ဘလော့ဂါတစ်ဦးဖြစ်တဲ့ညီမနှင်းဆီနက်ကရေးပေးပါဆိုပြီးတက်ဂ်လာတာက၀ါသနာတဲ့လေ၊၀ါသနာဆိုတာဘ၀ အဆက်ဆက်က ပါလာတာမျိုးဆိုတော့ ဘုရားမှတပါး ဘယ်သူမှမစွန့်နိုင်တဲ့ဟာဆိုတော့ကျနော့်မှာလဲဝါသနာက ရှိနေပြီးသားပါ…။ စာအုပ်ရှာဖတ်ရတဲ့ဝါသနာ..ဟုတ်ပါတယ်..စာဖတ်ရတဲ့ဝါသနာအပြင်၊ရှားပါးစာအုပ်တွေကို မရရအောင်လိုက်ရှာဖတ်တတ်တဲ့ဝါသနာပါ၊မသက်သာဘူးဗျ၊ကိုယ်ဖတ်ချင်တဲ့စာအုပ်ကိုမဖတ်ရသေးသမျှတော့ရင်ထဲမှာအဆာမပြေဘူး၊ လိုက်ရှာတာပါပဲ၊ ထမင်းမေ့ ဟင်းမေ့ တင်မဟုတ်ပါဘူး၊ ထမင်းငတ်ဟင်းငတ်အထိပါဗျာ
ဟုတ်တယ်တခါတုံးက အရှင်နန္ဒ၀ံသ MA ရဲစာတွေ လိုက်ရှာတာထမင်းဖိုးတောင် မကျန်ခဲ့ လို့ထမင်း ငတ်ဖူးသလို၊ဆရာကြီးသခင်ဘသောင်းရဲ့ ဗုဒ္ဓ၏စင်္ကြ၀ဠာတရား တော်ကို ဒုတိယအကြိမ်မထွက် ခင် လေးမှာချင်းတွင်းမှာသွားဝယ်တာ၊ဈေးကလည်းကြီးနေတော့၊စဉ်စားနေရင်းနဲ့ပိုဖတ်ချင်လာလေ၊ မျက်စိထဲကစာအုပ်ကမထွက်တော့ဘူး ၊မျက်လုံးမိတ်လည်းစာအုပ်မျက်နှာ ဖုံးကပေါ်နေတော့တာပဲ ဒီလောက်ဖြစ်နေ မှတော့ဝယ်မယ် ဆိုပြီး ရှိသမျှပိုက်ဆံအကုန်အစင်ဝယ်လိုက်တယ် ဒီတုံးကတောင် (7000) ဆဆိုတာတော်တော်များနေတဲ့ အနေထားပဲါ၊ ကျနော်သုံးလေးရက်လောက် ထမင်းလွတ်သွားတယ်ဗျ ၀ါသနာလေ ဒီလိုနဲ့နောက်ပိုင်းတော့ စာအုပ်တွေကိုရှာဖတ်ဖြစ်တယ် နောက်ကဆရာကြီး ဦးအေးမောင်ရဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ စာအုပ်ကသုံအုပ် ကျနော်ဖတ်ရတဲ့အချိန်က 1989 မှာပါ ကျနော့်ကိုဗေဒင်တွေသင်ပေးတဲ့ ဆရာကြွယ်ဆီ မှာဖတ်ရတာ ဆရာကဒီစာအုပ်ကိုယုယုယယ ကိုသိမ်းထားတာပါ ထွက်တာက လည်း(1971) ကတည်းကဆိုတော့လည်း ကြာနေပြီလေ ဒီတော့ကျနော့်မျာဝယ်တောင်းလို့ လည်းမရ လိုချင်တာကလည်းအပိုင်ကျနော်လိုက်ရှာမယ်ဆိုပြီးကျိတ်ထားလိုက် တယ်ထိုက်တန်ရင်တော့ရောက်မမှာပေါ့လေ ဒီလိုနဲ့ဒီစာအုပ်ကို အနံ့ခံနေလိုက်တာ ရောင်းမဲ့သူတွေ့ပြီ ဈေးခေါ်တော့ ကျနော့်အတွက်ကများနေတယ် တစ်အုပ်ကို 5000 ကရောင်းဈေးမလျှော့တော့ဘူးဆိုတော့ လည်း ကျနော့မှာလေ အလုပ်လိုက်လုပ်ရတယ်ပေါ့ဗျာ စာအုပ်ဝယ်ဖို့ မတတ်နိုင်ဘူးလေ ဖတ်ခြင်နေတာကိုး နောက်ဆုံး အဟောင်းတွေ ၀ယ်တဲ့ဒိုင် တွေဆီတောင် စာအုပ်ဟောင်း ရရင် ကျနော်ကိုရောင်းဖို့ မှာရတယ် ဗျ၊သူတို့ လည်းရောင်းတာပေါ့ဗျာ ဒီဆိုင်တွေကျေးဇူးကြောင့်ပဲ အရမ်းရှားနေတဲ့ စာအုပ်တချို့ရောက် လာတယ် လေ ပြီးတော့ ကျနော်ကျေးဇူးတင်ရတဲ့ အစ်ကိုကြီးတွေ အခုထက်ထိပေါ့လေ သူတို့ကလည်းစာသရဲတွေ လေ ကျနော်မှာတဲ့စာ အုပ်မှန်သမျှကို အလုပ်ပျက်အကိုင်ပျက် ခံပြီးရှာပေး မရရင်မိတ္တူကူးပေး ကိုသောင်းတင်တဲ့ ယောဂီပါရဂူ အစရှိတဲ့ ကန္နီဆရာတော်ကြီး ကျမ်း စာ တော် တော်များ များ ကို မန်းလေကနေ ပို့ပေး တာ ပြီးတော့ အစ်ကိုကြီးသန်းညွန့်
က ဓမ္မစေတီရဲ့ဆရာလို့ဆရာတော် ကိုယ်တိုင်ပြောတဲ့ ဖိုးဝန်းတောင်ဦးညွန့်ရဲ့ နေညတ္ထိဝိပဿနာကျမ်း နဲ့ တချိန်တုံးက ၀ိနိစ္ဆယချထားပြီး ဖြစ်တဲ့ ဆူးလေဓမ္မကထိကဆရာကြီး ဦးမြင့်သိန်းရဲ့ စာတွေ အခုခေတ်စားနေတဲ့ ထေရ၀ါဒ သမ္ပဒါတို့ အ၀ိဇ္ဖာမှဝိဇ္ဖာ ဆိုတဲ့တရားတွေရင့်အရင်း အမြစ်ဟာ ဆူးလေဆရာကြီးဦးးမြင့် သိန်းရဲ့ အရင်း မြစ်ပေါ့လေ သိချာ သိ ချင်ရင်တော့ ဒီဆရာကြီးရေးတဲ့ အမ္ဘူတဒီပနီ ကိုသာရှာဖတ်ကြည့်ကြပါ လို့ တိုက်တွန်း ချင် ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုကွာလည်း သိလိမ့်မယ်ထင်ပါတယ် ကျနော့်မှာ မကောင်းတဲ့ အကျင့် ၀ါသနာက ဘာကြောင့်လည်းဆိုတာသိချင်တာလည်း ပါတယ်၊ ပြီတော့သဘာဝအလှကိုရော ခံစားစောင့်ကြည့်တာ သဘာဝကိုသိချင်တာ လည်း ပါတယ် လို့ပြောရပါ့ မယ်။
မနက်အာရုံတတက်ချိန်တွေ ၊ညနေနေ၀င်ချိန်တွေ ၊ပြီးတော့တောတောင်တို့ရဲအလှတွေ၊မြစ်တွေရဲ့အလှတွေ၊ ကိုကြည့်ပြီး ကျေနပ်နေတတ်တယ်၊ အဲလရောင်ချိုတဲ့ ညဘက်တွေလည်းမေ့ထားလို့မရဘူး လရောင်တွေ တိမ်တိုက်တွေ၊ လေအလိုက်နဲ့ကတဲ့ နှင်းကချေသည်တွေ..