ပန်မိတဲ့ ဆု

ဘယ်သောအခါမှ…….
ရင်မှာ မရှိ၊ မတွယ်ငြိပဲ
စိတ်ထဲရှိယောင်၊ဟန်ဆောင်ပလီ
ချိုသီစကား၊ငါ့နုတ်ဖျားမှ…

မပြောလို။ ။

ဘယ်သောအခါမှ…..
ယုတ်မာညစ်ညူး၊ဘီလူးလောဘ

လိုဆန္ဒကို၊ငုတ်လျိုရင်မှာ
ကာဖုန်းဝှက်ပြီး၊မျက်နှာချိုးထား
မာယာများနဲ့၊ချဉ်းကပ်လာသူမဖြစ်လို။ ။

ဘယ်သောအခါမှ……
တဏှာငွေမက်၊ ရောယှက်ထွေးနှေင်
ဟန်ဆောင် အချစ်၊စင်စစ်မဟုတ်
ဝတ်ရည်စုတ်ယုံ၊လူပုံဖန်ဆင်း
ရင်တွင်ဘီးလူး၊ရမက်ကြူးသော
လူယုတ်ယောက်ျား၊ မဖြစ်လို။ ။

ဘယ်သောအခါမှ
မျောက်ပြဆန်တောင်း၊သာပေါင်းညာစား

အထက်ဖားအောက်ဖိ၊လူအသိပျောက်
အဆင်းချောက်တွန်း၊မနောယုတ်မာ
လူသိက္ခာမဲ့၊ ဘုရားကဲ့ရဲ့
သူတော်မဲ့သော၊ယောက်က်ျားလူယုတ်မဖြစ်ပါလို
ပန်ဆုဆို၏။

မြက်ပင်၊ တိမ်တိုက်နဲ့ လူ

ညက တုန်းက လပြည့်ကျော် တစ်ရက်နေ့ဆိုပေမဲ့ လမင်း က အရမ်း ကို သာနေတယ်၊ လကြီးက ပိုပြီးဝိုင်းစက်လာ သလိုပဲ လေတချက်မွှေ့ လိုက်တိုင်း ဆောက်တည်ရာမဲ့တိမ်တိုက်တွေက …ပရမ်းပတာတွေဖြစ်ကုန်ရော.. ငွေနားကွပ် တိမ်တိုက်ဆိုတဲ့ ဂုဏ်တွေက နေ့ဖက်မှာ ကျန်ခဲ့ပြီလေ၊ အခုတိမ်တွေမှာ ငွေနားကွပ်မရှိတော့.. အကွပ်မဲ့ကြမ်း ပရမ်းပတာဆိုပေမဲ့ မိုးကောင်းကင်ကို ဟီးလေးခိုပြီး မာန်ဝင့်နေတဲ့ တိမ်တိုက်တွေ ၊လောကကြီးကို အပေါ်စီးကနေ ကြည့်နေမယ်ဆိုတဲ့ တိမ်တိုက်ပျံတွေ လေတစ်ချက်မွေ့တိုင်း ထားရာနေ စေရာသွားနေရတဲ့ ဗေဒါတပွင့်လောက်တောင်မှ တန်ဖိုးမရှိတော့။ လောကစကားနဲ့ဆိုရင်တော့ အပေါ်ထပ်အဆောက်အဦးက အနှစ်မဲ့ဘ၀တွေလို့ဆိုရမလား…

“သား မင်းသူတို့ကိုအားကျနေလား”

ကောင်းကင်ကို ဟီးလေးခိုပြီးတော့ နေကြတဲ့ တိမ်တိုက်တွေကို ကြည်ပြီးတော့ နေတဲ့ မြစ်ပင်ပုစုကွေးလေးကို မြက်ပင်အဖေက မေးတော့….

ဟုတ်ကဲ့ .. သားသူတို့ လိုဖြစ်ချင်တယ်” ဆိုတဲ့ မြက်ပင်ပုစုကွေးလေးရဲ့စကားကို မြက်ပင်အဖေက ကြားတဲ့အခါ…

“သားရေ.. အားမကျစမ်းပါနဲ့ မိုးကောင်းကင်မှာ နေရလို့ လွပ်လပ်တယ်မင်းထင်နေရင်တော့ မှားပြီ၊ သူတို့ခမျာ နေထွက်ပြီးအရမ်းပူ လာရင် ကျူးကျော်ရပ်ကွက်မှာ တဲတိုးပြီးနေတဲ့ လူတွေ လို ပဲ စစ် ဆေးရေးတွေရောက် လာရင် ဖယ်ပေး၊ ဖျက်ပေးရတယ်၊ နောက်ပြီး လေတိုက် လာတဲ့ အခါ စည်ပင်အခွန်မပေးနိုင်လို့လျှောက်ပြီးပြေးနေရတဲ့ လမ်းလျှောက်ဈေးသည်လို နေရာ တကျ မနေနိုင်ဖြစ်ရတယ်၊ ပြီးတော့ ကောင်း ကင်ရဲ့ ဘုရင်လို့ ပြောနေတဲ့ နေမင်းကြီးရဲ့အလို အရ နေ့တိုင်း မှာ အချိန်တိုင်းမှာ အရောင်တွေပြောင်းပြီး နေကြရတာ ပါကွာ သူများနှခေါင်းနဲ့အသက်ရှူနေကြတာ လေ။ ဘာလဲဟိုတခါက တိမ်တိုက်တွေနဲ့ရန်ဖြစ်ထား လို့စိတ်မကောင်း ဖြစ် နေလား ပြီးတော့ မြေကြီးပေါ်က နင်းပြား လို့ အခေါ်ခံရတာ ကို သားဝမ်းနည်းနေလား”

“ဟုတ်တယ်အဖေ..ဒီတုံးက သူတို့ဝတ်ထားတဲ့ အကျီက ငွေရောင်လေးတွေနဲ့သိပ်လှတယ်..အဖေရ”

“ အား..ငါ့သားအတု ခိုး မှာနေပြီ..ဒါက ခဏလေး အရောင်တင်ထားတာ.. အခုသားရှေ့ မှာ ရှိတဲ့ ကတ္တရာလမ်း လိုပဲ လူကြီးတွေ လာမှာ မို့ ခဏလေးကောင်းနေတာ ၊ လူကြီးတွေ လည်း ပြန်ရော လမ်းလည်း ပျက်ရော..ဒါသား လည်း တွေ့နေတာ ပဲ၊ အခု လည်း ကောင်း ကင် က ဘုရင် နေမင်း လာ လို့ ခဏငှါး ၀တ်တာ လေ နေမင်းကြီး ပြန်ရင် လူ လုပ်ထားတဲ့ လမ်း ထက် တောင် ငွေရောင် တွေ က ပျက် မြန်သေးဟ။

ပြီးတော့ သားရေ.. သူတို့ဘ၀ က သနားစရာပါ ကွာ သူတို့ပုံတွေကြည့် ပါလား တော် ကြာ ဘီလူး ပုံ ဖြစ် လိုက် တော်ကြာ မင်းသား ဖြစ်လိုက် တော် ကြာဂွမ်းပုံဖြစ်လိုက် ဇတ်မင်းသမီးတွေ လို အရောင် တွေပြောင်း လိုက်..မော လိုက်တာကွာ၊ အခု အဖေတို့ က မြက်.. လမ်းဘေးကမြက် မွေး လာတုံးကစိမ်းနေတယ် အခု အရွယ်ရောက် လာတော့် လည်း စိမ်းနေတယ်…

သေခါနီး သက် ကြီး မြက် ဖြစ် နေတာ တောင်မှ စိမ်းနေတုံး ပါ ကွာ၊ ဟို နား လမ်းထောင့် အိမ်က ကိုကြွယ် လိုစီး ပွားရေး သမားမျိုး အလုပ်ကွက်ရအောင် ဘယ်သူ့ဆီ ဘယ် လောက် ပေးရ၊ ဘာ အတွက် ဘယ် လောက်လှူရ မရှိဘူး ကွာ၊ အစိမ်းရောင် ဖြစ် ခွင့်ရ ဖို့ ဘယ် သူ့ ကို မှ ဟန် လုပ် ဖားနေစရာ မလို ဘူး ကွာ..နဂို ကတည်း ကအစိမ်းရောင်ပဲလေ… အခု လည်း စိမ်း မယ် နောင် လည်း စိမ်း မယ်ပေါ့ကွာ။။ ဟုတ်ပီ လား..

