ပြီးပြည့်စုံသောသီလဟူသည်(၂)

Happy New Year!!!!

ကျေးဇူး တင်ပါတယ်ခင်ဗျာ။ ကျနော် လေးစားရတဲ့ ရေးဖေါ်ရေးဖက် နဲ့ စာဖတ်သူများ အားလုံး မင်္ဂလာရှိသောနှစ်သစ်မှာ ဓမ္မ ထွန်းကားအောင် ဆောင်နိုင်သည် ဖြစ်စေ သောဝ်။

သုတေသန အတွက် ပါနာတိပါတကံ ကျူးလွန်နေရတဲ့ အတွက် သီလပင် မလုံနိုင်။

ဒီအထက်က စာသားလေး ကတော့ ကျနော် လေးစားတဲ့ အစ်ကိုကြီး တစ်ယောက်က ရေးခဲ့တာပါ အားလုံး လဲသိကြမှာပါ မြင့်မိုရ်ဦးဘလော့ ပိုင်ရှင် ဒေါက်တာညဏ်ပါ။

လောက ဆိုကတည်းက အဓမ္မနဲ့ဓမ္မတို့ အားပြိုင် စစ်ခင်းရာဟု ပညာရှင်တို့ ဆိုကြ၏။ ဆိုခဲ့သည်အတိုင်းလည်း လောကသည် ဓမ္မနဲ့အဓမ္မတို့ အားပြိုင်မှု ရှိနေသည်မှာဓမ္မတာ။

ဓမ္မက အနိုင်ရသည့်အခါ လောကသည် တည်ငြိမ်၏။ အေးချမ်း၏။ ထို့အတူ လောကသားတို့ ချမ်းသာ၏။ လောကသား ဟူရာ၌ လူလည်းပါ၏။ နတ်လည်းပါ၏။ တိရိစ္ဆာန် လည်းပါ၏။ ခြုံငုံ ပြောဆို ရပါလျှင် (၃၁) ဘုံမှ မလွတ်မြောက်သော သူ အားလုံးကို လောကသား များဟု ဆိုနိုင်ပါ၏။ သို့အတွက် လောကကြီး တကယ်တန်း ငြိမ်းချမ်းရန် အတွက် အားလုံးတွင် တာဝန် ကိုယ်စီရှိကြပါ၏။ လောက၌ အဓမ္မတရားတို့ မထွန်းကားအောင် မပျံ့ပွားအောင် ကြိုးစားအားထုတ် ရာ၏။ ထိုသို့ အားထုတ်ရာ၌ မိမိကိုယ်ကို လည်းကောင်း မိမိ၏ ဘ၀ကို လည်းကောင်း လောကအတွက် စတေး ရမည်သာဖြစ်ပါ၏။ ဘုရား အစရှိသော သူတော်ကောင်း တို့သည် အလောင်းတော် ဘ၀ များ၌ ငါးပါးသီလကို ချိုးဖေါက်ခဲ့သည်သာ။ သို့သော် အဆိုပါ ပုဂိုလ်တို့ ချိုးဖေါက်ခြင်းကား လောက၌ဓမ္မ ထွန်းကားရေး အတွက် အနစ်နာ ခံခြင်းသာလျှင်ဖြစ်သည် ကို ပိဋကတ်တော်များတွင် ဖတ်ရှု ခဲ့ကြပြီးသား ဖြစ်ပါလိမ့်မည်။

ကျတော်တို့ လည်း ကိုယ့်မြေ ကိုယ့်ရေ ကို တိုင်းတပါးတို့ ထိခိုက် စော်ကားလာသည် ရှိသော် ပါဏာတိပါတ သိက္ခာပုဒ် ကို ချိုးဖျက်မည်သာ။ “သူ့နိုင်ငံသားသံမှုန့်စားမှ ဒို့ဓါးတုံးလိမ့်” ဟူသော အယူကို ကိုင်ပြီး တိုက်မည်သာ ဖြစ်ပါ၏။

စင်စစ် ထေရ်ရ၀ါဒ အရ ဘ၀ကို တည် ဆောက်မည်ဆိုပါလျှင် မိမိ၏ ဘ၀ကို လောက အတွက် အနစ်နာခံပေးဆပ် ပါမှ ဖြစ်ပါလိမ့်မည်။

ကျနော်တို့ တိုင်းပြည်သည် ထေရ၀ါဒ တိုင်းပြည်ဟု ဆိုကြ၏။ အမှန်တကယ် ထေရ၀ါဒ အုပ်မြစ် ခိုင်နေပြီလော အမှန်တကယ် ကိုယ်ကျင့် သိက္ခာကို တန်ဖိုး ထားတတ်ပြီလော မေးစရာတွေ ရှိနေမည်သာ။ အမှန်တကယ် ဓမ္မတရားတို့ ထွန်းကားနေသည်လား မဆုံသေးသော မေးခွန်းများ တွေးစရာများ ရှိနေပါ၏။ ကျနော်တို့ ကိုယ်တိုင်ကရော ထေရ်ရ၀ါဒ၏ စစ်မှန်သော အနက်အဓိပါယ် ဆုတ်ကိုင်မိပြီလော ဟု စစ်တမ်းထုတ် အဖြေရှာနေဆဲဖြစ်ပါ သည်။

သီလတော် သည် ဘုရားပွင့်လည်းရှိ၏။ ဘုရားမပွင့်သော် လည်း ရှိနေသည်သာ ဖြစ်ပါသည်။ သို့အတွက် ငါးပါးသီလတော်ကို နိစ္စ သီလတော် ဟုဆို ကြ၏။ လောက ငြိမ်ချမ်းရေး အုတ်မြစ် ဟု လည်းဆိုပါ၏။ ထိုအတွက် ဘုရား သာနာတော် အတွင်း ရှိသော ငါးပါးသီလ တော်သည် သစ္စာ ဆိုက်နိုင်သော အသိတိုင် အောင် အကျိုးပြုပါ လိမ့်မည်ဟု ကျနော်ယုံပါသည်။ ကျနော်တို့အနေဖြင့် လည်း သစ္စာဆိုက် အောင် အနက်ကို ရှာဖွေဆန်ံထုတ်ပါမှ သာသနာတော် အတွင်း သီလကို မြင်ပါလိမ့်မည်။ သို့မှ ပို၍လောက ငြိမ်းချမ်းမည်ဖြစ်ပါ၏။

တတိယ သိက္ခာပုဒ်တော်အရ ကာမေသုမိစ္ဆာရ ကို ကြည့်မည်ဆိုပါက

တိုက်ရိုက်အနက်= ကာမအရာ၌ မှားယွင်းစွာကျင့်ခြင်း

သွယ်ဝိုက်အနက်= မိမိရသင့် ရထိုက်သော အခွင့်ရေး ထက်ပို လိုခြင်း/ ယူခြင်း

ဆန့်ကျင်အနက်= မိမိ ရပိုင်ခွင့်များကို လောကအတွက်စွန့် လွတ်ခြင်း

ဟုဆို၏

သမုတိ သစ္စာအရ ကာမအရာ၌ မှာယွင်းယုတ်ညံ့စွာကျင့်ခြင်း ဟူဆိုရာတွင် သူတစ်ပါး သားမယား သားသမီး ကိုဆို၏။

ပရမတ္ထ သစ္စာအရ ကာမဂုဏ် ဆိုရာ၌ ရူပါရုံလည်း ပါ၏။ သဒ္ဒါရုံ လည်းပါ၏။ ဂန္ဓာရုံ့လည်း ပါ၏။
သောတာ၊ဖောဋ္ဌဖ္ဗ အစရှိသဖြင့် ကာမ၈ုဏ် အာရုံ အားလုံး ပါမည်သာ ဖြစ်ပါသည်။ ထိုထိုသော ကာမဂုဏ်တရားတို့၌ မှားယွင်စွာ ကျင့်ခဲ့ပါလျှင်။ အရပ်စကား အရ ပြောရလျှင် မိမိနဲ့ မထိုက်သော နေရာ၊ ငွေကြေး ဘွဲ့ ထူး ဂုဏ်ထူး ကိုမရ ရအောင်ကြံဆောင် လျှင် ထိုသိက္ခာပုဒ်ကိုကျူး လွန် ရာရောက်ပါ၏

ကာမေသု သိက္ခာပုဒ်၏ တရားကိုယ်ကား လောဘ ဖြစ်၏။ ဿသတဒိဋ္ဌိနဲ့ယှဉ်၏ ထိုသိက္ခာပုဒ်ကို တယ်တန်း လုံခြုံအောင်ထိန်းမည်ဆို လျှင် မိမိ၏လောဘကြောင့်ဖြစ်ပေါ် လာသောဆန္ဒ များကို မပွားစိးအေင် သတိပညာနဲ့ပယ်သတ်ရပါ လိမ့်မည်။

မုသာဝါဒ သူတစ်ပါးအား လိမ်လည်ပြောဆို ခြင်း ဟုဆို၏

တိုက်ရိုက်အနက်= သူတစ်ပါးအားလိမ်ညာခြင်း

သွယ်ဝိုက်အနက်= ဟန်ဆောင်ဖုံကွယ်ခြင်း နဲ့ ကျန်ဝစီဒုစရိုက် သုံးပါး

ဆန့်ကျင်အနက်= သစ္စာ ဓမ္မထွန်ကားအောင် ထုတ်ဖေါ်ပြောဆို လုပ်ကိုင်ခြင်း။

ဟူရပါ၏

တကယ်တန်း မုသာဝါဒကံ ကို လုံအောင် ထိန်းမည် ဆိုပါလျှင် ကျနော်တို့၏ နှလုံသားကို သစ္စာမြေပေါ်၌ အုတ်မြစ် ခိုင်အောင် ချရန်လို အပ်ပါသည် အတုကိုဖယ်၍ အစစ်ကို တန်ဖိုး ထားတတ် ရပါမည။် သစ္စာတရား ထွန်းကားရေးအတွက် မိမိဘ၀ကို လောအတွက် အသုံချရဲသော သတ္တိကို မွေးမြူရပါလိမ့်မည်။

ဆိုင်ရာ ညဏ်ရောက်မှ ဆိုင်ရာသော ကိလေသာမီး ကို ငြိမ်းနိုင်ပါမည်ဟု သိပါလျှက် ကျနော်သည် ညဏ်မှီသလောက် ငါးပါး သီလတော် ကို ပူဇော်ခြင်းမျှသာ ဖြစ်ကြောင်း ၀န်ခံပါသည်။

၀၀၉ မှာ ဆွေသဟာ ကြည်သာဧမြရှိပါစေ
မသူတော်ဘေး အဓမ္မဘေး ကင်းဝေးကြပါစေ

ကျမ်းကိုး။ ။ ဘ၀အမြင်သစ် (ဆရာကြီးဦးရွှေအောင်)

ပြီးပြည့်စုံသောသီလဟူသည်

ငါးပါးသီလမြဲသလား? တဲ့ ဒီမေးခွန်းကို ကျနော် အကြိမ်ပေါင်းများစွာ အမေးခံခဲ့ရဖူးတယ်ဗျ
အဲလိုမေးလာခဲ့တိုင်းလည်း ကျနော့်အဖြေက“ဟင့်အင်း”ပဲထွက်တယ်ဗျ၊ ဘယ်သူမေးမေး
ကျနော့်အဖြေကတော့ ဒီအတိုင်းပဲဗျ။

မေးဆိုလို့ပြောရဦင်္းမယ်ဗျ.. ကျနော်သွားနေကြဆရာတော်ကြီး ဦနန္ဒမာလာရဲ့သက်တော် (၉၅)နှစ် မြောက် မွေးနေ့တုန်းကလည်း ဆရာတော်ကြီးကိုယ်တိုင် ပရိတ်သတ်အလယ်မှာ မေးဖူးပါတယ်၊ ကျနော်ကလည်း ဖြေပါတယ်ဗျာ ရဲရဲဖြေတာပေါ့ “လုံးဝငါးပါးသီလမလုံဘူးပေါ့” အဲလိုဖြေတော့ ဆရာတော်ကြီးက ပြုံးတယ်ဗျ ပရိသတ်လည်းပြုံးတယ်ပေါ့ဗျာ။

အမှန်တော့ သီလတော်မြတ်က သိမ်မွေ့လွန်းတယ်ဗျ၊ ဒီလောက် သိမ်မွေ့လွန်းတဲ့ တရားတော်မြတ် သီလတော်ကို ကျနော့်လိုငမိုက်သားက နားလည်အောင်ကို မနည်းကြိုးစားနေရသူမို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအကြောင်းတွေကို ညဏ်စဉ်အဆက်ဆက် ဒိဋ္ဌိသတ်နည်းအမျိုးမျိုးနဲ့ ဆွေး နွေးနေတဲ့အထဲ ၀င်ပါချင်ပါလည်း မ၀င်ရဲတဲ့အဖြစ်ပါဗျာ၊ တစ်ခါတစ်လေများဗျာ စိတ်ရှိလက်ရှိပြောနေ လိုက်ကြတာ.. အာလုံးနီးနီးသောတပန်၊ သကဒါဂမ် ၊ အနာဂမ်လောက်နီးနီးပါ.. အားကျတယ်ပေါ့ဗျာ။

တစ်နေ့ကလည်း သူငယ်ချင်းတစ်ယောက်ရဲ့ အလှုကိုသွားတော့ ဘုရားခန်းထဲမှာ သီးသန့်စားပွဲနဲ့ တရားဆွေးနွေးတာ တွေ့တော့လည်း ခပ်ဝေးဝေးက ပြန်လာခဲ့ရပြန်တယ်။

တခါတုန်းကများ တရားဆွေးနွေးနေကြတဲ့ လူကြီးတွေဝိုင်းနာသွားပြီး နားထောင်ကြည့်တာ ကြားရတာနဲ့တင် ကျနော် လှည့်ပြန်လာခဲ့ရတာလေ၊ စဉ်းစားကြည့်လေ… ပြောနေကြတာက ကျမ်းအကိုး အကား အပြည့်နဲ့ဆိုတော့လည်း ကျနော်မ၀င်ရဲပေါင်ဗျာ။

ဒီအကြောင်းတွေကြောင့်ပဲထင်တယ် ကျနော့်ညဏ်က သီလအဆင့်ကမတက်သေး။ တစ်ခါတုန်းကလည်း တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်ဆီသွားဖူးတော့ “သားငယ်လေး ဘာကြောင့်ပျင်းတယ် ဆိုတာကို ကိုယ်တိုင်တွေ့အောင်ရှာခဲ့” လို့မိန့်တော့ ဘာကြောင့်ပျင်းတယ်ဆိုတာကို ရှာလိုက်တာဗျာ သုံးနှစ်ကျော်လောက် ကြာတယ် အပျင်းတရားကိုတောင် ဒီလောက်ကြာခဲ့တဲ့ ကျနော့်အဖို့ ကျန်တာတွေ မတွေးရဲသေးဘူးဗျ အခုလည်းအားနေရင် သီလကြောင်းလေးပေါ့ဗျာ စဉ်းစားနေတတ်တယ်ပေါ့။ ဒီလိုစဉ်းစားရင်းနဲ့ သာသနာပ ကာလမှာလည်း (၅)ပါးသီလရှိနေတယ်၊ အခု သာသနာတွင်း ကာလမှာလည်း (၅)ပါးသီလက ရှိနေတယ် အနက်အဓိပ္ပါယ် ကွာမယ်ပေါ့ တွေးကြည့်တယ် ညဏ်မှီသလောက်ပေါ့ဗျာ။

စဉ်းစားရမဲ့လမ်းကြောင်းက ဆရာတွေသင်ခဲ့တဲ့အတိုင်းပေါ့ဗျာ ဘာ လဲဆိုတော့
“ သားငယ်ရေ လောကကြောင်းကိုချဉ်းကပ်မယ်ဆိုရင် ပညတ်ကို ညဏ်ကုန်လွတ်ဟေ့ ဒီလိုပဲ ဓမ္မကြောင်းကို ချဉ်းကပ်ပြီဆိုရင်တော့ ပရမတ်ကို ညဏ်ကုန်စိုက်တော့”

ဒီလိုသွန်သင်ခဲ့ဘူးတော့ လည်း ကျနော်သီလို့ ဆင် ခြင်ကြည့်တယ်ဗျ ကိုယ့်ကိုကိုယ်သီလ ဘယ်လောက်လုံ လဲပေါ့ဗျာ။