ကျနော့်အဖို့တော့ အကုန်လှနေပါတယ် ဒီလိုသဘာဝ အလှတွေကိုချစ်တတ်ပါတယ် စိတ်ကူးယဉ်တယ်လို့ပြောလို့ရပါတယ် မနာ ဘူး ကိုယ်ကမှချစ်နေတာကိုး တခါတုံး က ပြောရဦးမယ် ဆရာတော်ကြီး ကျနော့်ငယ်ဆရာက သူ့အလုပ်စခန်းသွားဖို့ ကျနော့်ခေါ်တော့ ကျနော်လိုက်တယ် ဘယ်နေရာသွားမယ်ကြိုမပြောတတ်ဘူး ကျနော်လည်းမမေးရဲ တခါတလေ ဇင်ကျိုက်၊ တခါတလေ ဖိုးဝန်းတောင်၊ တခါတလေ ဒါးသွေးချေင်းရေတံခွန် မနည်းဘူးသွားတတ်တာ ကျနော်က ကျောင်းပိတ်ချိန်နဲ့ ကြုံရင်လိုက်ရတတ်တယ် ..ထားပါတော့ ကျနော်တို့တနသာင်္ရီတိုင်း ထားဝယ်ပိုင် ကလိန်အောင်ဆံတော် ရှင် အနောက်ဖက်စုနားမှာ လူသိနည်းတဲ့ ဂမုန်းတောင်ဆိုတာရှိရဲ့ နာမယ်တော့အမှန်မဟုတ် အရမ်းရှားတဲ့ဂမုန်တွေပေါတဲ့တောင်မို့ ကျနော်ကပေးလိုက်တာ တကယ် ဗျာ ပတ္တမြား ဂမုန်းတွေများ ပွင့်နေလိုက်တာ လှနေတာပဲ၊ ပြီးတော့ မီးကွင်း၈မုန်းတွေဆို လား ရှိတယ် တခြား ကျနော်မသိတဲ့ ဟာတွေ၊ပြီးတော့ သစ်ခွတွေ လှတယ် ဗျ၊ အလောင်းတော်ကဿပ ကိုသွားတဲ့ လမ်းတွေမှာရှိတဲ့သစ်ခွတွေလိုပဲ
တချို့ပြာ၏ တချို့ဝါ၏ တချို့ခရမ်း တချို့မိုးပြာ တချို့က ရွှေရောင်လေး အရမ်းရှားပါး လွန်းတဲ့ သဇင်ပျံလို့ခေါ်တဲ့
သဇင်နီကို အဲဒီနေရာမှာတွေးဖူးတာပါ်၊ ဘာဖြစ်လို့ လဲမသိ အဲဒီသဇင်က အခုဒီနေရာမှာရှိပြီး ခဏလေးမှာ တခြားနေ ရာကိုရောက်သွားတတ်တယ်၊သဘာဝလား ဘာ လားတော့မသိ ပြောင်းတာကတော့တကယ်၊ အဲထားတော့လေ ။
ဆရာတော်အလုပ် လုပ်ရင် ကျနော်က ပန်းလိုက်ကြည့်တယ် လမ်း လည်းမမှားအောင် သတိနဲ့နေရတာ ပ၊
ဆရာတော်ပြောထားတဲ့နေရာပဲသွားတာပါ တခြားနေရာတွေမသွားရဲဘူး သေချာတာက အဲလိုတောထဲတောင် ထဲအေးချမ်းစွာနေရ တာကိုပဲအရမ်းပျော်တယ်၊ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ အေးမျှလိုက်မလဲ အမုန်းကင်း
ဒေါသကင်း လောဘကင်း မာယာကင်း ဟန်ဆောင်မှုတွေကင်းပြီး အေးချမ်းလို့လေ၊
အဲ လိုပန်းတွေသဘာဝတွေကြည့်တာ လည်းဝါသနာပါတယ်။
ကျနော့်ဝါသနာထဲမှာ သီချင်းနားထောင်ရတာပါတယ်လို့ပဲမှတ်ပါနော် သီချင်းကြိုက်လို့။
လေးစားစွာဖြင့်…ဥပသကာ
ရောင်ပြန် said,
June 17, 2009 at 3:06 am
111111111111111..
