျိုးဆက်တွေ လက်ထဲကို၊ ဘုရားအလိုတော်ကျ ဘုရားဝါဒကို ၊ကျနော်တို့ ချပေးနိုင်အောင် ၀ိုင်းပြီးလုပ်ရပါ့မယ်၊ ရင်ထဲ ကိန်းအောင် ပျိုးထောင်ပေး၇ပါလိမ့်မယ်၊ ဗုဒ္ဓဘာသာ လို့ အမည်ခံထားသူတိုင်းမှာ၊ ဒီတာဝန်ဟာ သမိုင်းပေးတာဝန်ပါ၊ မသိသလိုနေကြရင်.. မသိသလိုပြဲဖစ်သွားလိမ့်မယ်
သာသနာတော်ကို၊ဘုရားကို၊ တရားတော်ကို၊ သံဃာတော်ကို ရင်မှာမရှိပဲ၊ နုတ်ဖျားလုပ်ယုံလေးနဲ့တော့ လူကြား ကောင်းယုံလေး မချစ်ကြပါနဲ့လို့ တောင်းပန်လိုပါတယ်၊ တစ်ခြား ဘယ်သူ့ကိုမှ လည်းအဲ လိုရင်ထဲ မရှိပဲနဲ့ ချစ်ကြရင် ဒုက္ခပေးသလိုဖြစ် တတ်တယ် လေ၊။
ချစ်ခြင်းရဲ့ တခြားသော မျက်နာစာမှာ၊ ကိုယ်ချစ်တဲ့ သက်ရှိ၊ သက်မဲ့ အရာအားလုံး အတွက် အနစ်နာခံ စွန့်လွတ်မှု၊ ၀မ်း မြောက်ဝမ်းသာ ပေးဆပ်လိုမှုနဲ့ ပေးဆပ်မှုဟာ၊ မိုးကောင်းကင်နဲ့ တိမ်တိုက်တွေ လို၊ မီးနဲ့ မီးရောင်လို၊ ခွဲခြားလို့ မရ ဘူး၊ ဒီတော့ ချစ်ရင် အနစ်နာခံပါ၊ အနစ်နာခံမှုမရှိတဲ့ ချစ်ခြင်းဟာ၊ ရနံ့ကင်းတဲ့ပန်း၊ ဆားမပါတဲ့ဟင်း လိုပဲ.. ဘာမှလုပ် လို့မရ ဘူးလေ။
ကျနော်ကတော့ အဲလိုပဲမြင်တယ်၊ နားလည်တယ်၊ ကျင့်တယ်၊ သာသနာတော်ဟာ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်မှန်း၊ သိနေရက်နဲ့၊ ဘရမ်းဗတာ ဖြစ်ခွင့်ပေးထားရင်၊ သာသနာတော်ကို လုပ်ချင်သလိုလုပ်၊ ငါမလုပ်ရင်ရပြီလို့ သဘောပိုက်ပြီး နေကြရင် နောင်အနှစ်တရာ၊ ဗမာပြည်မှာ စစ်မှန်တဲ့ သာသနာတော် ရှိနေပါဦးမလား?