ပါဏာတိပါတ
သူတစ်ပါးအသက်သတ်ခြင်းမှ ရှေင်ကျဉ်တာ ဒီအနက်က ဘုရားမပွင့်လည်းရှိနေတဲ့ အနက် ဒါမှမဟုတ် အမြင်ပေါ့ဗျာ၊ သာသနာတော်တွင်းသီလအရ ပုဓ်ခွဲကြည့်တယ် နား လည်းသလောက် ပေါ့ လေ နေတ္ထိကျမ်းလာစာဖတ်နည်းအရ

ပုဒ်တစ်ပုဒ်ကိုချဲ့ယူခြင်း အာဝတ္တာဟာရ ဟူလည်းကောင်း ပရိဝတ္တနဟာရ ဟူလည်ကောင်း ဆို၏ ပိဋကတ်တော်၌ နေယျတ္ထဟုဆို၏
ပညာုရှင်တွေပြောတာဗျ။အဲ လို ဆိုတော့ ဆန့်ထုတ်ကြည့်တယ်ပေါ့လေ သီလတစ်ခုခြင်းကို ဇစ်မြစ်လိုက်တယ်ပြောပြောအဆုးံထိလိုက်တယ်ဆိုဆိုတွေးရအောင်ပြီးတော့ကျနော်တို့ကျင့်ရအောင် နော အဲခုနက ပထမသီလဖြစ်တဲ့ ပါဏာတိပတသိက္ခာပုဒ်ရဲ့

တိုက်ရိုက်အနက်= သူတစ်ပါး၏အသက်ကိုသတ်ခြင်း

သွယ်ဝိုက်အနက်= သူတစ်ပါးကိုနစ်နာအောင်လုပ်ခြင်း

ဆန့်ကျင်အနက်= သူတစ်ပါး၏အသက်ကိုရှည်အောင်အားထုတ်ခြင်း

သီလတစ်ခုကို ပြီးပြည့်စုံအောင် ဖြည့်ကျင့်ဖို့ဆိုရင်တော့ ဒီကျနော်တွေးမိတဲ့ အချက်သုံးချက်နဲ့ ပြည့်စုံပါမှ ပြီးပြည့်စုံတဲ့ သီလဖြစ်မှာပါ၊ လောကမှ အဓမ္မတရားတွေ မထွန်းကားဖို့ အရပ်ပြောသီလ၊ အရပ်ပြော သမာဓိ၊ အရပ်ပြောသတိ၊ အရပ်ပြောပညာတို့ကို ဖြည့်နေရုံလေးနဲ့ မဖြစ်ရေးခြာမဖြစ်ပါ။

အခုဟာက၀ိနည်းရှောင် “ငါမသတ်ရင်ပြီးဆိုပြီး သီလလုံနေတဲ့ ကျနော့်ကိုယ်ကျနော် ရှက်နေမိတယ်ဗျ ဒီတော့ တစ်ဖက်သားကို နစ်နာအောင် လုပ်တာလည်း သွယ်ဝိုက်အနက်အရ ပါဏာတိပါတသိက္ခာ ပုဒ်ကို ချိုးဖျက် တာပါပဲ။
ဆန်ကျင်အနက်အရ သူ့အသက်ရှည်အောင် အားထုတ်ခြင်း တဲ့ဗျာ ကျနော်တို့ ဘယ် လောက် ကြိုးစားပြီပြီလဲ..? စဉ်စားပေးပါ ။

ပရမတ်ရှုထောင့်က နေပြီး ကြည့်ရင်တော့ ပါဏာတိပါတ ကံပုဒ်ရဲ့ တရားကိုယ်က ဒေါသ၊
ဒီဒေါသတရားကို မိမိသန္တန်မှာ မလာအောင် စောင့်ထိန်းနိုင်ပါမှ၊ သတိနဲ့ စောင့်ကြည့်နိုင်ပါမှ ဒေါသရဲ့ ဆန့်ကျက်ဖက် အဒေါသခေါ် မေတ္တာတရားကို အချိန်ပြည့် ပွားစီးနိုင်ပါမှ ပါဏတိပါတကံကို ဘုရား အလိုတော်ကျ ပြီးပြည့်စုံအောင် ဖြည့်ကျင့် နိင်ပါလိမ့်မယ် ဗျာ။

ကဲပါဏာတိပါတ ပြည့်စုံအောင် လုံသလား.. ကျနော် ဘာသာပြန် မေးတော့ “မလုံ” ဆိုတဲ့ အသံလေး ထွက်လာသဗျ။

နောက်တစ်ခုက အဒိန္နဒါန
ပထမကတည်းက အမှတ်မရတဲ့အထဲ အခုဒုတိယသီလတော်မြတ်ကိုကြောက်ကြောက်နဲ့ ဆင်ခြင်နေပါပြီ ။

တိုက်ရိုက်အနက်= ပိုင်ရှင်မပေးသောပစ္စည်းကိုခိုးခြင်း
သွယ်ဝိုက်အနက်= မပေးပေးအောင်ဥပါယ်တံမျဉ်ဖြင့်တောင်းယူခြင်း၊ခြိမ်းခြောက်ခြင်း
ဆန့်ကျင်အနက်= မုတ္တစာဂ(နှောင်ကြိုးမဲ့စွန့်ကျဲပေးကမ်းခြင်း)

ခုနကပြောသလိုပေါ့လေ ပြန်စဉ်းစားတယ် ငါမခိုးဘူးဆိုတဲ့ ဟာလေးနဲ့လုံလောက်သလား
ဘယ်လောက်ထိ အနစ်နာခံ ပေးဆပ်ခဲ့ဘူးလဲ ၊ ရယူတာနဲ့ ပေးဆပ်တာ ဘယ်ဟာများလဲ
မခိုးပေမဲ့ ခြိမ်းခြောက်တာ၊ မပေးပေးအောင် ဥပါယ်တံမျဉ်သုံးတာလေးတွေ စဉ်စားပေးပါဗျာ။

ပရမတ္ထရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အဒိန္နဒါနသိက္ခာပုဒ်ရဲ့ တရားကိုယ်က လောဘ
ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားတယ်၊ ပြန်ကြည့်တယ်ဗျ၊ ဗိုက်ထဲလောဘတွေ ချိုးပြည့်နေတာ တွေ့တော့ သွားပြန်ပြီပေါ့ဗျာ နော်တစ်မှတ်။

နော်ထပ်ဆက်ပြီး စစ်ရဦးမှာလားဗျာ နောက်ထပ်ဆက်ပြီစစ်ရရင်တော့ …

2009 မှာဆွေသဟာ ဧငြိမ်းကြည်သာရှိပါစေ
မသူတော်ဘေး၊အဓမ္မဘေး ကင်းဝေကြပါစေ

ကျမ်းကိုး။ ။ဘ၀အမြင်သစ်(ဆရာကြီးဦးရွှေအောင်)

ငါ

ငါလိုချင်တာက မာယာကင်းတဲ့အစစ်အမှန်

ကံကြမ္မာဖန်လာတာကသစ္စာကင်းတဲ့ ဘ၀ဟန်

အတုမာယာကိုရင်မှာပိုက်

မျှောလိုက်နေတဏှာရေးစီး

အသက်သာကြီးအချိန်မစီးတဲ့ငါ

မရောင်ရာဆီလူးပြီး

အသက်သာကြီးအသိမကြီးတဲ့ငါ

ပြောတော့သစ္စာ

လုပ်တော့မာယာ

ပြောတော့အဟုတ်

လုပ်တော့အလွဲ။

ပြောတော့အနတ္တလုပ်တော့အတ္တ

ပြောတော့တရားလုပ်တော့မတရား။

တကယ်တော့ငါဟာ အလကားလူပါ။

အပြောင်းအလွဲ

အခုတလောစာရေးနေတာ မပြီးတာကများနေတယ် ဟိုဟာလေးရေးရကောင်မနိုးနိုး ဒီဟာလေးရေးရကောင်းမနိုးနိုးနဲ့ပေါ့ဗျာ နောက်ဆုံးတော့လည်း ခပ်ညံ့ညံ့ကျနော်က အဟောင်းလေးပဲ ပြန်တင်လိုက်တယ်ဗျာ။

ဒဏ်ရာပြင်းပြင်းကိုငါခံစားရင်း
လွမ်းဆွတ်ခြင်းညတွေစိတ်လေလေနဲ့ဖြတ်
ဝမ်းရေးကိုတွေးရင်း
အဆွေးသီချင်းကိုငြီးရင်း
ရင်းတွင်းမှာမကျက်သေးတဲ့အနာ
တကယ်တော့…ငါဟာ
ဒဏ်ရာနဲ့လူပါ။
ဘ၀ဆိုတာပမာစက်ဝန်း
လည်နေတဲ့သဘောပါတဲ့
ပညာရှင်တွေပြောနေကြတယ်
ရေးနေကြတယ်
ဆွေးနွေးနေကြတယ်
ဘယ်ခါဖြူပြီး ဘယ်တော့မဲမယ်
တကယ်ငါမသိ
လက်ရှိဘ၀အတိကျမှာ
ငါရဲ့ဒဏ်ရာမသက်သာဘူး။
ရင်ထဲမရှိတဲ့စကား
ပါးစပ်ဖျားပြောချောမွတ်
ဘုရားကန်တော့ပြီးစိတ်ပုတီးစိပ်
နောက်ပိတ်ကားကွယ်
ဘယ်လိုကြံဘယ်လိုလုပ်
ပြယုတ်သက်သက်တရားဖက်ပြီး
အတ္တဆင်စီးနေတဲ့
ပလီပလာသူတော်ကောင်း
ကြားကောင်းအောင်ပြောဘာသဘောလဲ
ငါလေ….ဒဏ်ရာထဲမှာနှစ်နေဆဲ..လေ။

မထေရ်မြတ်၏အဆုံးအမ

19.12.08 နေ့က မနက်အစောကြီး၊ ကိုစိုးရောက်လာတော့ စိတ်ထဲထူးဆန်းနေတယ်၊ မလာစဘူး အလာထူးတဲ့အချိန်မို့လို့ပါ၊ အစ်ကိုကျနော်နဲ့ ခဏလိုက်ပါတဲ့” “ဘယ်တုံး” လို့မေးတော့ “ဆရာတော် ဦးသုမင်္ဂလကို ပြန်ပို့ဖို့်နဲ့နှုတ်ဆက်ဖို့လေ” တဲ့

ဪ.. အခုမှသတိရဖြစ်တာက.. ဒီညီလေးတွေက တရားပွဲအလှူရှင်များ၊ မြိတ်ကိုကြွလာကြတဲ့ ဆရာတော် တော်တော်များများကို နှစ်စဉ်ပင့်ပြီး တရားအလှူ ပေးနေကြတာမို့ ခုဆရာတော့်ကို ပြန်ပို့ဖို့အတွက်၊ တရားပွဲများ မသွားနိုင်သော ကျနော့်အား၊ ဖူးတွေ့စေချင်သည် ထင်၏။
“အဲလိုဆိုလည်း သွားကြတာပေါ့ဗျာ.. ဒါပေမဲ့ခဏစောင့်.. ကျနော်က စီစဉ်စရာလေးတွေ ရှိလို့၊ တခြားတော့ မဟုတ်ပါဘူး၊ ဒီနေ့လည်ဘက်၊ ပစ္စည်းပို့ရမဲ့ ဆိုင်စာရင်းကို၊ တစ်ခြားတစ်ယောက်ကိုလွှဲမှ နို့မဟုတ်ဘူးဆို၊ ဘာမှန်းမသိဖြစ် နေမှာမို့ပါ။

လုပ်ပြီးတာနဲ့ တစ်ခါတည်း ဆရာတော့်ကားနောက်ကို ဆိုင်ကယ်နဲ့ မှီအောင်လိုက်ရပြန်တယ်၊ အေး ရတဲ့အထဲ ဆိုင်ကယ်ကို ဇတ်လိုက်မောင်းသလို မောင်းရတော့၊ ရင်ထဲပိုအေးလာတယ်၊ တောတွေ၊တောင်တွေ၊ ဓာတ်တိုင်တွေ၊ ကျန်ခဲ့၊ ပါးပါးလေး ကျနေတဲ့နှင်းကိုခွဲရင်း ဆရာတော့်ကား အမှီလိုက် မောလိုက်တာ၊ ဆောင်းမနက်ကချွေးပြန်တယ်၊ ကြောက်လို့လားမသိ၊ မှီအောင်လိုက်ရမှာမို့သာ။

ဆိုင်ကယ်ကို မြှားပစ်သလိုမောင်းနေရတာ၊ ကားနှစ်စီးစာတောင်မကျယ်တဲ့ လမ်းကျဉ်းလေးမှာလေ၊ သတိနဲ့ပေါ့ဗျာ။ အတော်နောက်ကျနေပြီလေ၊ ကျနော်ကတွက်ပြီးသား မမှီတော့ဘူးပေါ့၊ ကျွဲကူးရောက်တော့မှ ဆရာတော့်ကို တစ်ဖက်ကျောက်ဖျာကမ်းကို ပို့ပြီးပြန်လာတဲ့ ညီလေးတွေက အစ်ကိုကြီးရေ ဆရာတော် စောင့်နေသေးသဗျ၊ အစ်ကိုကြီးနဲ့ကိုစိုးကို အချိန်နှေင်းနေမမှာနဲ့ကြွသွားတာ။

ဒီတော့ မြို့ကိုပြန်မလားပေါ့၊ ကျနော်စဉ်းစားတယ်.. ဆရာတော်ကြီး ကျောင်းနဲ့လည်း နီးနေပြီဆိုတော့ “ညီလေးတွေကိုတော့ ပြန်ကြတော့၊ ငါဆရာတော်ကြီးဆီဝင်မယ်ပေါ့.. ဘယ်သူလိုက်မလဲ”
ဘယ်သူမှမလိုက်တော့၊ ကျနော်တစ်ယောက်ထဲ ဆရာတော်ကြီးဆီကို ၀င်သွားလိုက်တယ်။ ဆရာတော်ကြီးကျောင်းကို ၀င်တဲ့လမ်းက၊ ကျဉ်းကျဉ်းလေးဗျ၊ ကတ္တယာလမ်းလေး၊ ကျောင်းကလျှိုထဲမှာဆိုတော့၊ တောင်ပေါ်တက်ပြီးမှ ပြန်ဆင်းရတာလေ တောင်ဆင်းလေးပေါ့ဗျာ၊ တောင်ထိပ်ကနေကြည့်တော့၊ အလှအပတွေပေါ့ဗျာ စိမ်းနေတဲ့လယ်ကွင်းတွေ၊ ရွှေရောင်တောက်နေတဲ့ စေတီတော်တွေ၊ ရေ၀ိုင်းနေတဲ့ ကျွန်းရဲ့အလှက ပိုပြီးပီပြင်လာတယ်၊ ဒီလိုနဲ့တစ်ယောက်ထဲ အေးအေးလူလူသွာရင်း တွေးရင်း ဆရာတော့်ကျောင်းဝရောက်တော့ ဆိုင်ကယ်စက်ရပ်ပြီး အသံမကြားအောင် အရှိန်လေးနဲ့ဝင်ပြီးတော့ ဆရာတော် စံကျောင်းရှေ့မှာနား၊ အာ.. ကျောင်းဝင်းထဲရောက်လေ ပိုချမ်းလေပဲ၊ တောတွေဝိုင်းနေ တဲ့တောရကျောင်းလေး။