တော်လိုက်တာနော်…
ဝါသနာတော်တော်တူတာပဲ…:)
Dream said,
June 17, 2009 at 3:09 am
ဦးကာကြီးကလဲ သီချင်းနားထောင်တာ ၀ါသနာ ပါတာပဲလား…
တူပြန်ပြီ… 🙂
မင်းဒင် said,
June 17, 2009 at 3:23 am
ကိုယ့်ညီလည်း စာအုပ်သရဲ ပါပဲလား ။ ဗဟုသုတ စုံတဲ့ စာရင်းမှာ ထည့်ရလိမ့်မယ် ။ မြှောက်တာ မဟုတ်ဘူးနော် ။ စာတွေ အများကြီး ရေးစေချင်ပါတယ် ။
ခင်မင်လျက်
မင်းဒင်
cuttiepinkgold said,
June 17, 2009 at 4:18 am
ဝါသနာတွေ လာတူနေပါလား အကိုရေ
မသက်ဇင် said,
June 18, 2009 at 6:31 am
ဥပသကာရေ
အေးအေးဆေးဆေးထပ်လာမန့်ပါအုံးမယ်
ကျမဘလောဂ့်လေးတနှစ်ပြည့်ပြီ
ခင်မင်လျက်
Dr. Tint Swe said,
June 18, 2009 at 8:35 am
ဥပသကာ
ဝါသနာဘဲဆိုစို့ဗျာ။ သတ်ပုံကလေးပြင်ချင်တယ်။ မနက်အာရုံကို အရုဏ် လို့ပေါင်းပါတယ်။
အလှတရား said,
June 18, 2009 at 12:15 pm
အသံတိတ်တဲ့လူတွေဖြောင့်ဖြောင့်နဲ့ကို တော်တယ်ဗျို့…။
yegyi said,
June 18, 2009 at 12:19 pm
ဗုဒ္ဓ၏စင်္ကြ၀ဠာတရား စာအုပ်ကို ညီလည်း ဖတ်ဖူးတယ်အကို
ခွန်မြလှိုင် said,
June 18, 2009 at 4:10 pm
အကိုရေ ၀ါသနာတွေက တူပ… ပြင်ပ ဗဟုသုတစာအုပ်တွေ ၀ယ်ရင် ကျောင်းစာ တမျိုးတည်းပဲ လုပ်စေချင်တဲ့ အဖေက ဆူလွန်းလို့ ၁၉၉၇ ခုနှစ်က ရွှေတကျပ်သား ၃သောင်းခေတ်က စာအုပ် ဈေးပွဲတော်ကို ခိုးသွားပြီး တရက်တည်းနဲ့ စာအုပ်တသောင်းဖိုး ၀ယ်ပစ်ခဲ့တယ်။ ပြီးတော့ သူငယ် ချင်း အိမ်မှာ သွားထားပြီး တလ ၃အုပ်နှုံးနဲ့ သူငယ်ချင်းဆီက ငှားဖတ်တာလိုလို လက်ဆောင် ပေးတာ လိုလိုနဲ့ အိမ်ကို ပြန်ခိုးသွင်းခဲ့ရတယ် အဲလောက်ပိုက်ဆံ အိမ်က မသိဘဲ ဘယ်က ရလဲ ဆိုရင် ဆယ်တန်းဂိုက် လုပ်တာ တစ်ယောက် လေးထောင်နှုံးနဲ့ မို့ပါ။ ရသမျှ လခ မုန့်တကျပ်ဖိုး ၀ယ် မစားဘဲကို စာအုပ်ဝယ်ခဲ့တာလေ။ အဟောင်းပုံက ဆိုရင် သိမ်ဖြူဆရာတော်ရဲ့ ပုံပြဆေးအဘိ ဓာန် အတွဲလိုက်၊ ဆရာပါရဂူရဲ့ စာအုပ်တွေ၊ စွယ်စုံကျော်ထင်ကျမ်းနဲ့ ဦးပုည တေးထပ်ပေါင်းချုပ်၊ ရေးရင် မနက် မိုးလင်းသွားလိမ့်မယ်အကိုရေ.. ဒါတောင် စာအုပ်တော်တော် များများက ၀ယ်စရာ မလိုဘဲ ငယ်ဆရာရင်း ဆရာတော် ရဝေထွန်းတို့ ပဋိကတ်တိုက်မှူး ဆရာတော် မာဂဓီ- သာစည် တို့ ဆီကနေ စိတ်ကြိုက် သွားဖတ်နေနိုင်လို့…