အမ်.. ဒီက အဖေပြောနေတာတော့ နား မထောင်ဘူး.. လူတွေ ရပ်ပြောနေတဲ့ စကား ကို နားထောင် နေတယ်…သား

မြက်ပင်ပြောတဲ့စကား ကို ပျင်းနေလား…

မဟုတ် ဘူး အဖေရ … လူတွေပြောနေတာ က နားထောင် ကောင်း နေလို့ ပါ..ဟို မှာကြည့်လေ အဖေ.. ကျနော် တို့ အရှေ့ အိမ်ကကျောင်း အမ ကြီးပြောနေတာ ဘယ်လောက်လှူပြီး ပြီ နောက် ဘာ လှူရမလဲ..ဆိုပြီးတော့.. အားကျလို့ ပါ.. အဖေရာ…။

အပြစ် မပြောချင် ဘူး သားရေ မင်း ငယ်သေးတာ ကိုး.. တခါတုံး ကသားပြောတဲ့ ကျောင်း အမကြီးက နာမည်ကျော်ဆရာတော် ကြီးတပါး ထိုင်တဲ့ကျောင်း မှာ မုခ်ဝ မလှူရ လို့ ပြန် ခဲ့တာဗျ ၊နာ မည်မပါရင် မလှူ ဘူး သားရေ…

ပြီးတောု သား မတွေ့ ဘူး လားစားစရာမရှိ၊ သောက်စရာ မရှိတဲ့ ကလေးတွေ လာရင် ခွေးနဲ့ တိုက် လွတ် တာ၊ တခါတုံး ကဆိုကောင် လေး တစ် ယောက် အကြောက် လွန်ပြီး ပြေးရင်း ငါ့ ပေါ်တောင် ရှူရှူးတွေ ပန်း ခဲ့သေး..ငါတို့ မြက် လေကွာ..သားရေ။

နေဦးသား အဖေမေးဦးမယ်..လူတွေက ပါးစပ်နဲ့ပြောနေတာ က တကယ်ကွာ ဘာမှမရှိရင် နေ အကျင့်တရားနဲ့ စိတ်ဓာတ် ကောင်းရင်ရပီဆိုတာ ဒါပေမဲ ဒီကိုယ်ကျင့်တရားတို့ ရိုးသားမှုတို့၊ သစ္စာရှိမှုတို့ နဲ့တင် တောင်လို့ ညားသွားတဲ့ သတိုးသမီးသတိုး သားရှိ လား.. မရှိ ဘူးနော်..ငွေနဲ့ ပစ်ဝယ်ပြီး လက် ဖွဲ့ ပစ္စည်း အဝေ မတည့် တာနဲ့ ညမအိပ်ပဲ ကွဲကြတာ ပဲ မြင် ဘူး ပါတယ်သားရေ။

ဒီတော့ လူ တွေ ကိုယ် ကျင့်တရားဖေါက်သလို .. ငါ့သား လည်း အပင် ကျင့်တရား မဖေါက်နဲ့ ငါတို့ အပင် တွေက ကာဗွန်တိုင် အောက်ဆိုဒ်ကိုရှူပြီးတော့ လူတွေ အတွက် အောက်စီဂျင် ကိုပြန် ထုတ် ပေးမယ်၊ ပြီးတော့ လူတွေခြေနဲ့နင်း လည်းကြီးပြင်းပေးရမယ်၊ ရေမလောင်းလည်း ရှင်သန် ပေးရမယ်၊ လူတွေ ဘာလုပ်လုပ် .. ငါတို့က အမြဲတမ်း ကြီး ထွားပြီး အစိမ်းရောင်ရှိနေအောင် လုပ် ဖို့ပဲစဉ်းစား ပါ ကွာ…။

ဟော..ပြောရင်းဆိုရင်း..လေတွေတိုက် လာပီ… မင်း အထင်ကြီးတဲ့ တိမ်တိုက် တွေ အမဲရောင် ပြောင်းပြီး ငိုရတော့ မယ်…။

လာသား အဖေတို့ လက် တွေ မြဲမြဲထား ပြီးတော့ အဖေတို့အရိပ် ကို ခို ဖို့ လာတဲ့ ပုရွက်ဆိတ်တွေကို လုံအောင် လွင့်မသွားအောင် ကာပေးထား… အပင် ကျင့်တရား နဲ့ ညီအောင် နေကြစို့သားရေ… မိုးရွာ လာပြီ…။ ။

အဖေတစ်ခု သမီးတစ်ခု

အဖေတစ်ခု သားတစ်ခု ဇာတ်ကားကို ကျနော် ငယ်ငယ်လေးတုံးကတော့ ကြည့်ဖူးတယ် အဲဒီရုပ်ရှင် ဇတ်ကားထဲမှာ ဦးစိန်မြင့် သရုပ်ဆောင်တာ ကောင်းလွန်းတော့ ပရိတ်သတ်တွေ ငိုကြ လွမ်းကြ.. နောက်ဆုံးဦစိန်မြင့်.. အကယ်ဒမီ ရခဲ့တဲ့ဇာတ်ကားပေါ့လေ။

အခုကျနော်ကတော့ ကံဇာတ်ဆရာလို့ပဲ ပြောရအောင်နော် .. ရိုက်နေတဲ့ အဖေတစ်ခု သမီးတစ်ခု ဇာတ်ကားကို ပီပြင်အောင် ကပြနေရတဲ့ သရုပ်ဆောင် ပေါ့ဗျာ။ ကျောင်းတွေက စာမေးပွဲပြီးတော့ အချိန်တွေပိုနေတဲ့ သမီးအတွက် ဘာ သင်ပေးရမလဲဆိုတာ ကိုတွေးနေမိတယ်.. တက်ရမဲ့ သင်တန်းတွေက တောင် ပုံရာပုံရှိနေတယ်.. ပြီးတော့ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေ ယဉ်ကျေးမှု သင်တန်းတွေကလည်း ရှိနေတော့.. ပေးတက်ရမလားပေါ့လေ စဉ်းစားနေရပြန်တယ်။

လောလောဆယ်တော့ ခဏနားခိုင်းထားပေမဲ့၊ နောက်တက်ရမဲ့ ပဉ္စမတန်းအတွက် စာတွေကိုကြိုကျက်နေတဲ့သမီးကို ကြည့်ရင်း ကျနော် ပင့်သက်ချနေမိတယ်၊ သူများနောက်မှာ နေကျန်ခဲ့ရမှာကို ကြောက်သောသမီး… စာကို ခင်တွယ်နေသော သမီး.. သမီးကို ပြန်ပြီးမေးတတ်အောင် လေ့ကျင့်ပေးခဲ့သော ကျနော့်ကိုယ် ကျနော် တခါတလေ အပြစ်တင်ချင်သည် ဘာကြောင့်မှ ပြန်ပြီးစောဒကတက်ခွင့် မရသော၊ ပြန်မေး ခွင့် မရသော ကျောင်းစာ ခန်းများတွင် စာ သင် ရမယ့် ခလေး ကို