ဘူတန်လို၊ အိန္ဒိယလို၊ တိဗက်လို၊ တခြား ဗုဒ္ဓဘာသာ ရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေလို ဖြစ်မသွားနိုင်ဘူးလား? ဘုရားရှင် သက်တော်ထင်ရှား ရှိနေစဉ်က၊ မဟာသတိပဋ္ဌာနသုတ် ကိုဟောတော်မူခဲ့တဲ့ ကုရုတိုင်းဟာ၊ ယခုတိဘက်ပြည်နေရာပါလို့ ကန္နီဆရာတော်ကြီး ပြုစုတော်မူတဲ့ သစ္စာပါရဂူ၊ ယောဂီပါရဂူ ကျမ်းတွေမှာ အတိအလင်း တွေ့ရတယ်၊ ဒီလောက် သာ သနာတော်အတွက် အရေးကြီးတဲ့ မဟာသတိပဋ္ဌာနသုတ် ကိုဟောခဲ့တဲ့ တိဗက်မှာ သာသနာတော်ရဲ့အနစ်အသား ဖြစ်တဲ့ ၀ိပဿနာတရားတော် မကျန်ခဲ့ဘူးလို့ ထင်ရပါတယ်၊ ဘာကြောင့်လည်း ဆိုတာကိုတော့ သမိုင်းပညာရှင်နဲ့ သုတေသီတွေ ပိုပြီးသိမှာပါ၊။
အခုအွန်လိုင်းပေါ်မှာ. .တချိန်တုံးက ၀ိနိစ္ဆယ ချထားပြီးဖြစ်တဲ့ ဗာလဓမ္မတွေ ပြန်ပြီး အသက်ဝင် လာနေသလို၊ ဘုရားတောင်မှ မှားနေတယ်လို့ ပြောတဲ့အသံတချို့ လည်း ကြားနေရပါတယ်၊ ဒါ သာသနာတော်အတွက် မကောင်းတဲ့ဟာ တွေပါ၊ ပြီးတော့ ရါပ်သာတောင် ခြေတစ် လှမ်း မထိုး ဘူးတဲ့သူများက သောတပန်ဖြစ် နေကြတာကို ကျနော့်မိတ်ဆွေ ဆရာဝန်ကြီး ပြောတာ သိရတယ်၊ ရင်မောပါတယ်၊ ။
တကယ်တမ်း တရားတော်ကို သိချင်တတ်ချင် နားလည်ချင်ရင် ဆရာရှာပါ၊ သေသေချာ ချာ သင်ပါ၊ အားထုတ်ပါ လို့မေတ္တာရပ်ခံခြင်ပါတယ်၊ လက်ထပ်သင်မှ ရတာပါ၊ ဥပသကာတို့ ညံ့တယ်ပြော လည်း ရပါတယ်၊ စာဖတ်တာ နဲ့ လက်တွေ့ လုပ်တာဟာ တစ်ခြားစီပါ၊ ရိပ်သာတစ်ခု တည်းမှာတင် အချိန်ယူပြီး (၁) လ (၂) လလောက် လုပ်ကြည့် စေချင်ပါတယ်၊ ဘယ်နည်း ကောင်းတယ် ဆိုတာကိုတော့ ကိုယ့် တိုင်ရွေးချယ်ရမှာပါ။ ရမ်းလုပ် ရမ်းပြောတာနဲ့ လုပ်ကြည့်ပြီး ပြောတာ ကွာပါတယ် စာဖတ်ရုံသက်သက်၊ တွေးတောကြံစည် နေရုံ သက်သက်နဲ့ ဘုရားဆို လိုတဲ့ သစ္စာတရားကို ဘယ် တော့မှ မသိပါ ဘူး၊ ဆရာဆိုတဲ့ နေရာမှာလည်း လူဆရာ၊ ရဟန်းဆရာ၊ စာဆရာ အား လုံး လို ပါတယ်၊