ဆရာတော့်စံကျောင်းက တိတ်ဆိတ်လို့၊ အေးချမ်းလို့၊ အပြင်ဘက်ကရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ တလင်းပြင်လောကနဲ့ ဘာမှမဆိုင်သလို၊ တည်ငြိမ်မှုအပြည့်နဲ့ ကျနော့်ကိုကြိုနေသလို။ ဆရာတော်လည်း ဒီလိုပါပဲ၊ ကျနော်ရောက်တော့ ကျောင်းပေါ်မှာမရှိ၊ မရှိဆို ထိုင်နေကျ ပက်လက်ကုလားထိုင်လေး အပေါ်မှာ လဲလျောင်းတော်မူနေကျ ခုတင်ညောင်စောင်းပေါ်မှာပါ၊ ကျနော့်စိတ်ထဲ စိုးရိမ်သွားတယ်၊ တစ်ပါးတည်းများ ကုဋီဝင်နေလားဆိုတဲ့အတွေးနဲ့ ကူဋီတံခါးခေါက်တော့၊ အသံမပြု၊ ဖွင့်ကြည့်တော့လည်းမရှိ၊ ဟို စိတ်ပူတာက၊ တစ်ပါးတည်းကုဋီတက်ရင် တွဲသူမဲ့နေမှာစိုးလို့၊ သက်တော် ၉၆ – ရှိနေပြီဖြစ်တဲ့ ဆရာတော့်မှာ၊ အကူမရှိရင် အထိုင်အထခက်မှာမို့ပါ၊ ဒီတော့ကျောင်းအောက်ပြန်ဆင်း၊ ကျောင်းဝင်းထဲလိုက်ရှာ၊ တစ်ခြားဦးဇင်းတွေက ဆွမ်းခံကြွနေချိန်မို့ ဆရာတော်တစ်ပါးတည်း လမ်းလျှောက်နေတတ်တာကိုး၊ ဟောတွေ့ပါပြီ.. သတိအပြည့်နဲ့ စင်္ကြန်ကြွနေတဲ့ မထေရ်၊ ခဏလေးလက်အုပ်ချီပြီး စောင့်နေတုန်းမှာပဲ။
ဆရာတော် တွေ့တော့
“သားငယ် အခုရောက်တယ်လား”
“တင်ပါ့ဘုရား”
“လာကျောင်းပေါ်သွားကြမယ်”
ဆိုတော့ဆရာတော့်ကိုတွဲရင်း ကျောင်းပေါ်တက်လိုက်မိတယ်။ ဆရာတော်ကခုတင်ပေါ်တက်တော့၊ ကျနော်လည်း ၀တ်ဖြည့်ရမှာသိတာမို့၊ ဆရာတော့်ကိုဝတ်ဖြည့်နေရင်း ဆရာတော်ဟောတဲ့တရားကို နာမိနေတယ်။

“သားငယ် နင်တို့မြို့ထဲမှာဝါဒတွေရှုပ်နေတယ်ဆို”
“တင်ပါ့“
“မှတ်ထားဗျ၊ သူတော်ကောင်းတရားပျက်စီးရင် လောကပျက်စီးမယ်၊ သူတော်ကောင်းတရား ကြီးပွားရင် လောကကြီးပွားမယ်၊ ဟုတ်လားသားငယ်”
တင်ပါ့
“သူတော်ကောင်းနဲ့ သူယုတ်မာခွဲတတ်လား၊သားငယ်”
ဟုမေးလာတော့လည်း၊ သင်ပြဖို့ တောင်းပန်လျှောက်ထားရပြန်တယ်၊ သင်ပေးပါဘုရား…
“သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ အနောတပဆိုတာ သူတော်ကောင်းဥစ္စာတွေဗျ၊ ဒီတရားကို ကျင့်ရင်သူတော်ကောင်း မကျင့်ရင် သူယုတ်မာပေါ့ဗျ၊ ဟုတ်ပြီလား”
တင်ပါ့

“နဲနဲပြောဦးမယ်ဗျာ၊ ဒီနေရာမှာ၊ ဘာလဲဆိုတော့၊ သီလကလည်း ရှိဟန်ဆောင်လို့ရတယ်၊ သုတလည်း ရှိဟန်ဆောင်လို့ရတယ်ဗျ၊ ဒါပေမဲ့စာဂဆိုတဲ့၊ စွန့်ကြဲခြင်းက ဟန်ဆောင်လို့မရဘူးဗျ၊ အခုခေတ် ထောင်မြင်ရာစွန့်တဲ့၊ အဲဒါစာဂမဟုတ်ဘူးနော်၊ ထောင်မြင်လို့ ရာစွန့်တာက “ဿသတအစွန်းဗျာ”
“ပေးလိုက်ရင်နားအေးတယ်ဗျာ ဆိုတာက “ဥစ္ဆေဒအစွန်းဗျ” ဟုတ်လားသားငယ်..
တင်ပါ့
ဓမ္မစင်္ကြာနဲ့ကြည့်ရင်တော့ “အတ္တကိလမထအစွန်းနဲ့ ကာမေသု ကာမသုခလိက္ကာနုယောဂေါ အစွန်းပေါ့ဗျာ”။
တင်ပါ့
အဲဒီအစွန်းတွေနဲ့ လုပ်တဲ့ဟာတွေရှိနေသမျှတော့ ဟန်ဆောင်သူတော်ကောင်းပဲဗျနော။
တင်ပါ့
“ဒီတော့သားငယ်ရ၊ ဘယ်လောက်စွန့်နိုင်လဲဆိုတဲ့ပြယုဂ်က၊ သူတော်ကောင်းနဲ့ သူယုတ်မာခွဲဖို့ အထင်ရှားဆုံးဗျ”

ဆရာတော်တရားကို နာယူရင်း ကျနော်ပြန်မေးမိတယ်ဗျာ.. ကိုယ့်ကိုယ်ကိုပေါ့လေ..
ဆရာတော် ရေချိုးတော့မှာမို့၊ ကျနော်ဦးချဝတ်ဖြည်ြ့ပီး အိမ်အပြန်ခရီးစပေမဲ့၊ အတွေးရင်ခွင်ထဲမှာတော့ မေးစရာတွေက၊ ကျန်နေဆဲလေ။

နွေညများ

နှင်းဆီရဲ့ရနံ့ကြောင့် ကျွန်တော်အိမ်ပြန်နောက်ကျခဲ့တာပါ။ ကြားဖူးနားဝရှိခဲ့တဲ့အချစ်အကြောင်းကို ကျွန်တော်ရင်ခုန်ရင်း ဘာသာစကားအသစ်တွေ။ ဆန်းသစ်တဲ့အိပ်မက်။ တိမ်းမူးတိမ်းမက်ဝေဒနာ။ အဲဒီမှာကျွန်တော်အဆိပ်တက်နေခဲ့တာပါ။ အကျီအဖြူ လုံချည်အစိမ်း အဖြူရောင်ချစ်ခြင်းမေတ္တာ ပြီးတော့ မမြင်ဖူးသောနေ့များ ညများ ဒီနွေများထဲမှာ ကျွန်တော်အရူးအမူး သာယာနေခဲ့မိတာပေါ့။

ပိုင်ဆိုင်မှုတွေ မတူညီတဲ့ဘ၀ မဖြစ်နိုင်တဲ့အခြေအနေ အဆိပ်တက်ဆူးတွေ ရေးရေးလေးတောင် ကျွန်တော်မသိတတ်ခဲ့ဘူးလေ။ ခြေရာ ချင်းထပ် ချစ်သူရှိရာအရပ် ။ ခိုးဝှက်မှတ်သား ချစ်သူအပြုံးလှလှလေးများ။ မပေးဖြစ်ခဲ့သော ကဗျာလေးတွေ ကျောင်းစာအုပ်တွေရဲ့နောက်ကျောဖက်မှာ ပိုင်ရှင်မဲ့လို့ တိတ်တိတ်ရှိုက်နေ။ ရေးခြစ်ခဲ့ဖူးတဲ့ စာတိုတပိုင်းတစလေးတွေ ကျောင်းခုံတန်းရဲ့ထက်မှာ ပြန့်ကျဲလို့ အစီအစဉ် အစဉ်မကျ။ တီးတိုးရွတ်ဆို ကာရန်ပျိုလေးတွေ ဟိုတစ်စ သည်တစ်စ။စီရီသီကုံး နင့်နာမည် အက္ခရာလေးလုံး ဂါထာတပုဒ်လို တဖွဖွရွတ် သိပ်ချစ်တယ်ဆိုတဲ့ အကြောင်းတွေ ။ ချစ်သူ့အြ့ပုံး ချစ်သူ့အရိပ် ဘယ်တော့မှမမေ့တဲ့ အဖြုရောင်နေ့ရက်တွေ။ ချစ်သူမျက်နှာလေးကိုတိတ်တိတ်လေးငေးရင်း ဘ၀မှာ ကျွန်တော်ဟာ မရှုမလှပျော်ခဲ့ရဖူးတယ်။