ကျနော် သည် ပြန် မေးတတ်အောင် လေ့ကျင့်ပေးခဲ့ မိတာ ကို ပေါ့၊

ပြီေးတာ့.. သမီးစာဖတ်တာက ပို မြန် လာ သလို မှတ် လည်း မှတ်မိ လာနေတယ်၊ ဒီအကျင့် လည်း ကျနော် လုပ် ခဲံတာ ပါ မိသားစုရဲ့ အိမ်မက် ဆိုး ကို သမီးဆီရောက် မသွားစေ ဖို့ စိတ် ဓာတ် ကျမသွား ဖို့ ၊ ထွက်သမျှ ခလေး ဖတ်စရာ မှန်သမျှ၊ ရွှေသွေး၊ မိုးသောက် ပန်း ၊ရတနာ ပန်း ခင်း၊ ပုတုတုလေး၊ သူ ငယ်တန်းကတည်း က စာ လုံးပေါင်းပြီးဖတ် နေတဲ့ သမီး ၊နောက် တော့ ပုံပြင် တွေဖတ် လာတယ်၊ သူဖတ်ချင် သမျှကာ တွန်းရုပ် ပြစာ အုပ်များ ကို၊ ကျနော် ၀ယ်မပေး သည့် တိုင် အောင် ကျနော်တို့ မြို့ရဲ့ အကောင်းဆုံး စာ ပေလို့ပြော နိုင်တဲ့ ဘ၀သစ်စာပေက သူ ငယ် ချင်း က သူ့ စိတ် ကြိုက် မွေနှောက် ခွင့်ြ့ပုထား တာ မို့၊ စာ ဖတ် မြန် လာ တာ လေ၊

ဘ၀သစ် စာ ပေဆိုတာ က တကည် လည်း စာ အစုံဆုံး စာ အုပ် ဆိုင် ပါ၊ ရှား ပါးစာ အုပ် တွေ မှန် သမျှ ရှိတယ် ကိုယ်တိုင် လည်း ဖတ်ပြီး ၊စာအုပ် ကိ ၀ါသနာအရ လုပ် နေတာ ပါ၊ အထူး သဖြင့် ဘာ သာ ပြန် တွေ က ပိုစုံတယ်၊ ကျနော့်  အား ကိုးရာပေါ့..ဟီး တကယ်ရှားနေတဲ့ ဘာ သာ ပြန် တွေ အဟောင်းတွေ ကို လက် လွတ် မခံ လိုက် ၀ယ် တင်ပြီး ထားနေတဲ့ဆိုင်…အမြတ် အစွန်း ကို ထည့် မတွက် ဘူးလေ၊…သူ လို ချင် သော စာ ကျနော့် ဆီမှာ ရှိသလို ကျနော် လို ချင် သော စာ များ လည်း သူ့ဆီမှာ ရှိနေတော့ .. အဆင်ပြေ ပေါ့ ဗျာ..သမီး ကကြား က အမြတ်ရတယ် သူ့စိတ်ကြိုက် စာ အုပ် ဖတ် ခွင့် ရနေတာ ကိုး တခါတလေ သမီး စာ အုပ် သွား ယူပြီး မဖတ်တဲ့နေ့တွေ (ကျောင်း ပိတ်နေ့)တွေ ကိုယ်တိုင် သယ် လာပြီးပေး ဖတ်ခိုင်း တာလေ။

အခု လည်း လွန်ခဲ့တဲ့ မိနှစ် သုံးဆယ် က ယူ ခဲ့တဲ့ ကားတွန်း သုံး အုပ်စလုံး ဖတ်ပြီး အဖွား ကိုတောင် ပြန် ပြောပြနေပီ။ နောက်ပြီး တော့ ကျနော့် ကို လှမ်းပြောတယ် “ အဖေရေ.. ကာ တွန်း က စာ နည်း နည်း လေးတဲ့” နောက်ဆို စာ များတဲ့ ဟာ ပဲ ယူ တော့ မယ်တဲ့..လေ။

တခါတလေ..စာ အုပ်ကိုယ်စီနဲ့ ဇိမ်ကျနေတဲ့ ကျနော်တို့ အိမ်ကို ဖြတ်သွား သူတွေကြည့်ပြီးပြုံး သွား ကြတာ တွေ့ရ တယ်။

ပြီးတော့ ကျနော်တို့ သား အဖက သီ ချင်းကြိုက်တယ်.. အကြိုက်တူ တဲ့ သီချင်းက ကိုလေးဖြူရဲ့ အလွမ်း များ ကိုငှက်ရဲ့ မြို့ ပြ လရောင် တမ်း ခြင်း … သမီး ငယ်တုံးက သားချော့တေးလေ။

အခုတော့ ညဖက် လသာ တဲ့ ညတွေ မှာ ကျနော်ဂစ်တာ တီး ရင်း သမီးကို ဆို ပြနေတဲ့ သီ ချင်းပေါ့။

မြို့ ပြညတွေ… ခါးသီးစွာ ဖြတ် သန်းရင်း……….။

ထေရ၀ါဒသို့ ဦးခိုက်ခြင်း အပိုင်း(၂)

ကျနော်အနေနဲ့ ဘာသာရေးစာပေအတော်များများကို ဘာကြောင့်ရေးဖြစ် လည်းဆိုရင် ကြီကျယ်တယ် လို့ပဲပြော ကြပါစေ
ဗုဒ္ဓရဲ့ အဆုံးအမကို ဗုဒ္ဓအလိုတော်ကျသိစေချင်တယ်..မြတ်စွာ ဘုရားရဲ့တကယ့်ဆို လိုရင်းကဘာ လဲဆိုတာကို ကျနော်တို့ မသိသိအောင်ကြိုးစား အား ထုပ်သင့်တယ်လို့ ကျနော်ယုံကြည်တယ် ကျနော်ယုံတဲ့ အတိုင်း ဘုရားစကားတော်မှန်သမျှကို ပေါ်ယံအသိလေးနဲ့ တင် သိပြီးမနေမိအောင်ပေါ့လေ ကြိုးစားနေမိတယ် ဆရာရှာတယ် ကိုယ့်ရင်ထဲမှာရှိတဲ့ သံသယဆူးကို ချိုးဖို့ ပြီးတော့ မှားနေတဲ့အယူကို အမှန်ရောက် အောင်ပြပေးဖို့ ဆရာ ရှာတယ် ။ချည်းကပ်တယ် မေးမြန်းတယ် ပြောတဲ့အတိုင်း လိုက်နာတယ် ကျင့်တယ် ဒီလုပ်နေရင်းနဲ့မှသံသယရှိလာရင် ရင်ထဲမရှင်းလာရင် မေးတယ် မရှင်းရင် ရှင်းအောင် လုပ်နိုင်တဲ့သူကိုညွန်ပြစေတယ် ညွန်တဲ့ဆီသွားတယ်။

ကျနော်ဆိုတဲ့ အကောင်ကလည်း ရှင်းလေထုံလေမေးခွန်းတွေများလာလေပါပဲမရှင်းလို့ရှင်းပါတယ်ဆိုနေမှအဲဒီလို ရှင်းတဲ့နေရာက မေး ခွန်းတွေကပြန်ထွက်လာတယ်အဲဒီလိုနဲ့ကျနော့်မှာဆရာတွေများလာတယ်အသားလည်းနဲနဲကျလာတယ် ဆိုပါတော့..ရင်ထဲလည်းရှင်းတန်သမျှရှင်းလာနေပြီလေ၊ အကုန်လုံးတော့မရှင်းသေးဘူးဗျ။