ကျနော်ကိုတိုင်လည်း အမှားမကင်းခဲ့ပါ၊ ရိပ်သာက ထွက်ပြေးဖူးသလို၊ စိတ်ကြီးဝင်ပြီး ဓုတင်ဆောင်တာသေး မှတ်တတ်လူးအောင် ကြောက်လှန့် ထွက်ပြေးခဲ့ဘူး ပါတယ်၊ ထိုင်ရက် အိပ်ပျော်နေတာကို ဈန်ဝင်စားတေယ်လို့ ထင်ဘူး သလို၊ ဟို ပဲရောက်နေသလို ထင်ခဲ့ ဖူးပါတယ်၊ နောက်ဆုံးတော့ ဘာမှ မဟုတ်သေးမှန် သိလာ တယ်၊ အခု လည်း ဘာမှ မဟုတ်သေးပါလိုပြော လိုပါတယ်၊။ သာသနာတော်ရဲ့တကယ့် အနစှစ်ကို တွေ့ ချင်ရင်ဆရာကောင်းကို ရှာကြပါ လိုံ မေတ္တာရပ်ခံလိုက်ပါတယ်။
https://upasaka969.wordpress.com ပါ
9 Comments
  1. June 12, 2009 at 11:33 am
    တရားသာ အားထုတ်ပါအကို…
    ကမ္ဘာ့လူသန်းခြောက်ထောင်ထဲမှာ တရားကိုကျကျနနအားထုတ်နိုင်တာ
    နည်းနည်းလေးပဲရှိပါတယ်
    သံသရာကဆည်းပူးလာတဲ့ ပါရမီကုသိုလ်ကြောင့် ယခုလိုအားထုတ်ခွင့်ရှိတာ
    အင်မတန်ကံကောင်းကောင်းတွေပြုခဲ့လို့သာပါ
    ……
  2. မင်းဒင် said,
    June 12, 2009 at 12:17 pm
    နောက်ဆုံးတော့ ဘာမှ မဟုတ်သေးမှန်သိလာ တယ်၊ အခု လည်း ဘာမှ မဟုတ်သေးပါလိုပြော လိုပါတယ်၊။ သာသနာတော်ရဲ့တကယ့် အနစှစ်ကို တွေ့ ချင်ရင်ဆရာကောင်းကိုရှာကြပါ လိုံ မေတ္တာရပ်ခံလိုက်ပါတယ်။ .. .အဲဒီအပိုဒ်ကို အကြိုက်ဆုံးပဲဗျာ။
    ခင်မင်လျက်
    မင်းဒင်
  3. June 12, 2009 at 3:01 pm
    အစ်ကို စိတ်မညစ်နဲ့နော… ဆက်လျှောက်ကြတာပေါ့… ညီ့ကိုလည်း အားရင် လမ်းပြပါဦး…
    လေးစားခင်မင်လျက်
    ညီငယ်
    ဖိုးသား
  4. June 12, 2009 at 7:52 pm
    ချစ်ရင်အနစ်နာခံပါ၊အနစ်နာခံမှုမရှိတဲ့ချစ်ခြင်းဟာ၊ရနံ့ကင်းတဲ့ပန်း၊ဆားမပါတဲ့ဟင်းလိုပဲ..ဘာမှလုပ် လို့မရ ဘူးလေ။
    အဲဒီအပိုဒ်ကို အကြိုက်ဆုံးပဲ။ စကားမစပ် စာတွေက ဘောင်ထဲကနေ အပြင်ကို ကျွံထွက်နေတယ်
  5. June 13, 2009 at 11:24 am
    သာသနာတော်ဟာကျနော်တို့အတွက်အဖိုးမဖြတ်နိုင်မှန်း၊သိနေရက်နဲ့၊ ဘရမ်းဗတာဖြစ်ခွင့်ပေးထားရင်၊သာသနာတော်ကိုလုပ်ချင်သလိုလုပ်၊
    ငါမလုပ်ရင်ရပြီလို့သဘောပိုက်ပြီးနေကြရင်နောင်အနှစ်တရာ၊ ဗမာပြည်မှာစစ်မှန်တဲ့သာသနာတော်ရှိနေပါဦးမလား?