အဲ အကို့လိုပဲ ဂွကျတဲ့ ၀ါသနာက ကိုယ်ဖတ်ထားတဲ့ စာတွေ များသလောက် သာသနာရေးနဲ့ ပတ်သက်ပြီး သူများတလွဲ ရေးထား ရင် မထောက်ပြ ရရင် မနေနိုင်တာပါပဲ။ အမှားကြာလို့ အမှန် ဖြစ်မှာကို ဘယ်လိုမှ လက်သင့် မခံနိုင်လို့ပါ။ အဲဒီ အကျင့်ကိုလဲ ဆရာတော်တွေ ဆီက အမွေ ရခဲ့တယ် ထင်ပ။ ဆရာတော် မာဂဓီ- သာစည် နှုတ်တိုက်ချ ပေးခဲ့တဲ့ သံပေါက် ကဗျာလေးလဲ ရှိတယ်လေ
ဗုဒ္ဓမြတ်စွာ လောင်းလျာ တုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ကျင့်ခဲ့သည်
ဗုဒ္ဓမြတ်စွာ သာသနာ အတွက်ဆို
ငါပါ အသက်ဆုံးစေမည်
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်တဲ့
သက်တော် ၅၇နှစ်မှာ လေဖြတ်ပြီး စာမဖတ်နိုင် စကားမပြောနိုင် ဖြစ်ခဲ့တာတောင် ပြန်ကြိုးစားပြီး နောင်လာ နောင်သား တွေ အတွက် ကျမ်းစာ အသစ်တွေ ထပ်ပြုစု နိုင်ခဲ့တဲ့ ကိုယ့်ဆရာတွေရဲ့ မျက်နှာနဲ့ ကြိုးစားမှုကို ရှက်လို့ ညီမတော့ သာသနာတော် သန့်ရှင်းရေး အတွက် နိုင်သလောက် ကြိုးစားဦးမယ် အကိုရေ… ညီမထက် စာဖတ် ပိုနာတဲ့ အကို့ကိုလဲ ပူဆာ ပါ့မယ် .. တွဲခေါ်ပါလို့။
drwinthein said,
June 19, 2009 at 3:55 am
ကိုဥပသကာရဲ့ ၀ါသနာတွေကို လာဖတ်လေ့လာသွားပါတယ်.. ချမ်းမြေ့ပါစေ ကိုဥပသကာ…
မိုးခါး said,
June 19, 2009 at 5:41 am
စာအုပ်သရဲပဲပေါ့ .. 😀
ပန်းခရေ said,
June 19, 2009 at 6:35 am
အော်..
ငါ့အစ်ကို စာအုပ်ဝါသနာကြီးချက်ကတော့..တစ်ကယ်ပါပဲလား..
တန်ဖိုးကြီးစာအုပ်တွေကိုဖတ်လိုက်ရတဲ့ တန်ဖိုးက ထမင်းဟင်းငတ်တာနဲ့လဲရတာ ပိုတန်ကြေးရှိပါတယ်..။
စာအုပ်အရမ်းဖတ်တဲ့အစ်ကို့ကို လေးစားတယ်..
စာအုပ်စာပေလူ့မိတ်ဆွေတဲ့..အနော်တို့အဲလောက်မဖတ်နိုင်ဘူး..
အဲလောက်မဖတ်လို့လဲ အသိသိပ်မရှိတာပေါ့..။
စာပေက လူတစ်ယောက်ရဲ့အသိကိုပိုတိုးစေတယ်လေ..။
ညီမလေးထင်တာလေးပါ..။ ဗေဒင်ဟောတာောတ့ တစ်ကယ်မှန်တယ်အစ်ကိုရေ
ထပ်ဟောပေးပါအုံး ..း)
မိုးသွေးငယ် said,
June 19, 2009 at 11:15 am
အကို ဝါသနာက တော်တော်တူတယ်ဗျာ။နောက်ဒီလိုမျိုးတူတဲ့သူတွေလည်း တွေ့နေရပါတယ်။ရောက်ခဲ့ပါတယ် အကို အိပ်သစ်လေးကို။အဆင်ပြေအေးချမ်းပါစေဗျာ။
ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်သူ
ဂျေဂျူဝိုင် said,
June 19, 2009 at 3:16 pm
ပထမဆုံး အကြိမ်ရောက်ဖြစ်တဲ့ ဆိုက်လေးမို့ စာမဖတ်ပဲ ပြန်သွားပါတယ်။ အိ….