ရှင်းတယ်ဆိုတဲ့နေရာမှာ လည်း ၊သုတမယညဏ်၊စိန္တမယညဏ်၊ ဘာဝနာမယညဏ်ဆိုပြီး တဆင့်ထက်တဆင့်မြင့်တဲ့ညဏ် တွေထဲမှာတောင်မှ ကျနော်ရှင်းတာသုတမယညဏ်လေးပါဗျာ အဲဒီသုတမယညဏ်နဲ့တင်ရှင်းသင့်သလောက်ရှင်းဖို့ ကျနော်မ နည်းကြိုးစားခဲ့ရတာပါ။
နော်ထပ် စိန္တာမယညဏ် နဲ့ ဘာဝနာမယ ညဏ်တွေအတွက် လက်ကျန်ဖြတ်သန်းရမဲ့ အချိန်တွေမှာ ကျနော် ကြိုးစားရဦးမှာ လေ..။ တကယ်စစ်မှန်တဲ့ထေရ၀ါဒ ဆိုတာတခြားဘယ်ဘာသာကိုမဆို စော်ကား၊ပုတ်ခတ်၊ အတင်းပြောချင်း အလျှင်းမရှိဘူး လို့ကျနော် သင်ခဲ့ရပါတယ်၊မြတ်စွာဘုရာပွင့်တော်မူလာခြင်းဟာ လောကသားအားလုံးအတွက် ကောင်းကျိုးကိုဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။ဒီအတိုင်းလည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ၊နောက်ဆုံးအချိန်ရောဂါတန်း လမ်းနဲ့တောင်မှ လောက အတွက် လုပ်ဆောင် တော်မူသွားတာကို အားလုံးသိပြီးသာပါ။

အရပ်စကားနဲ့ပြောရရင်အိပ်စက်ချိန်အလွန်နည်းနေတဲ့ကြားကအလုပ်တွေလုပ်ခဲ့တာကိုတွေးမိတိုင်းရှိခိုးမဆုံးဖြစ်ရပါတယ်
မနက်မိုးသောက်အာရုံတက်တာနဲ့ဘယ်သူ့ကိုကူညီရမလဲဆိုတဲ့စိတ်နဲ့နိုးတော်မူနေပါပြီတွေ့ပြီဆိုတာနဲ့အတန်စားမခွဲရောက်အောင်သွားပြီး ချွှတ်တော်မူတယ်၊

သစ္စာညဏ်ရောင်အတွက်ဘ၀ပေါင်းများစွာပါရမီဖြည့်တော်မူခဲ့တဲ့မြတ်စွာဘုရားကိုတွေးမိတိုင်းလည်း
သာသနာတော်ရဲ့တန်ဖိုးကိုပိုပြီးသိလာသလိုခံစားရတယ်၊ကျနော်တို့အခုရှိနေတဲ့အဆုံးအမတွေကိုတကယ်တန်ဖိုးထားတတ်နေရဲ့
လားဆိုတာမေးစရာတွေပေါ့၊ ကျနော်တို့ရဲ့နိုးထခြင်းဟာမြတ်စွာဘုရားလို အကောင်ဆုံးနိုးထခြင်းမဟုတ်တောင်မှ ခြေဖ၀ါးတော်အောက်က ခြေမုန့်လေးလောက်တော့မြတ်စွာဘုရားကိုအတုခိုးကျင့်ကြံသင့်ပါတယ်လို့ကျနော်ယုံတယ်လေ၊မြတ်စွာဘုရားရဲ့
အဆုံးအမ တွေဟာ လက်တွေ့ကျင့်နိုင်ဖို့အထိသိထားတတ်ထားရမဲ့တာဝန်ဟာကျနော်တို့အားလုံးမှာရှိပါတယ်၊။

မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဟာ၊သစ္စာကိုဦးတည်နေတယ်၊ပရမတ္ထသစ္စာနဲ့သမုတိသစ္စာကိုဦးတည်နေတယ်၊ဒီတော့မြတ်စွာဘုရားရဲ့
အဆုံအမတိုင်းကိုသစ္စာမြင်အောင်ကြည့်ပါမှဘုရားအလိုတော်ကျဖြစ်ရမှာပါနောက်တဆင့်ထပ်ပြီတွေးကြည့်ရအောင် ကျနော်တို့ညဏ်စွမ်းရှိသလောက် လေးပေါ့။

မြတ်စွာဘုရားပွင့်တော်မူလာခြင်းအကြောင်းအရင်းက လောကကို ဘာဝနာမယညဏ်ဖြင့် သုညတ မြင်အောင်ကြည့်ဖို့ ဒီအဆင့်ထိ ကျနော်တို့သွားရမှာ အဲဒီမတိုင်ခင်ပြုကျင့်ရမဲ့ အကျင့်တွေထဲမှာ အစဦးက သီလ(ကိုယ်ကျင့်သိက္ခာ)ဆိုတာ အားလုံးလက်ခံတယ်၊ဒါပေမဲ့ကျနော်တို့ဆီမှာ။ ကိုယ်ကျင့်သိက္ခာပိုင်း အရမ်းအားနည်း နေပြီ၊နိုင်ရင်ပြီး ရတာအကုန်ယူဆိုတဲ့
အဟေတုက၀ါဒတွေကို ရင်ထဲမှာထာနေကြပြီး ထေရ၀ါဒဆိုတာပါးစပ်လောက်ပဲကျန်နေတဲ့အနေထားပါ၊

ထေရ၀ါဒကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ မိမိအတ္တကိုတတ်နိုင်သလောက်ခ၀ါချဆေးကြောရမယ်လေ၊ပထမအဆင့်က လူကိုလူလို့မြင်တဲ့အမြင်ရှိဖို့လိုပါတယ်၊ဒုတိယအဆင့်ကလူကိုရုပ်နာမ်အဖြင့်မြင်ရပါ့မယ်နောက်ဆုံးတတိယအဆင့်ရောက်တော့မှ လူကိုသုညတအဆင့်မြင်ပါလိမ့်မယ်၊မလွယ်တော့မလွယ်မှန်းသိပါတယ်၊လုပ်ရမှာပါလေ၊ထေရ၀ါဒရှုထောင့်ကလောက
ကိုကြည့်မယ်ဆိုရင်တော့…..

မေတ္တာနဲ့ သုညတ ဒီနှစ်ခုကိုတိတိကျကျကိုင်စွဲအသုံးချရပါလိမ့်မယ်

မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့လွဲနေပါတယ်၊ နဲနဲလေးမဟုတ်ဘူးခင်ဗျ ၊အများကြီးကိုလွဲနေပါတယ်၊ အခုဆိုရင်သာသနာတော်နှစ်ပေါင်း၂၅၅၂နှစ်ရှိပါပြီ၊ကျနော်တို့ဆက်ပြီးလုပ်ရပါ့မယ်၊မေတ္တာဆိုတော့တခြားဘာသာတွေမှာလည်း မေတ္တာရှိနေတာပဲ ဘာကွာလဲ၊ဒါသိကိုသိရမယ့်ဟာလေနော်၊

ဒီတော့စဉ်းစားပါ ဘယ်လိုကွာလဲ၊ ထေရ၀ါဒကိုအမှန်တကယ်ချည်းကပ်မယ်ဆိုရင် အရေးပါတဲ့အချက်ထဲမှာ ကိုယ်ပိုင်ညဏ်ပါတယ်၊ ဆရာ့ညဏ်၊စာအုပ်ညဏ်၊အငှါးညဏ်မဟုတ်ဘူး၊ ကိုယ်ပိုင်ညဏ်ပါ၊

ကျနော်လည်း သိသလောက်လေးပြန်ပြောနေတာပါ၊ဒီသသနာတော်ကြီးကိုအခြေခံပြီးတည်ဆောက်ထားတဲ့ ကျနော်တို့ယဉ်ကျေးမှု၊ဥပဒေ၊တွေကို ပြန်ကြည့်ပေးကြပါ၊

ဒီတော့ဒီသာသနာတော်ကြီး ပျက်စီးခြင်း၊ကွယ်ပျောက်ခြင်းဆိုတာ၊ ကျနော်တို့ကွယ်ပျောက်တာပါပဲ၊ဒီတော့ဒီတာဝန်ဟာ
အာလုံးမှာရှိနေပါတယ်ဆိုတာကိုတော့ ပြန်ပြောချင်တယ်လေ မေ့နေမှာစိုးလို့ပါဗျာ။

ကျနော်ဘာမှမဟုတ်ဘူး သာသနာတော်ကိုချစ်တဲ့သာမန်လူတစ်ယောက်ပါ၊အဲ သာသနာတော်ကို ချစ်တဲ့သာမန်လူတစ်ယောက်ပါ၊ သာသနာတော်ရဲ့တန်ဖိုး ကို နား လည် အောင် ကျိုးစာနေသူတစ်ယောက်ပါ ထိုက်သင့်သလောက် လည်း နား လည် ပါတယ်။

အခြေခံအကျဆုံး ကျမ်းစာ လို့ကျနော်တို့နား လည်နေတဲ့ပရိတ်တော်ကြီးတွေ ထဲမှာတောင် ကျနော်တို့ မသိနိုင်သေးတဲ့ လမ်းညွန်ချက်တွေပါနေပါတယ်(မှတ်ချက်- ပညာရျင်များတတ်သိနားလည်ပြီးသူများ ကို မဆို လိုပါ ၊ကျနော်ကန်တော့ ပါတယ်)
ထေရ၀ါဒပိဋကတ်တော်ကို အခြေခံပြီးရေးတဲ့ စာမှန်သမျှဟာ သစ္စာနဲ့ မလွတ်ပါဘူး၊ ဒီတော့ စာဖတ်တိုင်း သစ္စာ ဆိုက်အောင် ဖတ်ဖို့က ကျနော်တို့တာ ၀န်လေ၊
မြင်တဲ့ အမြင်တိုင်း ကလည်း သစ္စာ ဆိုက် အောင် မြင်တဲ့ အမြင် ဖြစ်ဖို့ လို ပါတယ်၊ အငှားသိ ကို ဦးစားမပေး ဦးခေါင်းမချတဲ့မြတ်စွာဘုရားရဲ့တရားတော်ကိုအငှားသိနဲ့လမ်းဆုံးနေတာဟာမြတ်စွာဘုရားကိုစော်ကားနေသလိုပါပဲ လို့ ကျနော် ထင်တယ်။
ဒီတော့ အင်မတန်လေးနက်သိမ်မွေ့တဲ့ ထေရ၀ါဒ ဆိုတာ သမုတိသစ္စာရော ဓ ပရမတ္ထသစ္စာကိုပါ ပိုင်နိုင်သိမြင်စေတဲ့ အနိင်းမဲ့သင်ကြား ချက် ပါလို့ မှတ် ယူနား လည် နေမိပါတယ်။

စလေဦးပုည၏ သင်္ဂါယနာမှတ်တမ်း

ကျနော်စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့ လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်း အပိုင်း (၂)ကို ရပ်ပြီး ကြား ဖြတ် တင်လိုက်တာပါ အဲ မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ် ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။

စာအုပ်နာမယ်က သာသနမုခကျမ်း

ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း

(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)

( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)

အကြိမ်က (တတိယအကြိမ်)

ခုနှစ်က (မြန်မာ ၁၃၁၄ ခု)

ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်

ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)

၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။

တန်ဖိုး ၂- ကျပ်တဲ့

အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်

တစ်ခြား တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင် မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ ၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။ အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။

ရွာစဉ်ရွာစားမင်းလှ သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ (၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။

ပဋ္ဌမသင်္ဂါယနာ။ ။ ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀ တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။

ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည် ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။

တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ် သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ် ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။

စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း ၀ဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက် ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။

ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။

ဆဋ္ဌမသင်္ဂါယနာ။ ။ သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော ၀ိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။

သတ္တမသင်္ဂါယနာ။ ။ ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊ ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။

အဋ္ဌမသင်္ဂါယနာ ။ ။ ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ် ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။

န၀မသင်္ဂါယနာ ။ ။ ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ် (၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။

ဒသမသင်္ဂါယနာ။ ။ အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊ ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သင်္ဂါယနာတင်သည်။

ဧကဒသမသဂ်ါယနာ။ ။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ် သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒသီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊ ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း ၀န်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊ သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊ ၀ိနည်း၅ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ (၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊ ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။

ဒါစလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသလောက် သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည်ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊

အခုသော်ကား သာသနာတော်အရှည်တည်တံ့နေစေရန် အကျွန်တို့ဝန်သာဖြစ်တော့အံ့။

Tag Post



နှစ်တစ်နှစ်ရဲ့နောက်ဆုံး ည တဲ့ တူမတော် Dream က Tag လာတော့ ဘယ်လိုရေးရမလဲပေါ့ စဉ်းစား တယ် နောက်ဆုံးဆိုတာ နိဂုံးချုပ်တာကို ပြောလို့ရပါတယ် ထပ်ပြီးမဖြစ်တော့တာပေါ့နော် တကယ်ကော ကျနော်တို့ ဘ၀တွေ ပြီးတော့ ညတွေ နိဂုံးချုပ်သွားပြီလား လို့ ကိုယ်ဟာကိုယ် မေးမိပြန်တယ် လက်ရှိဘ၀တွေ ချုပ်ပြီး နောင်ဘ၀အသစ်တွေစမဲ့ဟာက သေချာနေတော့ အဆုံးမဲ့တဲ့ ဘ၀ဖြစ်စဉ်တစ်ခုပေါ့ အခုဘ၀လူ နောက်ဘ၀ခွေး နောက်လာမဲ့ ဘ၀တွေ ခန္ဓာတွေ..မဆုံသေး ဘူးဆိုတော့ နိဂုံးအတုပေါ့ဗျာ။

အခုလည်း နှစ်သစ်အစတဲ့ နှစ်ဟောင်းကုန်ပြီပေါ့ဗျာ။ အတိတ်ဖြစ်သွားပြီပေါ့၊ကျနော်တို့ခြေလှမ်းတွေ က မကြာခင်မှာ တဖက်ကိုကူးတော့မယ်လေ။ နေံ့စဉ်မကြာခဏ စိတ်ထဲရွတ်နေဖြစ်တဲ့ သံဝေဂအလကာင်္ တစ်ပုဒ်ကို ပိုပြီးသတိရလာတယ် လေးလေးနက်နက်ဆင်ခြင်လာတယ်။

“တစ်နေကွယ်၊သေနယ်ကိုတစ်နေ့ကူး

နေကွယ်ပါများရင်ကွယ့်

သေနယ်ကိုသွားရမယ်

တားမရဘူး”

ကျေးဇူးရှင်လယ်တီဆရာတော်ကြီး ရဲ့ဒီသံဝေဂ လင်္ကာလေးကို ကျနော်မကြာခဏ ရွတ်ဆိုမိနေတယ်။

နောက်ဆုံးညတဲ့၊တိတိပပဆိုရရင်တော့် 2008 နှစ်ဟောင်းရဲ့နောက်ဆုံးည ကျနော်နှစ်သစ်ကို ငြိမ်း ချမ်းစွာထွေးပွေ့ချင်တယ်၊ထွက်လာမဲ့နေမင်းကိုမေတ္တာနဲ့နုတ်ဆက်ကြိုဆိုချင်တယ်အလားတူပဲအား လုံးကိုလည်း ရင်ထဲငြိမ်အေးစေချင်တယ် အဲ လိုငြိမ်းချမ်းအောင် လုပ်မယ်ဆိုရင်တော့ ပြိုပျက်စပြုနေပြီ ဖြစ်တဲ့ ထေရ၀ါဒ အဆောက်အအုံကို ကျနော်တို့တက်ညီ လက်ညီ ပြန်ဆောက်ရမယ်။ဒီလိုတွေးရင်းနဲ့ ကျနော်ဘုရားပေါ်တက်ပြီး တရားဦဓမ္မစကြာင်္ကို ရွတ်ဆိုဆင်ခြင်မိတယ် နှစ်ဦးလေ..တရားဦးနဲ့ ပူဇော်ခဲ့တာပေါ့ နောက်တော့် သန္တိသုခနိုင်ငံတော်ရဲ့ ပထမခြေလှမ်းလို့ပြောနိုင်တဲ့ သရဏဂုံကို လယ်တီဆရာတော် ဘုရားကြီးရေးသားတော်မူခဲ့တဲ့ မဟာသရဏာဂုံ ကြီးကို ရွတ်ဖတ်ပူဇော်ရင်း

ကျနော်စိတ်ကိုနှစ်နေလိုက်တာ။

ပြီးလို့ကြည့်လိုက်ချိန်မှာတော့.. ဟော နေထွက်တော့မယ် လေ၊နှစ်သစ်တစ်ခုရဲ.နေ့သစ်က အရှေ့ ဆီမှာစနေပြီလေ။

ငြိမ်းချမ်းကြပါစေ။




ထေရ၀ါဒသို့ ဦး ခိုက်ခြင်း(၁)

မြတ်စွာဘုရား၏ အဆုံးမသာသနာတော်သည် အိန္ဒိယ၌ BC ၆ ရာစုမှစခဲ့ပြီး AD ၁၂ ရစု၌ကွယ်၏။ ခန့်မှန်းတွက်ချက်ရမည်ဆိုလျှင် ပင်ရင်းဋ္ဌာန၌ သာသနာတော်ဟူသော မြတ်စွာဘုရား၏ အဆုံးအမ သည် နှစ်ပေါင်း(၁၈၀၀)မျှသာ တည်ခဲ့ပြီးနောက်၊ ၀ါဒအန္တရယ်၊ ပြည်တွင်းပြည်ပ အန္တရယ်တို့ကြောင့် မူလနေရာ၌ ကွယ်ပျောက်ခဲ့ရပါ၏။

ဗြာသ္မဏ၀ါဒနဲ့တိုက်ခိုက်ရင်း မူလထေရ၀ါဒသည် မဟာယနသို့ ကူးခဲ့ရ၏။ နောက်ဆုံး မူလပင်မ နယ်မြေ ဖြစ်သောအိန္ဒယမှ လွင့်ထွက်ခဲ့ရသည်ကို ကျနော်တို့တွေ့ရ၏၊ ဖတ်ရ၏၊ ထို့အတူ ကြားနာခဲ့ရပါ၏။ ကျနော်တို့သည်လည်း စစ်မှန်သော မြတ်စွာဘုရား၏ အဆုံးအမကိုရခဲ့ပါ၏။ ရခဲ့သည်ဟုဆိုရာ၌

ဒဿနလည်းပါ၏၊ ကျင့်စဉ်လည်းပါ၏။ ၀ိဇ္ဇာ(အသိ) စရဏ(အသိနဲ့ထပ်တူညီသောအကျင့်) ကို လည်းရခဲ့ပါ၏။ သို့သော် ကံတရားကြောင့် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ တရားတော်ကို ရခဲ့ပါသည်ဟုဆိုလျှင် သာသနာတော်အား ကျနော်တို့ဆီအရောက် သယ်ဆောင်လာခဲ့ကြကုန်သော မထေရ်မြတ်တို့နှင့် သာသနာပြု ပုဂ္ဂိုလ်အပေါင်းတို့၏ ကျေးဇူးတရားကို မေ့နေခြင်းသာဖြစ်ပါ၏။ လောက၌ ကျေးဇူးကင်းသူဟူ၍မရှိ သူ့ကျေးဇူးကိုသိပြီး ဆပ်ရမည်သာ။

ထိုကျေးဇူးရှင်တို့၏ စွမ်းဆောင်မှုတို့ကြောင့် ရရှိလာသော ကျနော်တို့၏ ရေမြေပေါ်၌ ထေရ၀ါဒသည် အမှန်တကယ်ခိုင်ခန့်စွာ ရပ်တည်နိုင်ခဲ့ပြီးဟုဆိုလျှင် ကျနော်တို့သည် အမှန်တကယ်ငြိမ်းချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပြီးဖြစ်ပါမည်။
စင်စစ် မြန်မာပြည့်သို့ ထေရ၀ါဒရောက်ရှိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုလွှတ်စဉ်ကပင် ဖြစ်၏။ အထောက်အထာမခိုင်သော အဖြစ်များရှိနေစေ ကာမူ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက မြန်မာပြည်သို့သာသနာရောက်ခဲ့ကြောင်း ဘုရားသမိုင်းမျာကဆို၏။

ထိုမျှ နှစ်ပေါင်းကြာခဲ့ပြီ်ဖြစ်သော ကျနော်တို့အမိမြေပေါ်ရှိ ထေရ၀ါဒသည် မပြိုနိုင်သောအင်းအားဖြင့် ရပ်တည်နိုင်ပါပြီလော?

ထိုမေးခွန်းကို ဖြေရန်အတွက် ကျနော်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ပြန်လည်တူးဖေါ် ရပါလိမ့်မည်။
အမှန်အားဖြင့် ဗုဒ္ဓ၀ါဒဟူသည် သစ္စာဝါဒသာဖြစ်၏။ မြတ်ဗုဒ္ဓကို တနည်းအားဖြင့် “သိသူ” ဟုဆိုကြ၏။ ဘာကိုသိသနည်းဟုမေးသော် သစ္စာတရားကို သိသူဖြစ်ပါ၏။ လောက၌ သိစိတ်ရှိသော သတ္တ၀ါတိုင်း သည် သိစရာအာရုံကို သိကြသည်သာဖြစ်ပါ၏။ သို့သော် သိပုံခြင်းကားမတူချေ။ သိသည်ဟူဆိုရာ၌ လည်း ကွဲသေး၏။ မိမိညဏ်အဆင့်ကို မှီ၍ အသိကွဲကြသည်မှာ လောကနိယာမဖြစ်သည်သာ။

သုတမယညဏ်ဖြင့်လည်း သိ၏။ စိန္တာမယညဏ်ဖြင့်လည်း သိ၏။ ဘ၀နာမယညဏ်ဖြင့်လည်း သိ၏။
ထိုကြောင့် ကျနော်တို့၊ အန္ဓပုထုဇဉ်တို့၏ အမြင်အရ လူတွင် ဆင်းရဲချမ်းသာ၊ ကုလားတရုတ် ရှိ၏။
ကလျာဏပုထုဇဉ်တွင် လူကို လူလိုမြင်၏ အရိယာအဆင့်တွင်မူ ရုပ်နာမ်ဓမ္မ သင်္ခါရအဖြစ် မြင် သည့်တိုင် အဆင့်ဆင့်သွား၏။ မြတ်စွာဘုရားအတွက်မူကား ကိလေသာကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်၍ လောကတစ်ခုလုံးကို သုညတ အဖြစ်သာမြင်တော့၏။
သို့အတွက် မြတ်စွာဘုရားရှင်၏ အဆုံးအမဓမ္မသည် ဘက်လိုက်မှုအကင်းဆုံးဖြစ်ပါ၏။

ကိလေသာတန်းလန်းနဲ့ ပြုစုထားသော အယူအတွေးများတွင် အနည်းနှင့်အများဆိုသလို ဘက်လိုက်မှု ပါသည်ကို ကျနော်တို့ တွေ့ရမည်သာဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ မဟာသြ၀ါဒကား။

မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား

ဟု လူတိုင်း အထူးသဖြင့် ဗုဒ္ဓ၀ါဒကို လေ့လာဘူးသူတိုင်း သိနေပြီးဖြစ်ပါ၏။ သို့အတွက် ထေရ၀ါဒကို သုံးသပ်ဆင်ခြင်ရာတွင် အဆိုပါတရားကို လက်ကိုင်ပြုရမည်သာ ဖြစ်သည်။

ထေရ၀ါဒ၏ ပန်းတိုင်သည် သန္တိသုခဖြစ်၏။ ပန်းတိုင်သို့သွားရာတွင် ကျနော်တို့သည် ကိလေသာ မစင်သေးသည့် အားလျှော်စွာ မကောင်းမှု၊ ကောင်းမှုတို့ကို ပြုလုပ်မည်သာ ဖြစ်ပါသည်။ သို့သော် လည်း ကျနော်တို့သည် မိမိ၏အတ္တအား ရှေ့တန်းမတင်မိစေရန် ကြိုးစားအားထုတ်သင့်ပါ၏။

မကောင်းမှုကို မလွဲသာ၍ ပြုလုပ်ရသည့်တိုင်အောင် လောက၌ ဓမ္မထွန်းကားရေး အတွက်သာ ဖြစ်သင့်ပါ၏။
အမှန်စင်စစ် ထေရ၀ါဒကို လက်တွေ့ကျင့်သုံးမည်ဟု ဆိုပါလျှင် မိမိကိုယ်ကျင့်သိက္ခာကို ဖြူသည် ထက် ဖြူအောင် သီလဖြင့် ဆေးကြောရပါမည်။ မိမိစိတ်ကိုလည်း ဖြူသထက်ဖြူအောင် သမာဓိဖြင့် လည်းကောင်း၊ ဘာဝနာဖြင့်လည်းကောင်း အထပ်ထပ် ဆေးကြောသန့်စင်စေရပါမည်။ ထိုသို့ မဟုတ်ပါက ကျနော်တို့၏ထေရ၀ါဒသည်လည်း ကျနော် တို့မြေပေါ်မှ လွင့်ပါးလိမ့်မည်။
ဤနေရာ၌ အလွန်မှတ်သားဖွယ် သံဝေဂရဖွယ် ကျနော်တို့ ဆင်ခြင်သုံးသပ်ရမည့် စကားတချို့ကို ထပ်၍ တစ်ခါပြန်ပြောရပါလျှင်….

“ထေရ၀ါဒ အုတ်မြစ်ဟူသည် ကျောက်သားများ၊ သံများ အင်္ဂတေများမဟုတ်။
အဆောက်အအုံဆိုင်ရာ ပစ္စည်းဟူသမျှတို့သည် တစ်ချိန်က မည်မျှပင်လက်ရာမြောက်စေကာမူ
နေက်ဆုံးတွင်မူ ဘာသာရေးအတွက် တန်ဖိုးမရှိလှတော့ဘဲ ရှေးဟောင်းသုတေသန အတွက်သာ
အသုံကျတော့၏”
ထိုကြောင့် “ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာဖြစ်၏”
(ဆရာကြီးဦးရွှေအောင်)

၂၀၀၉ ဆုတောင်း

ပြီးပြည့်စုံသောသီလဟူသည်

ငါးပါးသီလမြဲသလား? တဲ့ ဒီမေးခွန်းကို ကျနော် အကြိမ်ပေါင်းများစွာ အမေးခံခဲ့ရဖူးတယ်ဗျ
အဲလိုမေးလာခဲ့တိုင်းလည်း ကျနော့်အဖြေက“ဟင့်အင်း”ပဲထွက်တယ်ဗျ၊ ဘယ်သူမေးမေး
ကျနော့်အဖြေကတော့ ဒီအတိုင်းပဲဗျ။

မေးဆိုလို့ပြောရဦင်္းမယ်ဗျ.. ကျနော်သွားနေကြဆရာတော်ကြီး ဦနန္ဒမာလာရဲ့သက်တော် (၉၅)နှစ် မြောက် မွေးနေ့တုန်းကလည်း ဆရာတော်ကြီးကိုယ်တိုင် ပရိတ်သတ်အလယ်မှာ မေးဖူးပါတယ်၊ ကျနော်ကလည်း ဖြေပါတယ်ဗျာ ရဲရဲဖြေတာပေါ့ “လုံးဝငါးပါးသီလမလုံဘူးပေါ့” အဲလိုဖြေတော့ ဆရာတော်ကြီးက ပြုံးတယ်ဗျ ပရိသတ်လည်းပြုံးတယ်ပေါ့ဗျာ။

အမှန်တော့ သီလတော်မြတ်က သိမ်မွေ့လွန်းတယ်ဗျ၊ ဒီလောက် သိမ်မွေ့လွန်းတဲ့ တရားတော်မြတ် သီလတော်ကို ကျနော့်လိုငမိုက်သားက နားလည်အောင်ကို မနည်းကြိုးစားနေရသူမို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအကြောင်းတွေကို ညဏ်စဉ်အဆက်ဆက် ဒိဋ္ဌိသတ်နည်းအမျိုးမျိုးနဲ့ ဆွေး နွေးနေတဲ့အထဲ ၀င်ပါချင်ပါလည်း မ၀င်ရဲတဲ့အဖြစ်ပါဗျာ၊ တစ်ခါတစ်လေများဗျာ စိတ်ရှိလက်ရှိပြောနေ လိုက်ကြတာ.. အာလုံးနီးနီးသောတပန်၊ သကဒါဂမ် ၊ အနာဂမ်လောက်နီးနီးပါ.. အားကျတယ်ပေါ့ဗျာ။

တစ်နေ့ကလည်း သူငယ်ချင်းတစ်ယောက်ရဲ့ အလှုကိုသွားတော့ ဘုရားခန်းထဲမှာ သီးသန့်စားပွဲနဲ့ တရားဆွေးနွေးတာ တွေ့တော့လည်း ခပ်ဝေးဝေးက ပြန်လာခဲ့ရပြန်တယ်။

တခါတုန်းကများ တရားဆွေးနွေးနေကြတဲ့ လူကြီးတွေဝိုင်းနာသွားပြီး နားထောင်ကြည့်တာ ကြားရတာနဲ့တင် ကျနော် လှည့်ပြန်လာခဲ့ရတာလေ၊ စဉ်းစားကြည့်လေ… ပြောနေကြတာက ကျမ်းအကိုး အကား အပြည့်နဲ့ဆိုတော့လည်း ကျနော်မ၀င်ရဲပေါင်ဗျာ။

ဒီအကြောင်းတွေကြောင့်ပဲထင်တယ် ကျနော့်ညဏ်က သီလအဆင့်ကမတက်သေး။ တစ်ခါတုန်းကလည်း တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်ဆီသွားဖူးတော့ “သားငယ်လေး ဘာကြောင့်ပျင်းတယ် ဆိုတာကို ကိုယ်တိုင်တွေ့အောင်ရှာခဲ့” လို့မိန့်တော့ ဘာကြောင့်ပျင်းတယ်ဆိုတာကို ရှာလိုက်တာဗျာ သုံးနှစ်ကျော်လောက် ကြာတယ် အပျင်းတရားကိုတောင် ဒီလောက်ကြာခဲ့တဲ့ ကျနော့်အဖို့ ကျန်တာတွေ မတွေးရဲသေးဘူးဗျ အခုလည်းအားနေရင် သီလကြောင်းလေးပေါ့ဗျာ စဉ်းစားနေတတ်တယ်ပေါ့။ ဒီလိုစဉ်းစားရင်းနဲ့ သာသနာပ ကာလမှာလည်း (၅)ပါးသီလရှိနေတယ်၊ အခု သာသနာတွင်း ကာလမှာလည်း (၅)ပါးသီလက ရှိနေတယ် အနက်အဓိပ္ပါယ် ကွာမယ်ပေါ့ တွေးကြည့်တယ် ညဏ်မှီသလောက်ပေါ့ဗျာ။