    ဘူတန်လို၊အန္ဒိယလို၊တိဗက်လို၊တခြားဗုဒ္ဓဘာသာရောက်ခဲ့ဖူးတဲ့
    နိုင်ငံတွေလိုဖြစ်မသွားနိုင်ဘူးလား?ဘုရားရှင်သက်တော်ထင်ရှားရှိနေစဉ်က၊ မဟာသတိပဋ္ဌာနသုတ်ကိုဟောတော်မူခဲ့တဲ့ကုရုတိုင်းဟာ၊ယခုတိဘက်ပြည်နေရာပါလို့
    ကန္နီဆရာတော်ကြီးပြုစုတော်မူတဲ့သစ္စာပါရဂူ၊ ယောဂီပါရဂူကျမ်းတွေမှာအတိအလင်းတွေ့ရတယ်၊ဒီလောက်သာ သနာတော်အတွက်အရေးကြီးတဲ့ မဟာသတိပဋ္ဌာနသုတ်ကိုဟောခဲ့တဲ့ တိဗက်မှာ သာသနာတော်ရဲ့အနစ်အသားဖြစ်တဲ့ဝိပဿနာတရားတော်မကျန်ခဲ့ဘူးလို့ ထင်ရပါတယ်၊ဘာကြောင့်လည်းဆိုတာကိုတော့ သမိုင်းပညာရှင်နဲ့ သုတေသီတွေ ပိုပြီးသိမှာပါ၊။
    ဥပသကာရေ
    အလွန်တန်ဘိုးရှိတဲ့ ပိုစ့်လေးပါ
    ခင်မင်လျက်
    • Myat Chit Shin said,
      August 16, 2009 at 3:26 pm
ီDear Ma Thet Zin,
      I am so surprised to see your comment that there is no Vipassana meditation in Tibetan Buddhism. It is a plain and blunt error to assume like that. Since Tibetan Buddhism is, as the 14th Dalai Lama once said, the most complete form of Buddhism, there are various meditation paths including four foundations of Mindfulness (Vipassana). We can find many more paths rich and profound such as Mahamudra and Dzogchen ways. It seems to be that you are sleeping with arrogance of isolated Burmese Theravada Buddhists and missing the chance to see the overwhelming advent of Tibetan Buddhism on the world’s stage started from 1980 till date and it is still growing day after day. I dont want to blow trumpets on behalf of Tibetan Buddhism because most books and materials are quite available now and you can find online too. Based on my more than 10 years research and study on TB, I am writing an Introductory Book about Tibetan Buddhism in Myanmar Language in order to provide authentic information for the misled Theravada Buddhists in Myanmar.
  6. June 14, 2009 at 4:39 pm
    အကိုရေ
    လာလည်သွားတယ် ဘလော့ကို မဖျက်တာ အများကြီး ကျေးဇူးတင်သွားတယ် အကို့ဘလော့က ဘာသာ သာသနာ အတွက် အကျိုးများပါတယ် အနည်းဆုံး အနေနဲ့တော့ တထောင့်တနေရာက အကျိုးရှိတာ သေချာပါတယ်။ ဘာသာ သာသနာနဲ့ ပတ်သက်တဲ့ ပို့စ်တွေ လာမျှော် နေပါ့မယ်။ အကို့ ဘုန်းဘုရားဆီက တရားတွေကိုလဲ အကို့ဘလော့ကနေ တဆင့် နာချင်ပါသေးတယ်နော်
  7. drwinthein said,
    June 16, 2009 at 3:16 am
    သာသနာတော်ကို အလေးထားတဲ့သူ ရှိသလို သာသနာတော်ကို ပုတ်ခတ်စော်ကားကြသူတွေကလည်း ဒုနဲ့ဒေး ပါပဲ .. မြတ်စွာဘုရားလက်ထက်မှာတောင် သာသနာတော်ကို မလိုတမာ ဖျက်ဆီးချင်ကြတဲ့သူတွေ ရှိသေးတာ.. သူ့လမ်းသူသွားကြပါလိမ့်မယ် ကိုဥပသကာ.. ဘာပဲဖြစ်ဖြစ် သာသနာတော်အတွက် ရေးပေးဖြန့်ဝေပေးနေတဲ့အတွက် အားလုံးကိုယ်စား အထူးကျေးဇူးတင်ပါတယ် ကိုဥပသကာ..ချမ်းမြေ့ပါစေ
  8. June 22, 2009 at 4:15 pm
    အခုလို အဖိုးတန် ဘလော့တစ်ခုကို မဖျက်စေချင်ပါဘူးရှင်။ သာသနာအတွက် အကျိုးရှိတဲ့ ဒီဘလော့ ရေရှည်တည်တံ့ အသက်ဝင်ပါစေ…
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s
%d bloggers like this: