ဝါသနာ

ဘလော့ဂါတစ်ဦးဖြစ်တဲ့ညီမနှင်းဆီနက်ကရေးပေးပါဆိုပြီးတက်ဂ်လာတာက၀ါသနာတဲ့လေ၊၀ါသနာဆိုတာဘ၀ အဆက်ဆက်က ပါလာတာမျိုးဆိုတော့ ဘုရားမှတပါး ဘယ်သူမှမစွန့်နိုင်တဲ့ဟာဆိုတော့ကျနော့်မှာလဲဝါသနာက ရှိနေပြီးသားပါ…။ စာအုပ်ရှာဖတ်ရတဲ့ဝါသနာ..ဟုတ်ပါတယ်..စာဖတ်ရတဲ့ဝါသနာအပြင်၊ရှားပါးစာအုပ်တွေကို မရရအောင်လိုက်ရှာဖတ်တတ်တဲ့ဝါသနာပါ၊မသက်သာဘူးဗျ၊ကိုယ်ဖတ်ချင်တဲ့စာအုပ်ကိုမဖတ်ရသေးသမျှတော့ရင်ထဲမှာအဆာမပြေဘူး၊ လိုက်ရှာတာပါပဲ၊ ထမင်းမေ့ ဟင်းမေ့ တင်မဟုတ်ပါဘူး၊ ထမင်းငတ်ဟင်းငတ်အထိပါဗျာ

ဟုတ်တယ်တခါတုံးက အရှင်နန္ဒ၀ံသ MA ရဲစာတွေ လိုက်ရှာတာထမင်းဖိုးတောင် မကျန်ခဲ့ လို့ထမင်း ငတ်ဖူးသလို၊ဆရာကြီးသခင်ဘသောင်းရဲ့ ဗုဒ္ဓ၏စင်္ကြ၀ဠာတရား တော်ကို ဒုတိယအကြိမ်မထွက် ခင် လေးမှာချင်းတွင်းမှာသွားဝယ်တာ၊ဈေးကလည်းကြီးနေတော့၊စဉ်စားနေရင်းနဲ့ပိုဖတ်ချင်လာလေ၊ မျက်စိထဲကစာအုပ်ကမထွက်တော့ဘူး ၊မျက်လုံးမိတ်လည်းစာအုပ်မျက်နှာ ဖုံးကပေါ်နေတော့တာပဲ ဒီလောက်ဖြစ်နေ မှတော့ဝယ်မယ် ဆိုပြီး ရှိသမျှပိုက်ဆံအကုန်အစင်ဝယ်လိုက်တယ် ဒီတုံးကတောင် (7000) ဆဆိုတာတော်တော်များနေတဲ့ အနေထားပဲါ၊ ကျနော်သုံးလေးရက်လောက် ထမင်းလွတ်သွားတယ်ဗျ ၀ါသနာလေ ဒီလိုနဲ့နောက်ပိုင်းတော့ စာအုပ်တွေကိုရှာဖတ်ဖြစ်တယ် နောက်ကဆရာကြီး ဦးအေးမောင်ရဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ စာအုပ်ကသုံအုပ် ကျနော်ဖတ်ရတဲ့အချိန်က 1989 မှာပါ ကျနော့်ကိုဗေဒင်တွေသင်ပေးတဲ့ ဆရာကြွယ်ဆီ မှာဖတ်ရတာ ဆရာကဒီစာအုပ်ကိုယုယုယယ ကိုသိမ်းထားတာပါ ထွက်တာက လည်း(1971) ကတည်းကဆိုတော့လည်း ကြာနေပြီလေ ဒီတော့ကျနော့်မျာဝယ်တောင်းလို့ လည်းမရ လိုချင်တာကလည်းအပိုင်ကျနော်လိုက်ရှာမယ်ဆိုပြီးကျိတ်ထားလိုက် တယ်ထိုက်တန်ရင်တော့ရောက်မမှာပေါ့လေ ဒီလိုနဲ့ဒီစာအုပ်ကို အနံ့ခံနေလိုက်တာ ရောင်းမဲ့သူတွေ့ပြီ ဈေးခေါ်တော့ ကျနော့်အတွက်ကများနေတယ် တစ်အုပ်ကို 5000 ကရောင်းဈေးမလျှော့တော့ဘူးဆိုတော့ လည်း ကျနော့မှာလေ အလုပ်လိုက်လုပ်ရတယ်ပေါ့ဗျာ စာအုပ်ဝယ်ဖို့ မတတ်နိုင်ဘူးလေ ဖတ်ခြင်နေတာကိုး နောက်ဆုံး အဟောင်းတွေ ၀ယ်တဲ့ဒိုင် တွေဆီတောင် စာအုပ်ဟောင်း ရရင် ကျနော်ကိုရောင်းဖို့ မှာရတယ် ဗျ၊သူတို့ လည်းရောင်းတာပေါ့ဗျာ ဒီဆိုင်တွေကျေးဇူးကြောင့်ပဲ အရမ်းရှားနေတဲ့ စာအုပ်တချို့ရောက် လာတယ် လေ ပြီးတော့ ကျနော်ကျေးဇူးတင်ရတဲ့ အစ်ကိုကြီးတွေ အခုထက်ထိပေါ့လေ သူတို့ကလည်းစာသရဲတွေ လေ ကျနော်မှာတဲ့စာ အုပ်မှန်သမျှကို အလုပ်ပျက်အကိုင်ပျက် ခံပြီးရှာပေး မရရင်မိတ္တူကူးပေး ကိုသောင်းတင်တဲ့ ယောဂီပါရဂူ အစရှိတဲ့ ကန္နီဆရာတော်ကြီး ကျမ်း စာ တော် တော်များ များ ကို မန်းလေကနေ ပို့ပေး တာ ပြီးတော့ အစ်ကိုကြီးသန်းညွန့်

က ဓမ္မစေတီရဲ့ဆရာလို့ဆရာတော် ကိုယ်တိုင်ပြောတဲ့ ဖိုးဝန်းတောင်ဦးညွန့်ရဲ့ နေညတ္ထိဝိပဿနာကျမ်း နဲ့ တချိန်တုံးက ၀ိနိစ္ဆယချထားပြီး ဖြစ်တဲ့ ဆူးလေဓမ္မကထိကဆရာကြီး ဦးမြင့်သိန်းရဲ့ စာတွေ အခုခေတ်စားနေတဲ့ ထေရ၀ါဒ သမ္ပဒါတို့ အ၀ိဇ္ဖာမှဝိဇ္ဖာ ဆိုတဲ့တရားတွေရင့်အရင်း အမြစ်ဟာ ဆူးလေဆရာကြီးဦးးမြင့် သိန်းရဲ့ အရင်း မြစ်ပေါ့လေ သိချာ သိ ချင်ရင်တော့ ဒီဆရာကြီးရေးတဲ့ အမ္ဘူတဒီပနီ ကိုသာရှာဖတ်ကြည့်ကြပါ လို့ တိုက်တွန်း ချင် ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုကွာလည်း သိလိမ့်မယ်ထင်ပါတယ် ကျနော့်မှာ မကောင်းတဲ့ အကျင့် ၀ါသနာက ဘာကြောင့်လည်းဆိုတာသိချင်တာလည်း ပါတယ်၊ ပြီတော့သဘာဝအလှကိုရော ခံစားစောင့်ကြည့်တာ သဘာဝကိုသိချင်တာ လည်း ပါတယ် လို့ပြောရပါ့ မယ်။

မနက်အာရုံတတက်ချိန်တွေ ၊ညနေနေ၀င်ချိန်တွေ ၊ပြီးတော့တောတောင်တို့ရဲအလှတွေ၊မြစ်တွေရဲ့အလှတွေ၊ ကိုကြည့်ပြီး ကျေနပ်နေတတ်တယ်၊ အဲလရောင်ချိုတဲ့ ညဘက်တွေလည်းမေ့ထားလို့မရဘူး လရောင်တွေ တိမ်တိုက်တွေ၊ လေအလိုက်နဲ့ကတဲ့ နှင်းကချေသည်တွေ..ကျနော့်အဖို့တော့ အကုန်လှနေပါတယ် ဒီလိုသဘာဝ အလှတွေကိုချစ်တတ်ပါတယ် စိတ်ကူးယဉ်တယ်လို့ပြောလို့ရပါတယ် မနာ ဘူး ကိုယ်ကမှချစ်နေတာကိုး တခါတုံး က ပြောရဦးမယ် ဆရာတော်ကြီး ကျနော့်ငယ်ဆရာက သူ့အလုပ်စခန်းသွားဖို့ ကျနော့်ခေါ်တော့ ကျနော်လိုက်တယ် ဘယ်နေရာသွားမယ်ကြိုမပြောတတ်ဘူး ကျနော်လည်းမမေးရဲ တခါတလေ ဇင်ကျိုက်၊ တခါတလေ ဖိုးဝန်းတောင်၊ တခါတလေ ဒါးသွေးချေင်းရေတံခွန် မနည်းဘူးသွားတတ်တာ ကျနော်က ကျောင်းပိတ်ချိန်နဲ့ ကြုံရင်လိုက်ရတတ်တယ် ..ထားပါတော့ ကျနော်တို့တနသာင်္ရီတိုင်း ထားဝယ်ပိုင် ကလိန်အောင်ဆံတော် ရှင် အနောက်ဖက်စုနားမှာ လူသိနည်းတဲ့ ဂမုန်းတောင်ဆိုတာရှိရဲ့ နာမယ်တော့အမှန်မဟုတ် အရမ်းရှားတဲ့ဂမုန်တွေပေါတဲ့တောင်မို့ ကျနော်ကပေးလိုက်တာ တကယ် ဗျာ ပတ္တမြား ဂမုန်းတွေများ ပွင့်နေလိုက်တာ လှနေတာပဲ၊ ပြီးတော့ မီးကွင်း၈မုန်းတွေဆို လား ရှိတယ် တခြား ကျနော်မသိတဲ့ ဟာတွေ၊ပြီးတော့ သစ်ခွတွေ လှတယ် ဗျ၊ အလောင်းတော်ကဿပ ကိုသွားတဲ့ လမ်းတွေမှာရှိတဲ့သစ်ခွတွေလိုပဲ

တချို့ပြာ၏ တချို့ဝါ၏ တချို့ခရမ်း တချို့မိုးပြာ တချို့က ရွှေရောင်လေး အရမ်းရှားပါး လွန်းတဲ့ သဇင်ပျံလို့ခေါ်တဲ့

သဇင်နီကို အဲဒီနေရာမှာတွေးဖူးတာပါ်၊ ဘာဖြစ်လို့ လဲမသိ အဲဒီသဇင်က အခုဒီနေရာမှာရှိပြီး ခဏလေးမှာ တခြားနေ ရာကိုရောက်သွားတတ်တယ်၊သဘာဝလား ဘာ လားတော့မသိ ပြောင်းတာကတော့တကယ်၊ အဲထားတော့လေ ။

ဆရာတော်အလုပ် လုပ်ရင် ကျနော်က ပန်းလိုက်ကြည့်တယ် လမ်း လည်းမမှားအောင် သတိနဲ့နေရတာ ပ၊

ဆရာတော်ပြောထားတဲ့နေရာပဲသွားတာပါ တခြားနေရာတွေမသွားရဲဘူး သေချာတာက အဲလိုတောထဲတောင် ထဲအေးချမ်းစွာနေရ တာကိုပဲအရမ်းပျော်တယ်၊ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ အေးမျှလိုက်မလဲ အမုန်းကင်း

ဒေါသကင်း လောဘကင်း မာယာကင်း ဟန်ဆောင်မှုတွေကင်းပြီး အေးချမ်းလို့လေ၊

အဲ လိုပန်းတွေသဘာဝတွေကြည့်တာ လည်းဝါသနာပါတယ်။

ကျနော့်ဝါသနာထဲမှာ သီချင်းနားထောင်ရတာပါတယ်လို့ပဲမှတ်ပါနော် သီချင်းကြိုက်လို့။

လေးစားစွာဖြင့်…ဥပသကာ

သာသနာတော်အရေးတွေးပေးပါ

ပထမတော့ စာရေးချင်တဲ့စိတ် ပျောက်သွားသလို ခံစားလိုက်ရတယ်။ ပြီးတော့ ဘလော့ကို ဖျက်ပစ်မယ်လို့ စဉ်းစားမိ တိုင်း၊ နှမျှောမိနေတယ်၊ ဘာရုပ်မှပေါက်တဲ့ဘလော့ဆိုပေမဲ့ သုံးနှစ်နီးပါး တွယ်ဖက်မိခဲ့သော စာမျက်နာလေး ကိုတော့၊ ဖက်တွယ်နေမိတယ်လေ၊ ညကစဉ်းစားရင်း စာပြန်ရေးမယ်လို့၊ ဆုံးဖြတ်မိပြန်တယ် ကျနော်ရေးနေကြအတိုင်းပေါ့ လေ ဘာသာရေးကို ဇောင်းပေးပြီးတော့ပဲ ဘလော့အသစ် ပြန်လုပ်မယ်ပေါ့၊ ကျနော်ဘာသာရေးကို ဇောင်းပေးရတဲ့ အကြောင်းကတော့၊ တရားတော်ရဲ့သိမ်မွေ့နက်နဲမှုကို၊ ၀ိုင်းပြီးမျှဝေခံစားဖို့၊ နောက်ပြီးတော့ သာသနာတော်ဟာ ကျ နော်တို့ တိုင်းပြည်ရဲ့ အသက်၊ ကျနော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ပြီးတော့ ကမ္ဘာ့ငြမ်းချမ်းရေးကို တည်းဆောက်နိုင် စွမ်းရှိတဲ့ တစ်ခုတည်းသော ဘာသာတရားလေ၊

သာသနာတော်လို့ ဆို လိုက်တာနဲ့၊ သာသနာတော်နဲ့ ဆက်စပ် နေတဲ့၊ သာသနာတော်ကို စတင်တည်ထောင်သူ ၊မြတ်စွာဘုရား။ ပြီးတော့ မြတ်စွာဘုရားရဲ့သင်ကြားချက်တွေ ဖြစ်တဲ့ဓမ္မ၊ နောက်တော့ သံဃာတော်တွေ၊ ကနေ့ထိ သာသနာတော် အတွက် အသက်ပေးခဲ့ကြကုန်သော၊ အသက်ပေးနေကြ ကုန်သော၊ ဘ၀တစ်ခုလုံး ပုံပြီး သာသနာ့တော် အတွက် တာဝန်ထမ်းရွက် နေကြကုန်သော.. သံဃာတော်တွေပါတယ်

ပြီးတော့ ဥပသကာတွေ၊ ဥပသကီတွေ ရှိနေတယ်၊နောင်လာမဲ့ မျိုးဆက်တွေ လက်ထဲကို၊ ဘုရားအလိုတော်ကျ ဘုရားဝါဒကို ၊ကျနော်တို့ ချပေးနိုင်အောင် ၀ိုင်းပြီးလုပ်ရပါ့မယ်၊ ရင်ထဲ ကိန်းအောင် ပျိုးထောင်ပေး၇ပါလိမ့်မယ်၊ ဗုဒ္ဓဘာသာ လို့ အမည်ခံထားသူတိုင်းမှာ၊ ဒီတာဝန်ဟာ သမိုင်းပေးတာဝန်ပါ၊ မသိသလိုနေကြရင်.. မသိသလိုပြဲဖစ်သွားလိမ့်မယ်

သာသနာတော်ကို၊ဘုရားကို၊ တရားတော်ကို၊ သံဃာတော်ကို ရင်မှာမရှိပဲ၊ နုတ်ဖျားလုပ်ယုံလေးနဲ့တော့ လူကြား ကောင်းယုံလေး မချစ်ကြပါနဲ့လို့ တောင်းပန်လိုပါတယ်၊ တစ်ခြား ဘယ်သူ့ကိုမှ လည်းအဲ လိုရင်ထဲ မရှိပဲနဲ့ ချစ်ကြရင် ဒုက္ခပေးသလိုဖြစ် တတ်တယ် လေ၊။

ချစ်ခြင်းရဲ့ တခြားသော မျက်နာစာမှာ၊ ကိုယ်ချစ်တဲ့ သက်ရှိ၊ သက်မဲ့ အရာအားလုံး အတွက် အနစ်နာခံ စွန့်လွတ်မှု၊ ၀မ်း မြောက်ဝမ်းသာ ပေးဆပ်လိုမှုနဲ့ ပေးဆပ်မှုဟာ၊ မိုးကောင်းကင်နဲ့ တိမ်တိုက်တွေ လို၊ မီးနဲ့ မီးရောင်လို၊ ခွဲခြားလို့ မရ ဘူး၊ ဒီတော့ ချစ်ရင် အနစ်နာခံပါ၊ အနစ်နာခံမှုမရှိတဲ့ ချစ်ခြင်းဟာ၊ ရနံ့ကင်းတဲ့ပန်း၊ ဆားမပါတဲ့ဟင်း လိုပဲ.. ဘာမှလုပ် လို့မရ ဘူးလေ။

ကျနော်ကတော့ အဲလိုပဲမြင်တယ်၊ နားလည်တယ်၊ ကျင့်တယ်၊ သာသနာတော်ဟာ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်မှန်း၊ သိနေရက်နဲ့၊ ဘရမ်းဗတာ ဖြစ်ခွင့်ပေးထားရင်၊ သာသနာတော်ကို လုပ်ချင်သလိုလုပ်၊ ငါမလုပ်ရင်ရပြီလို့ သဘောပိုက်ပြီး နေကြရင် နောင်အနှစ်တရာ၊ ဗမာပြည်မှာ စစ်မှန်တဲ့ သာသနာတော် ရှိနေပါဦးမလား?

ဘူတန်လို၊ အိန္ဒိယလို၊ တိဗက်လို၊ တခြား ဗုဒ္ဓဘာသာ ရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေလို ဖြစ်မသွားနိုင်ဘူးလား? ဘုရားရှင် သက်တော်ထင်ရှား ရှိနေစဉ်က၊ မဟာသတိပဋ္ဌာနသုတ် ကိုဟောတော်မူခဲ့တဲ့ ကုရုတိုင်းဟာ၊ ယခုတိဘက်ပြည်နေရာပါလို့ ကန္နီဆရာတော်ကြီး ပြုစုတော်မူတဲ့ သစ္စာပါရဂူ၊ ယောဂီပါရဂူ ကျမ်းတွေမှာ အတိအလင်း တွေ့ရတယ်၊ ဒီလောက် သာ သနာတော်အတွက် အရေးကြီးတဲ့ မဟာသတိပဋ္ဌာနသုတ် ကိုဟောခဲ့တဲ့ တိဗက်မှာ သာသနာတော်ရဲ့အနစ်အသား ဖြစ်တဲ့ ၀ိပဿနာတရားတော် မကျန်ခဲ့ဘူးလို့ ထင်ရပါတယ်၊ ဘာကြောင့်လည်း ဆိုတာကိုတော့ သမိုင်းပညာရှင်နဲ့ သုတေသီတွေ ပိုပြီးသိမှာပါ၊။

အခုအွန်လိုင်းပေါ်မှာ. .တချိန်တုံးက ၀ိနိစ္ဆယ ချထားပြီးဖြစ်တဲ့ ဗာလဓမ္မတွေ ပြန်ပြီး အသက်ဝင် လာနေသလို၊ ဘုရားတောင်မှ မှားနေတယ်လို့ ပြောတဲ့အသံတချို့ လည်း ကြားနေရပါတယ်၊ ဒါ သာသနာတော်အတွက် မကောင်းတဲ့ဟာ တွေပါ၊ ပြီးတော့ ရါပ်သာတောင် ခြေတစ် လှမ်း မထိုး ဘူးတဲ့သူများက သောတပန်ဖြစ် နေကြတာကို ကျနော့်မိတ်ဆွေ ဆရာဝန်ကြီး ပြောတာ သိရတယ်၊ ရင်မောပါတယ်၊ ။

တကယ်တမ်း တရားတော်ကို သိချင်တတ်ချင် နားလည်ချင်ရင် ဆရာရှာပါ၊ သေသေချာ ချာ သင်ပါ၊ အားထုတ်ပါ လို့မေတ္တာရပ်ခံခြင်ပါတယ်၊ လက်ထပ်သင်မှ ရတာပါ၊ ဥပသကာတို့ ညံ့တယ်ပြော လည်း ရပါတယ်၊ စာဖတ်တာ နဲ့ လက်တွေ့ လုပ်တာဟာ တစ်ခြားစီပါ၊ ရိပ်သာတစ်ခု တည်းမှာတင် အချိန်ယူပြီး (၁) လ (၂) လလောက် လုပ်ကြည့် စေချင်ပါတယ်၊ ဘယ်နည်း ကောင်းတယ် ဆိုတာကိုတော့ ကိုယ့် တိုင်ရွေးချယ်ရမှာပါ။ ရမ်းလုပ် ရမ်းပြောတာနဲ့ လုပ်ကြည့်ပြီး ပြောတာ ကွာပါတယ် စာဖတ်ရုံသက်သက်၊ တွေးတောကြံစည် နေရုံ သက်သက်နဲ့ ဘုရားဆို လိုတဲ့ သစ္စာတရားကို ဘယ် တော့မှ မသိပါ ဘူး၊ ဆရာဆိုတဲ့ နေရာမှာလည်း လူဆရာ၊ ရဟန်းဆရာ၊ စာဆရာ အား လုံး လို ပါတယ်၊

ကျနော်ကိုတိုင်လည်း အမှားမကင်းခဲ့ပါ၊ ရိပ်သာက ထွက်ပြေးဖူးသလို၊ စိတ်ကြီးဝင်ပြီး ဓုတင်ဆောင်တာသေး မှတ်တတ်လူးအောင် ကြောက်လှန့် ထွက်ပြေးခဲ့ဘူး ပါတယ်၊ ထိုင်ရက် အိပ်ပျော်နေတာကို ဈန်ဝင်စားတေယ်လို့ ထင်ဘူး သလို၊ ဟို ပဲရောက်နေသလို ထင်ခဲ့ ဖူးပါတယ်၊ နောက်ဆုံးတော့ ဘာမှ မဟုတ်သေးမှန် သိလာ တယ်၊ အခု လည်း ဘာမှ မဟုတ်သေးပါလိုပြော လိုပါတယ်၊။ သာသနာတော်ရဲ့တကယ့် အနစှစ်ကို တွေ့ ချင်ရင်ဆရာကောင်းကို ရှာကြပါ လိုံ မေတ္တာရပ်ခံလိုက်ပါတယ်။

https://upasaka969.wordpress.com ပါ

သူတော်ကောင်းတို့ အသံတော်(၁)

တနေ့ကတော့ ကျောင်း ထဲမရောက် ရောက် အောင်သွားမယ် ဆိုပြီးသွားတော့ လည်း၊ မဖူးမြင်ရတာ ကြာပြီဖြစ်တဲ့ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးဆီ ရောက်ဖြစ်တယ် အလုပ်တွေများနေတဲ့ ခုတလောက စိတ်ထဲမှာငြီးစီစီကြီး ခံစားနေရသလို၊ ကိုယ်ရေးတဲ့ကဗျာ ကိုယ်ပြန်ဖျက်လိုက်ရတဲ့ ခံစားမှုအသစ်က၊ ကျနော့်ရင်ကို ထပ်ပြီးဖို့လိုက်တော့၊ ဦးနောက်ကြီး ထူသွားသလို နှလုံးသားလည်း ထူသွားတယ်ဆိုပါတော့၊ ငယ်တုံးက ကျောင်းသားဘ၀မှာ သူများပြောတာ မခံချင်လို့ စာ…စာ…..စာ.. တွေချည်းဖြစ်လာတော့ ဦးနောက်က ထူထုံထိုင်းကြီး ဖြစ်လာတယ်၊ အခု လည်း သူများရမ်းတာ မခံချင်လို့ ကဗျာကို ပြန်ဖျက်လိုက်ရပေမဲ့ နှလုံးသားက ထူပြီးထုံနေတယ်၊ ခံစားချက်မဲ့နေတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ၊ အစစအရာရာကို ကြောက်ပြီးနေရတဲ့ဘ၀၊ ကြာတော့လည်း ကိုယ့်ဘာသာကိုယ် မုန်းလာတယ်.. တကယ်၊ စိတ်ထဲလေမဲ့အစား တခုခုလုပ်ရင် ကောင်းမယ်ဆိုပြီးတော့၊ ဘုရားမှာ လှူထားတဲ့ သင်္ကန်းတစ်စုံကို ယူပြီး တောရကျောင်းထဲကို ၀င်သွားတယ်၊ တကယ်တော့ ဒီသင်္ကန်းတစုံက ၀ယ်ထားတာ ကြာပါပြီ၊ ကျနော်က သူ့အတွက်ပေါ့လေ… အနစ်နာခံနေသူ အတွက်ပေါ့လေ၊ အလှူလုပ်ပေးနေကြ၊ အဲလှူမယ်ဆိုပြီးတော့ ၀ယ်ပြီး အိမ်ကဘုရားမှာ အရင်ကပ်ပြီး ထားခဲ့တာလေ။ သွားမယ်လုပ်လိုက်.. မဖြစ်လိုက်နဲ့၊ သွားမယ်ဆိုရင်တော့ မဝေးပါဘူး တရက်လောက် နေချင်သေးတယ်၊ တညလောက် ဆရာတော့်အရိပ်မှာ ခိုချင်သေးတယ်၊ အလုပ်ခွင်ထဲ မရှင်းတာတွေ မေးချင်သေးတာကိုး၊ အခုတော့လည်း ရက်ခြင်းပြန်ပဲ သွားမယ်ဆိုပြီးတော့၊ သင်္ကန်းပိုက်ပြီးတော့၊ ဟန်ဆောင်မှုကင်းရာ၊ မာယာမဲ့ရာ၊ သစ္စာရှိရာ ကျောင်းတော်ကိုပဲ လှမ်းဖြစ်တယ်လေ။