YoungGun said,
June 20, 2009 at 1:38 pm
ဝါသနာတူဆိုပေမယ့် အစ်ကို့စိတ်ဓာတ်ပြင်းထန်မှုအားထုတ်မှုကို တစ်ဝက်တောင်မမှီသေးပါဘူး။ လေးစားမိပါတယ်။ ကျမ်းတွေကနေ ဖောက်ထွင်းသိမြင်သွားနိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းချင်ပါတယ်။
July dream said,
June 21, 2009 at 2:11 am
ဝါသနာက ဒီလို ရှိတယ်ပေါ့နော်… စာဖတ်ဝါသနာချင်းတော့ တူတယ်။ ဒါပေမယ့် လိုင်းမတူဘူး။ အဟီး…
ကဗျာဦး said,
June 21, 2009 at 6:34 am
၂၀ ရာစု Nuclear physics မပေါ်သေးမီအထိ ရုပ်ခိုင်မာမှုဝါဒ ဟာ လူကြိုက်များခဲ့ပါတယ်။
အမေရိကန်နဲ့ရန်ဖြစ်ပြီး တရုတ်ကိုအားကိုးပေါက်ဆိန်ရိုးနအဖ
၂၁ ရာစုရောက်တာတောင် နအဖက စစ်အစိုးရက ခေတ်နောက်ပြန်တုံးလေ
တရုတ်အားကိုးတယ်
ရုပ်ဝါဒယုံကြည်တဲ့ ရုရှးကို စစ်ဗိုလ်တွေလွှတ်ပြီးပညာသင်ခိုင်းတယ်
မြောက်ကိုရိးယားနဲ့ပေါင်းပြီးအနုမြူစက်ရုံထောင်ဖို့လုပ်နေတယ်
ဟားးးးးးးးးးဟားးးးးးးးးဟားးးးးးးးးးး
နအဖကတကယ့်ကို ရုပ်ဝါဒသမားစစ်စစ်ပဲ
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ကဗျာဦး said,
June 21, 2009 at 6:35 am
ဥပသကာ
ကိုအလှတရားဆီမှာတွေ့လို့စိတ်တိုပြီးရေးလိုက်တာ
ဖျက်လို့ရတယ်
ကဗျာဦး said,
June 21, 2009 at 6:36 am
၂၀ ရာစု Nuclear physics မပေါ်သေးမီအထိ ရုပ်ခိုင်မာမှုဝါဒ ဟာ လူကြိုက်များခဲ့ပါတယ်။
အမေရိကန်နဲ့ရန်ဖြစ်ပြီး တရုတ်ကိုအားကိုးပေါက်ဆိန်ရိုးနအဖ
၂၁ ရာစုရောက်တာတောင် နအဖက စစ်အစိုးရက ခေတ်နောက်ပြန်တုံးလေ
တရုတ်အားကိုးတယ်
ရုပ်ဝါဒယုံကြည်တဲ့ ရုရှးကို စစ်ဗိုလ်တွေလွှတ်ပြီးပညာသင်ခိုင်းတယ်
မြောက်ကိုရိးယားနဲ့ပေါင်းပြီးအနုမြူစက်ရုံထောင်ဖို့လုပ်နေတယ်
ဟားးးးးးးးးးဟားးးးးးးးးဟားးးးးးးးးးး
နအဖကတကယ့်ကို ရုပ်ဝါဒသမားစစ်စစ်ပဲ
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ကဗျာဦး said,
June 21, 2009 at 6:36 am
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ကဗျာဦး said,
June 21, 2009 at 7:01 am
မကြိုက်ရင်ဖျက်လို့ရတယ်
ကိုအလှတရား ဘလောက်မှာတွေ့လို့ရေးလိုက်တာ
ကိုအလှရေးထားတဲ့
၂၀ ရာစု Nuclear physics မပေါ်သေးမီအထိ ရုပ်ခိုင်မာမှုဝါဒ ဟာ လူကြိုက်များခဲ့ပါတယ်။
အဲဒီစာကြော င်းကိုတွေ့လို့
၂၁ ရာစုရောက်တာတောင် နအဖက စစ်အစိုးရက ခေတ်နောက်ပြန်တုံးလေ။တရုတ်အားကိုးတယ်
ရုပ်ဝါဒယုံကြည်တဲ့ ရုရှားးကို စစ်ဗိုလ်တွေလွှတ်ပြီးပညာသင်ခိုင်းတယ်
မြောက်ကိုရိးယားနဲ့ပေါင်းပြီးအနုမြူစက်ရုံထောင်ဖို့လုပ်နေတယ်
အမေရိကန်နဲ့ရန်ဖြစ်ပြီး တရုတ်ကိုအားကိုးပေါက်ဆိန်ရိုးနအဖ
ဟားးးးးးးးးးဟားးးးးးးးးဟားးးးးးးးးးး
နအဖကတကယ့်ကို ရုပ်ဝါဒသမားစစ်စစ်ပဲ
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ဘုရားတရားလေးစားသယောင်ဟန်ဆောင်တယ်
ကဗျာဦး said,
June 21, 2009 at 7:12 am
NLD ကို ကွန်မြူနစ်စွပ်စွဲနေတဲ့နအဖ
NLD နဲ့ဒေါ်စုကိုကွန်မြူနစ်စွပ်စွဲနေတဲ့ နအဖသူတောင်းစားတွေ
ko myo said,
February 20, 2011 at 8:37 am
free myanmar e books at :
http://www.scribd.com/myomyatt/shelf