သံယောဇဉ်ဆိုတာ မိုးဦးကျမှာပွင့်တဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ အဲဒီလိုမျိုး…အစွမ်းကုန်ပွင့်အာပြလိုက်ဖို့ကြိုးစားရင်း အဲဒီနေ့တွေဟာ ရွေအိုရောင်တွေပေကျံတောက်ပနေခဲ့တာပေါ့။ တီးတိုးကြိတ်မှိတ် မပြောဖြစ်ခဲ့တဲ့ စကားတွေ ရာထောင်ချီ နေရာတိုင်းနံရံတိုင်းမှာ ပဲ့တင်ထပ်နေပြီ။ချစ်သူရေ…နားလည်ပါ။ ငါ့ကိုနားလည်ပေးစမ်းပါ။ ရင်ထဲကလာတဲ့အချစ်ဆိုတာ တခါတလေတော့လဲ ကာရန်မပြေတဲ့ ကဗျာတပုဒ်ဖြစ်တတ်ပါတယ်။အရာရာသည်စနစ်တကျ ပျက်ချော်မှားယွင်း တို့ဆုံဆည်းခြင်းကလည်း ညိုပြီးမှ မပြိုဆင်းခဲ့တဲ့ တိမ်မိုးတွေလိုနောက်ဆုံးတော့လဲ အိပ်မက်တွေ လန့်နိုးခဲ့ရတယ်မဟုတ်လား။ ထုဆစ်ခဲ့တဲ့ တခြမ်းပဲ့ အိပ်မက်တွေ တနေ့ထက်တစ်နေ့ တရွေ့ရွေ့ဝေးကွာ ည…ညများစွာအမှောင်။ ဒီလမ်းအိုဟောင်းလေးလဲ နွေနဲ့အတူ ခြောက်သွေ့။ နင့်အသံ နင့်အရိပ်အခုတော့လဲ အသံဆိတ်လို့ နွေေ၇….နင်ေ၇ာက်လာတာ စောလွန်းတယ်။ရေးတာပါ၊တင်ပေးပါတဲ့၊အင်မတန်ရိုးပြီး အရိုင်းဆန်တဲ့ ညီးလေးရဲ့ နှလုံးသားမှာ ဒဏ်ရာတွေနဲ့လေ

သံယောဇဉ်

အခုတလော လောကဓံက ကျနော့်ကို ဆက်တိုက် ထိုးနက် လာတယ်။ လောကဓံ ထိုးချက်နဲ့ ထုသားပေသား ကျနေပြီး ဖြစ်တဲ့ ကျနော့်အဖို့ကတော့ မဆန်းတော့ပါ ရိုးသားစွာ အသက်မွေး ၀မ်းကြောင်းရန် အတွက် ကျနော့်မှာ သတ္တိရော ပညာပါ ရှိသည်။ ဒါပေမဲ့ စိတ်ခိုင် လှသည်ဟု ဘာသာ မှတ်ယူ ယုံကြည်မိသော ကျနော်သည် သံယောဇဉ် ကြောင့် မျကရည်မထွက်ဘဲ ကျိတ်ငို ခဲ့ရပါ၏။

အော် …သံယောဇဉ်တဲ့ …အမြင်မဲ့ ပေမဲ့ ခိုင်လွန်းတဲ့ကြိုးလေ။

ကျနော် အိမ်ရှေ့မှာ ထိုင်ရင်း သမီးနဲ့ ဆော့နေသည်။ ဖခင်နှင့် နှစ်ပေါင်းများစွာ အတူရင်းနှီးခွင့် မရ ခဲ့သော မိခင်မဆန်သော သူတစ်ယောက်၏ ရက်စက်စွာ အစွန့်ပစ် ခံခဲ့ရသော သမီး ပျော်နေပါသည်။

“ညကျရင် အဖေနဲ့အိပ်မယ်။ အဖွားနဲ့ မအိပ်တော့ဘူး..နော်”
ဟု ပြောလာသော သမီးကို ကြည့်ရင်း ၊လွတ်လပ် ပေါ့ပါးစွာ ခေါင်းကို ညိတ်ဖြစ် ပြန်သည်။

တကယ်လည်း တမြို့တည်း နေကြပါလျှက် ကျနော်တို့ သားအဖမှာ အတူအိပ် ခဲ့ရသောရက် ရှားပါသည်။ သမီးကို ပြောသော အိပ်ရာဝင် ပုံပြင်ဟု ပြောချင်ပြော၊ သမိုင်းဟုပဲ ဆိုချင်ဆို၊ သမီး သိချင်သော အကြောင်းအရာ မှန်သမျှကို ကျနော် မပြောနိုင် သည်မှာ ကြာခဲ့ပါပြီ..

သမီးကို ရင်ခွင်ထဲ ပွေ့ရင်း.. တွေးနေတုံးမှာပဲ….

“ဆရာ” ဟုခေါ်ရင်း အိမ်ပေါ် တက်လာကြသော ၊ကျနော် စာသင် ပေးနေသော ကလေးတစ်စုကို ကျနော်တွေ့တော့၊

“လာကြကွာ ထိုင်ကြ..ပြီးတော့ ဆ၇ာ ဘာလုပ် ပေးရမလဲ ပြော..သားတို့ သမီးတို့”
ဟု ပြောရင်း ၊ခလေးတွေကို ကြိုနေ မိသည်။

ကလေးတွေ ဆိုပေမဲ့ အားလုံးက ကျောင်းပြီးနေပြီး အလုပ်ဝင် နေကြ သူတွေပါ။ ကျနော်က သူ တို့လေးတွေ နှင့် တခြား ၀ါသနာပါသော ကလေးတွေ အားလုံးကို ပညာဒါန English စာသင်ပေး နေတာ (၃)နှစ် ကျော်ပါပြီ။

တတ်စေချင်သော စေတနာ သက်သက်ပါ။ ပညာပါရမီ အလို့ငှာ ပေါ့လေ။ တခြားကျူရှင် မယူနိုင်သော ကလေးတွေ ကိုလည်း ကျနော် တတ်နိင် သလောက် အနွေးထွေးဆုံး ပွေ့ဖက် ဆီးကြိုခဲ့သည်။

ကျနော် ကိုယ်တိုင် ကမှ ပညာကို လောဘနဲ့ ရှာခဲ့ရ၊ ဆင်းဆင်းရဲရဲ ပညာသင်ခဲ့ ရဘူးတော့ ဒီ ကလေးတွေကို ၊ကျနော် နားလည် ပေးနိုင်သည်။ ၊စာနာပေးနိုင်သည်လေ။

ထားပါတော့လေ။ အပုပ်တွေ ဖေါ်နေရင်းနဲ့ မပြီးတော့ဘူး ဖြစ်နေမည်။

ကျနော် ခေါ်လိုက်တော့ ခလေးတွေ ၀င်လာပြီး တန်းစီထိုင်၊ ကျနော့်ကို သီတင်းကျွှတ်တိုင်း ဒီလိုပဲ ကျောင်းသားတွေ ကန်တော့ နေကြလေ။ ဆန်းမှ မဆန်းတာ။

အခုက ဆန်းနေတယ်ဗျ။ ဘာလဲ ဆိုတော့ သူတို့လေးတွေ လက်မှာ… စာအိတ်ဖြူ လေးတွေ ကိုယ်စီ နဲ့ဆိုတော့၊ ဆန်းနေတာပေါ့။ ရိပ်မိစ ပြုလာသည်။ ဒီကလေးတွေ ကိုယ်စီ.. ငွေတွေ ယူလာကြပြီ။ ၊လက်ထဲက စာအိတ်လေး တွေက ဖောင်းလို့။ ကျနော် ပြောရ ပါတော့မည်။ တားရ ပါတော့မည်။

“ကလေးတွေ အားလုံး ရိုးရိုးလေးပဲ ကန်တော့ ကြပါကွာ။ ခါတိုင်းလိုပေါ့”
ဟု ကျနော် ပြောတော့……

အသက် အကြီးဆုံး ဖြစ်တဲ့ သမီးတစ်ယောက်က….
“ဆရာ့မှာ အခက်အခဲ တွေ့တယ်လို့ ကြားတယ် သမီးတို့ ကန်တော့ ပါရစေတဲ့”

ကျနော် ၀မ်းသာသည်။ အလိုက်သိ လိမ်မာတတ်သော ခလေးတွေ အားလုံးအတွက် ကျနော် သင်ရကျိုး နပ်ပါသည်။ စာကို သာမက သူတို့ဘ၀ တွေကို ရော စိတ်ကိုပါ ကျနော် သင်နိုင်ခဲ့ ပါပြီ။ ထို့အတွက် ကျနော် ကျေနပ်ပါ၏။်။

ကျနော် အလုပ်ထွက်တာ ကို ခလေးတွေ သိပြီး ရောက်လာတာ ဖြစ်နိုင်သည်။

“သားတို့.. သမီးတို့ နင်တို့ ဆရာ ငါလေ၊ ငွေထက် ပါ၇မီကို ချစ်တယ် ဆိုတာကို နားလည်တယ် ဆိုရင် သားတို့ ပြန်ယူသွာ။ ၊ပြီးရင် စနေ၊ တနင်္ဂနွေက လွဲပြီးတော့ ၊စာသင်ချိန်မှာ ဆရာစာပြန်သင်မယ်၊ ကျေးဇူး တင်ပါတယ် ၀မ်းလည်း သာတယ်။ သားတို့ ဆရာ့ကို ချစ်ရင် ပြန်ကြတော့။’
ဟု ပြောတော့ ကလေးတွေ မျက်နှာ မကောင်းကြ။ မတတ်နိုင်။ ကျနော် လက်မခံနိုင်ပါ။ ကျနော် လို ချင်သော အသိညဏ် ရှိသော ကလေးတွေ ဖြစ်အောင် နေခြင်း တစ်ခုတည်း ပင်လျှင် သည် ခလေးများ သည် ကျနော်အား ကျေးဇူး ဆပ်ခဲ့ ပြီးပါပြီကော။ နောင် လာသမျှကို ကျနော် သင်ပါဦးမည်။ ပြောပါဦး မည်။ ပါရမီ အလို့ငှာ သာလျှင် ဖြစ်ချင် ပါသည်၊၊

ကလေးတွေ ပြန်သွာတော့ ကျနော် ကျိတ်ငို သည်မှာ.. ဘာကြောင့် လည်းတော့ ကိုယ်တိုင် မသိတော့ ။သံယောဇဉ် ပဲဖြစ်မည် ထင်သည်၊။

“ဆရာ..” လာပြန်ပြီ တစ်ယောက်။ ဆိုင်ကယ်သံ ကြားတာနဲ့ ကိုလွင်မှန်း သိသည်။ ကိုလွင်က ကုန်စုံဆိုင် ရောင်းသည်။ သူနဲ့ ကိုထွန်းဝင်းက ကျနော့်ဆီမှာ ဗေဒင်ကို အဆဲခံ အဆူခံ ပြီးသင်သည်။ ညဖက်တွေ ကျနော် ရှိရာကို တကူးတက လာပြီး သင်ကြ သူတွေ ဖြစ်၏။

ကျနော် ကိုယ်တိုင်လည်း ထိုပညာ ရပ်ကို စံနစ်တကျ သင်ခဲ့ပါသည်။ ဆရာ စဉ်ဆက်ကိုတော့ အခွင့် ကြုံသော် ပြောဖြစ်မည် ထင်၏။

“ဆရာက.. သူဌေးတူကို.. ဒူးတိုက်ပြီးမှ အလုပ်ထွက်တာ၊ လုပ်လာတဲ့(၇)နှစ်နဲ့ဆို တန်တယ်”
ဟုပြောလာတော့ ကျနော် ပြုံးဖြစ်ပြန်တယ်။

မတော်မတရား လုပ်လွန်းတော့ လည်း.. အင်း၊ ပြောရင် ပေရှည် နေမယ်နော် ဆရာဆီကို စိတ်ပူလာကြတဲ့ သူငယ် ချင်းတွေပါ တပည့် မဟုတ် ပါဘူးလေ။ ဆရာဆိုတာက တာဝန် သိပ်ကြီးတယ်လေ နော်။ ဆရာက ဆရာနဲ့ မတူရင်အပယ်ကို visa မလိုဘဲ ရောက်သွား မှာတော့ ကျနော် ကြောက်ပါသည်။

သံယောဇဉ်နဲ့ လာကြ သူများ ဆီက သံယောဇဉ် ကိုတော့ ကျနော် ယူခဲ့တယ်လေ။ ကျန်တာ တွေကတော့ ပြန်ယူသွားကြပေါ့.။
ညဖက် ကျရင် သားအဖ လမ်းလည်ပြီး အတူအိပ်ရမဲ့ သမီးကတော့ ပျော်လို့လေ ကျနော် ကျေနပ် နေတယ်လေ သမီးကို ပုံတွေ ပြန်ပြောရတော့ မှာ မို့လေ။

ကျနော် နှင့်ဓမ္မကောက်ကြောင်း

လွန်ခဲ့သော လက ကျနော်သည် ပိဋကတ် ကောက်ကြောင်း ကို ရေးခဲ့ရာ ရှင်းပြရန် အကြေင်းပေါင်း များစွာ ကျန်ရှိ နေပါသေးမှန်း သိသော်လည်း စာရေးရန် မအားလွန်း ဖြစ်ပြီး၊ နောက်ကျ နေခဲ့ပါသည်။ ထိုစာစုကို ကျနော် ရေးရခြင်း အကြောင်းကို၊ ကျနော် ရှင်းပြ ချင်ပါသည်၊ လွန်ခဲ့သော နှစ်နှစ်က ကျနော့် ဆီကို မိတ်ဆွေ တစ်ယောက်က ၊လက်ဆောင် ပေးလာသော စာအုပ်လေး သည် ပိဋကတ် ကောက်ကြောင်း ကို ကျနော် ရေးဖြစ်သော အကြောင်း တည်း။

Dhammakaya Foundation ,C.A, USA (2002) တွင် ကမ္ဘာ့ ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ ကို ဖိတ်ကြား သဖြင့် တက်ရောက် ဟောပြောသော မိန့်ခွန်း အဖွင့်သည်၊ ကျနော့်ံရင်ကိုကိုင်လှုပ်လိုက်၏။ သံဃာ အားလုံးကို သံဃာဟု တတန်းစားတည်း မြင်သော ဆရာကြီး ၏ မိန့်ခွန်းနိဒါန်းည် ပိဋ္ဋကတ် ကောက်ကြောင်း ကို ရေးရန် မီးစ ဟု ဆိုရလျင် အစ်ကိုကြီး မင်းဒင်၏ ဖြစ်ပျက် ရှာပုံတော် ခရီးသည်၊ ကိုသင်ကာကိုလူလ၊ ညီလေး အလှတရား နဲ့ တခြားသော၊ စာဖတ်သူ အာလုံးသည်၊ ငြိမ်းလုလု ဖြစ်နေသော၊ ထိုမီးစ၏ အားဖြည့် လောင်စာ ဟု ဆိုပါလျှင်………

ဆရာကြီး ၏ ကြည်ညို အားကျဘွယ် ကောင်းသော မိန့်ခွန်းကို ကျနော် အနည်းငယ် ကောက်နုတ် ပြ
ရလျှင်၊ စာဖတ်သူများ အကျိုးရှိမည် ဟု ထင်ပါသဖြင့်ကောက်နုတ် တင်ပြရပါမူ….

Most venerable bhikku mahasamgha, lay disciples, devotees of the Buddha, Dhamma and Samgha, this is a really great occasion that we will meet here to pay respect all the Samgha.
We see here the wonderful spectrum, the rainbow’s spectrum of the Samgha from the different countries. They are all branches of the same tree.