ကျောင်းထဲရောက်ရင် ကျနော် ကခလေးဖြစ်ပြီ၊ ဆရာတော်ရေးချိုးဖို့ ရေခပ်ပေး၊ ဆွမ်းစားဖို့ ဆွမ်းကပ်ပေး၊ ဆရာတော်စားပြီး ချကျွေးတာကို စားပြီးတော့ နေ့လည် ကျိန်းတော်မူချိန် ဆိုရင်၊ အနားမှာထိုင်ပြီး ၀တ်ဖြည့်၊ မေးချင်ရာကိုမေး၊ အားမနာတမ်း ထော့ပြီးကလှော်ပြီးမေး၊ ညဖက်ကျတော့ ဆရာတော်နဲ့ အတူအလုပ်လုပ်၊ မဟုတ်ရင်လဲ ကိုယ့်ဘာသာကိုယ်၊ ဇရပ်ပေါ်ဖြစ်ဖြစ် သိမ်ထဲဖြစ်ဖြစ်လုပ်၊ အိပ်ပျော်နေရင် အဆဲခံ အအိပ်မက်ရင် မနက်ကျအဆဲခံ၊ ဘယ်လိုဆဲလဲ သိလား၊ “နင့်ရုပ်ကလေ.. အိပ်နေလိုက်တာ၊ ငရဲမီးနဲ့ထိမှ အသိတရားရပြီး နိုးမဲ့ရုပ်”၊ အဲ.. မအိပ်ဘဲ တောက်လျှောက်ထိုင် မနက်ကျရင် ပြောလိမ့်မယ်.. တော်တယ် ဘုရားကို ပါးစပ်နဲ့မချစ်ဘူး၊ လက်တွေ့ချစ်တယ်.. သာဓုခေါ်တယ်ဆိုပဲ။

ကျနော် အိပ်မအိပ် ဘယ်နည်းနဲ့သိလဲလို့ မေးတော့၊ နင့်အရလားဆိုပြီးတော့.. ငေါက်တာခံရဘူးသဗျ၊ ငေါက်တော့လည်း ခံရတာပေါ့၊ နင်သိချင် နင်လုပ်မှ ရတဲ့တရား၊ ငါငှါးလို့မရဘူးဆိုပဲ။ ပြီတော့ ဘာပြောလဲမှတ်.. တခါတည်းမှတ်အောင် ဆုံးမတတ်တယ်၊ ပြောပြရဦးမယ်… တစ်ခါတော့ စာရေးဆရာဆိုတဲ့၊ သူတစ်ယောက် ကျောင်းထဲလာပြီး ဆရာတော် ကြီးကိုလာ ဖူးတယ်၊။ ဘာတွေရေးလဲဒကာ လို့မေးတော့၊ ဘာသာရေးပါ ဘုရားတဲ့… ဆရာတော်က ဘာပြောလဲ သိလား၊ “သူများရေး ပြီးသာဟာသာ မကူးချနဲ့ တရားတော်ကို ကိုယ်သိတဲ့ အတိုင်းရေး၊ ငါသာဓုခေါ်တယ်၊ အခုခေတ်က ရှေးဆရာတော်ကြီးတွေ ရေးတာကူးချ၊ ပြီးတော့ ဆရာလုပ်တာ များတော့ ခက်တယ်ကွယ်” ဆိုပြီး ငြီးတော်မူတယ်၊ ကျနော် ဘလော့ရေးတယ်ဆိုတာ ဆရာတော်သိတော့၊ “ဟေ့.. သားအငယ်ရေ နင်ကူးချမယ်ဆို ငါ့ဆီ စာအုပ်တွေ လာယူ” တဲ့လေ။ ပြုံးပြုံးကြီးနဲ့ မိန့်တယ်.. နောက်ထပ် ဆက်ပြီး မှတ်စရာ ကောင်းလွန်းလို့ ဆက်ပြီးပြောရမယ် ဆိုရင်တော့ “ကျမ်းဆိုတာ၊ ကိုးကားခွင့်၊ မှီငြမ်းခွင့်ပဲ ရှိတာပါ၊ တခါတည်း အပြီးသတ် ခိုးချပြီး လူတွေကို ပြန်ပြောရင်၊ နာဖူးထပ်မံဆိုပေမဲ့လည်း ခဏ ခဏဆို လူတွေက ထပ်မမံချင်တော့ဘူး” တဲ့လေ။