စဉ်းစားရမဲ့လမ်းကြောင်းက ဆရာတွေသင်ခဲ့တဲ့အတိုင်းပေါ့ဗျာ ဘာ လဲဆိုတော့
“ သားငယ်ရေ လောကကြောင်းကိုချဉ်းကပ်မယ်ဆိုရင် ပညတ်ကို ညဏ်ကုန်လွတ်ဟေ့ ဒီလိုပဲ ဓမ္မကြောင်းကို ချဉ်းကပ်ပြီဆိုရင်တော့ ပရမတ်ကို ညဏ်ကုန်စိုက်တော့”

ဒီလိုသွန်သင်ခဲ့ဘူးတော့ လည်း ကျနော်သီလို့ ဆင် ခြင်ကြည့်တယ်ဗျ ကိုယ့်ကိုကိုယ်သီလ ဘယ်လောက်လုံ လဲပေါ့ဗျာ။

ပါဏာတိပါတ
သူတစ်ပါးအသက်သတ်ခြင်းမှ ရှေင်ကျဉ်တာ ဒီအနက်က ဘုရားမပွင့်လည်းရှိနေတဲ့ အနက် ဒါမှမဟုတ် အမြင်ပေါ့ဗျာ၊ သာသနာတော်တွင်းသီလအရ ပုဓ်ခွဲကြည့်တယ် နား လည်းသလောက် ပေါ့ လေ နေတ္ထိကျမ်းလာစာဖတ်နည်းအရ

ပုဒ်တစ်ပုဒ်ကိုချဲ့ယူခြင်း အာဝတ္တာဟာရ ဟူလည်းကောင်း ပရိဝတ္တနဟာရ ဟူလည်ကောင်း ဆို၏ ပိဋကတ်တော်၌ နေယျတ္ထဟုဆို၏
ပညာုရှင်တွေပြောတာဗျ။အဲ လို ဆိုတော့ ဆန့်ထုတ်ကြည့်တယ်ပေါ့လေ သီလတစ်ခုခြင်းကို ဇစ်မြစ်လိုက်တယ်ပြောပြောအဆုးံထိလိုက်တယ်ဆိုဆိုတွေးရအောင်ပြီးတော့ကျနော်တို့ကျင့်ရအောင် နော အဲခုနက ပထမသီလဖြစ်တဲ့ ပါဏာတိပတသိက္ခာပုဒ်ရဲ့

တိုက်ရိုက်အနက်= သူတစ်ပါး၏အသက်ကိုသတ်ခြင်း

သွယ်ဝိုက်အနက်= သူတစ်ပါးကိုနစ်နာအောင်လုပ်ခြင်း

ဆန့်ကျင်အနက်= သူတစ်ပါး၏အသက်ကိုရှည်အောင်အားထုတ်ခြင်း

သီလတစ်ခုကို ပြီးပြည့်စုံအောင် ဖြည့်ကျင့်ဖို့ဆိုရင်တော့ ဒီကျနော်တွေးမိတဲ့ အချက်သုံးချက်နဲ့ ပြည့်စုံပါမှ ပြီးပြည့်စုံတဲ့ သီလဖြစ်မှာပါ၊ လောကမှ အဓမ္မတရားတွေ မထွန်းကားဖို့ အရပ်ပြောသီလ၊ အရပ်ပြော သမာဓိ၊ အရပ်ပြောသတိ၊ အရပ်ပြောပညာတို့ကို ဖြည့်နေရုံလေးနဲ့ မဖြစ်ရေးခြာမဖြစ်ပါ။

အခုဟာက၀ိနည်းရှောင် “ငါမသတ်ရင်ပြီးဆိုပြီး သီလလုံနေတဲ့ ကျနော့်ကိုယ်ကျနော် ရှက်နေမိတယ်ဗျ ဒီတော့ တစ်ဖက်သားကို နစ်နာအောင် လုပ်တာလည်း သွယ်ဝိုက်အနက်အရ ပါဏာတိပါတသိက္ခာ ပုဒ်ကို ချိုးဖျက် တာပါပဲ။
ဆန်ကျင်အနက်အရ သူ့အသက်ရှည်အောင် အားထုတ်ခြင်း တဲ့ဗျာ ကျနော်တို့ ဘယ် လောက် ကြိုးစားပြီပြီလဲ..? စဉ်စားပေးပါ ။

ပရမတ်ရှုထောင့်က နေပြီး ကြည့်ရင်တော့ ပါဏာတိပါတ ကံပုဒ်ရဲ့ တရားကိုယ်က ဒေါသ၊
ဒီဒေါသတရားကို မိမိသန္တန်မှာ မလာအောင် စောင့်ထိန်းနိုင်ပါမှ၊ သတိနဲ့ စောင့်ကြည့်နိုင်ပါမှ ဒေါသရဲ့ ဆန့်ကျက်ဖက် အဒေါသခေါ် မေတ္တာတရားကို အချိန်ပြည့် ပွားစီးနိုင်ပါမှ ပါဏတိပါတကံကို ဘုရား အလိုတော်ကျ ပြီးပြည့်စုံအောင် ဖြည့်ကျင့် နိင်ပါလိမ့်မယ် ဗျာ။

ကဲပါဏာတိပါတ ပြည့်စုံအောင် လုံသလား.. ကျနော် ဘာသာပြန် မေးတော့ “မလုံ” ဆိုတဲ့ အသံလေး ထွက်လာသဗျ။

နောက်တစ်ခုက အဒိန္နဒါန
ပထမကတည်းက အမှတ်မရတဲ့အထဲ အခုဒုတိယသီလတော်မြတ်ကိုကြောက်ကြောက်နဲ့ ဆင်ခြင်နေပါပြီ ။

တိုက်ရိုက်အနက်= ပိုင်ရှင်မပေးသောပစ္စည်းကိုခိုးခြင်း
သွယ်ဝိုက်အနက်= မပေးပေးအောင်ဥပါယ်တံမျဉ်ဖြင့်တောင်းယူခြင်း၊ခြိမ်းခြောက်ခြင်း
ဆန့်ကျင်အနက်= မုတ္တစာဂ(နှောင်ကြိုးမဲ့စွန့်ကျဲပေးကမ်းခြင်း)

ခုနကပြောသလိုပေါ့လေ ပြန်စဉ်းစားတယ် ငါမခိုးဘူးဆိုတဲ့ ဟာလေးနဲ့လုံလောက်သလား
ဘယ်လောက်ထိ အနစ်နာခံ ပေးဆပ်ခဲ့ဘူးလဲ ၊ ရယူတာနဲ့ ပေးဆပ်တာ ဘယ်ဟာများလဲ
မခိုးပေမဲ့ ခြိမ်းခြောက်တာ၊ မပေးပေးအောင် ဥပါယ်တံမျဉ်သုံးတာလေးတွေ စဉ်စားပေးပါဗျာ။

ပရမတ္ထရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အဒိန္နဒါနသိက္ခာပုဒ်ရဲ့ တရားကိုယ်က လောဘ
ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားတယ်၊ ပြန်ကြည့်တယ်ဗျ၊ ဗိုက်ထဲလောဘတွေ ချိုးပြည့်နေတာ တွေ့တော့ သွားပြန်ပြီပေါ့ဗျာ နော်တစ်မှတ်။

နော်ထပ်ဆက်ပြီး စစ်ရဦးမှာလားဗျာ နောက်ထပ်ဆက်ပြီစစ်ရရင်တော့ …

2009 မှာဆွေသဟာ ဧငြိမ်းကြည်သာရှိပါစေ
မသူတော်ဘေး၊အဓမ္မဘေး ကင်းဝေကြပါစေ

ကျမ်းကိုး။ ။ဘ၀အမြင်သစ်(ဆရာကြီးဦးရွှေအောင်)

« Older entries Newer entries »