ထိုသို့ အားလုံးသော သံဃာတော် အရှင် သူမြတ်ကြီး အပေါင်း တို့အား ခွဲခြားမှု မရှိ တတန်းစားတည်း ထားရှိကြည်ညို နိုင်သော နှလုံးသား ကို အကျင့် တရားမပါပဲ မရနိုင်ပါ ၊တကယ် ကျင့်ပြီး တကယ် သိလာ သော “အနိစ္စ” တရားကို မသိသေး သမျှ ကာလ ပါတ်လုံး ၊ဗုဒ္ဓ သည် လည်းကောင်း၊ တရားတော် ၏အချို့သော အကြောင်းအရာ များကို လည်းကောင်း ဒဏ္ဍာရီ ဆန်သည် ဟု မှတ်ယူရင်း ၊ပယ်လိမ့် ပေမည်။

စင်စစ် ဗုဒ္ဓကို လည်းကောင်း ၊ဗုဒ္ဓ၏ သင်ကြား ချက်များ ဖြစ်သော တရားတော် ကို လည်းကောင်း ဖီလော်ဆိုဖီ သက်သက် မျှဖြင့် ချည်းကပ်ပါက၊ အမှန်ကို သိရလိမ့်မည် မဟုတ်ဟု၊ ကျနော် ပြောဝံ့ပါသည်။

ထို ယူဆချက် ကို သက်သေ ပြရန်အတွက် ၊ကျနော်သည် ကမ္ဘာ့ဗုဒ္ဓ၀ါဒ ပညာရှင် တစ်ဦး ဖြစ်သော Dr.K.Sri Dhammananda ၏ ကျမ်းစာ တစ်အုပ် ဖြစ်သော The Aim And Way Of Life အခန်း နှစ် မှ စာပိုဒ် တစ်ချို့ကို ကောက်နုတ် ရပါလိမ့်မည်။

This method is also variously known as the Middle-path, a righteous way of life, and ethico-philosophical system, a do-it-yourself method and also can be introduced as a path of freedom and reason.

အထက် ဖေါ်ပြပါ စာပိုဒ်တွင်၊ ကျနော်သည် do-it-yourself method ဟူသော စကားကို “ကိုယ်တိုင် ကျင့်မှ သိနိုင်သော နည်း” ဟုဘာသာ ပြန်ပါမည်၊ အမှားဟု ဆိုလျင် ကျနော့် တာဝန်သာ ဖြစ်၏။ ထိုစကား သည် ၊ဗုဒ္ဓနဲ့ ဓမ္မကို ယုတ္တိဗေဒ သို့ ဒဿနစံနစ် တစ်ခုတည်းဖြင့် ချည်းကပ် လေ့လာ နေကြသော အနောက်တိုင်း ပညာရှင် တချို့ သိသင့်၊ သတိမူမိ သင့်ပါသည်။

ကိုသင်ကာ ဆိုခဲ့သော ဆရာကြီး ဦးအေးမောင် ၏ ကျမ်းစာအုပ် တော်တော် များများ ကျနော့် ဆီတွင် ရှိပါသည်။ အလွန် ကောင်းပါသည်၊ လေးစာဘွယ် ဖြစ်သည်၊ ထိုစာအုပ် ကိုလွန်ခဲ့သော နစ်ကရာ ပြည့် စာအုပ် တိုက်က ပြန်ထုပ်သည် မစွန်ပါ၊ ဆရာကြီး ၏ မူလစာ များကို ဖြတ်ညှပ် လုပ်ထားသည် စိတ်မကောင်း ဖြစ်သည် ၊မထုတ်ချင် လျင် မထုတ်နဲ့။ ထုတ်ဝေမည် ဆိုလည်း မူလ အတိုင်း ဖြစ်သင့်၊ ပြန်လည် ထုတ်ဝေသင့်ပါသည်။

ဆရာကြီးက ထိုစာအုပ် တွင် အနောက်တိုင်း သုတေသီ ပညာရှင် များ၏ ဖေါ်ပြချက် များနဲ့ မြန်မာ ပညာရှင် များထဲမှ လယ်တီ ဆရာတော်ကြီး နှင့် ဆရာကြီး ဦးရွှေဇံအောင် တို့၏ ကျမ်းများကို ကိုးကားကြောင်း ရေးခဲ့သည်၊ ကောင်းပါ၏်။

သို့သော် အနောက်တိုင်း သုတေသီ တချို့က လက်မခံသော ဒဏ္ဍာရီဆန် သည့် အကြောင်း အရာ များကို ကျေးဇူးရှင် လယ်တီ ဆရာတော်ကြီးက လက်ခံ၏၊ ယုံကြည်၏၊ ထိုသို့ လက်ခံသည့် အတွက်လည်း၊ ဆရာတော်ကြီး ရေးသား စီရင်အပ် သော စက်ပရိတ် အတော် များများတွင် “စကြာင်္ဝဠာ ကမ္ဘာမြေမိုး တဖြန်းဖြန်း ကျိုးမျှ” ဟူသော တန်းခိုးတော် ဆိုင်ရာ အမွမ်းကို ထည့်ခဲ့ဟန် တူသည်။

ဝေဘူ ဆရာတော် ဘုရားကြီး ပြောဘူး သည်ကို မှတ်ရ သမျှ ပြန် ပြောပြရ လျှင် “ ဒို့များကို ဟိုလက်နက်ဒီလက်နက်နဲ့ ပစ်မယ် လို့ပြောနေ ကြတယ် ၊ဒါပေမဲ့ ဒို့များက၊ ဒီနေ့ ရပ်ဟေ့ ဆိုရင်တော့ အကုန် ရပ်ရမယ်” ဟု ပြောတာကို တိတ်ခွေ နာရဘူး ဖတ်ရဘူး ပါသည်၊။

ထိုနေရာတွင် ကျနော် အနောက်တိုင်း သုတေသီ များကို အပြစ် ပြောနေခြင်း မဟုတ်ပါ၊ဗုဒ္ဓ ၀ါဒကို ၊ဘုရာ.းအလိုတော်ကျ လက်ခံ ရေးသား သော အနောက်ဖက် ပညာရျင် တချို့၏ စာများကို ကျနော် လက်လှမ်း တမှီ ဖတ်ဖူးပါသည်၊။

ကျနော် တို့ မြန်မာ့ ဗုဒ္ဓ၀ါဒ ပညာရှင် ကြီး များသည်၊ ဓမ္မကို ချည်းကပ် ရာတွင်၊ ၀ိဇ္ဇာ(အသိ)နဲ့(စရဏ)အကျင့်ကို ထပ်တူ ပေါင်းစည်း ချည်းကပ်ပြီး အနောက် ပညာရျင် အတော် များများသည် ၀ိဇ္ဇာ (အသိ) တစ်ခု တည်းဖြင့် ချည်းကပ် နေသည်ကို တွေ့ရပါမည်။
မည်သို့သော ချည်းကပ်နည်း က ပိုကောင်းသည် ဆိုသည် ကိုမူ မိမိဘာသာ ဆုံးဖြတ် ရပါလိမ့်မည်။

ဆက်ရန်……

ကြိုးနဲ့စွန်

ခုတလော စာရေးဖို့စိတ်ကို အတော် မွေးယူ နေရတယ်။ လေ။ တကယ် ရေးမယ် ဆိုတော့ ခေါင်းထဲမှာ ဘာမှမရှိသလိုပဲ။ ခံစားနေရတယ်။ စိတ်လေ နေတာလဲ ပါမယ်၊ ပျက်နေတာလဲ ပါမယ်ထင်ပါရဲ့။ ဒီတော့ ခံစားချက် အဟောင်းလေး ကိုပဲ၊ ပြန်တင် လိုက်တယ် ခွင့်လွှတ်ကြပါဗျာ။

တစ်ခါတစ်လေ…ဝေဟင်ထိုးဖေါက်
မိုးရောက်အောင်သွား…ငှက်များဘုရင်
လင်းယုန်ရှင်လို…ဖြစ်ချင်တယ်။
တစ်ခါတစ်လေ…ရှင်နေမင်းနား
ခစားဝပ်စင်း…တိမ်ကိုခွင်းတဲ့
သိမ်းငှက်မင်းလို…ဖြစ်ချင်တယ်။
တစ်ခါတစ်လေ…ရေပေါ်လှိုင်းစီး
ဲပြီးတော့ထပျံ…မိုးသားထံပျော်
မုန်တိုင်းစင်ယော်…ဖြစ်ချင်တယ။်
ဒါပေမဲ့…ကွယ်
ငါပျံပါလဲ…မိုးသားထဲတက်
ပင့်သက်ခဏ…တစ်ချမျှသာ
ဆင်းရပြန်ပြီ…နဖားသီဖွဲ့
ကြိုးနဲ့စွန်လေ…ကြိုးနဲ့စွန်။

« Older entries Newer entries »