စကားတွေက တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီလေ၊ တကယ်ပြောချင်တာက၊ တစ်နေ့တည်း၊ တစ်ပြိုင်တည်းမှာ၊ နေလနှစ်ပါးကို တစ်ပြိုင်တည်း တွေ့လိုက်ရတဲ့၊ ကျနော့် အကြောင်း ပြန်ပြောချင်လို့၊ ရေးမိတာက တစ်ခြား ဥပါသကာတို့ တော်လိုက်ပုံများ လက်ဖျားခါလောက် ပါရဲ့နော်။ ထားလိုက်ပါတော့လေ.. အဲကျနော် ကျောင်းထဲရောက်တော့.. ယဉ်ငေး ဆရာတော်ကြီးပါ ရောက်နေတာကို ဖူးတွေ့လိုက်ရတာ.. စိတ်ထဲ ၀မ်းသာလိုက်တာ မပြောနဲ့တော့.. သူတော်ကောင်း အရိပ်လေ၊ ဒီဆရာတော်ကြီး နှစ်ပါးလုံးကတော့ ကျနော်တို့ ဆီမှာတော့ ပဋိပတ်ထိပ်ခေါင်ပါ၊ ကျနော်တို့ ဒေသမှာပေါ့လေ၊ ရောက်တာနဲ့ ဘုရားကိုဦးချပြီး ဆရာတော် နှစ်ပါးလုံးကို ဦးချပြီးသင့်တယ်။ နေရာမှာပဲ တရားနာလိုက်မိတယ်၊ ဆရာတော်ကြီးက အနားလာဖို့ မိန့်တဲ့အခါတော့ အနားသွားပြီး ၀တ်ဖြည့်နေမိတယ်လေ၊ ၀တ်သာ ဖြည့်နေရပေမဲ့ စိတ်ထဲမကောင်းဘူး၊ ကျနော် အသံဖမ်းချင်နေတာ ဆရာတော်ကြီးတွေ အလုပ်အကြောင်း ပြောနေကြတာကို၊ ပြီးတော့ ဓာတ်ပုံလည်း ရိုက်ချင်တယ်၊ မှတ်တမ်းပေါ့လေ၊ ဒါပေမယ့် ကျနော် ဥပါသကာသည် ဥပါသကာသာမို့၊ ၀မ်းနည်းမိ နေတယ်လေ၊ ကျနော် မ၀ယ်နိုင်တဲ့ဟာအတွက် စိတ်မကောင်း ဖြစ်ယုံပဲလေ။

တရားဟောခဲ့သော ဆရာတော်များမို့ အလုပ်အကြောင်း ကို မှတ်တမ်းတင် နာယူချင်တာတော့ အမှန်၊ အဲလိုပြောရက်ကနေ.. ဒီည ကျောင်းမှာအိပ်နော်၊ တောင်တွေး မြောက်တွေးနဲ့ အကုသိုလ် များမနေနဲ့” လို့ တောရ ဆရာတော်ကြီးက မိန့်တော့ ကျနော့်အဖို့တော မဆန်းတော့၊ ဆရာတော် သိချင်ရင် သိနိုင်တဲ့ သူမှန်း ကျနော် သိနေတာ ကြာပါပြီလေ။ အင်း ညကျရင်တော့ ကျနော် တရားတွေ အများကြီး နာရဦးမှာကိုတော့ ၀မ်းသာမိတယ်ဗျာ.. ညကနာတဲ့ တရားကိုတော့ လာမဲ့ပို့စ်မှာ ပြောပါ့မယ်နော်။

လေးစားစွာဖြင့်
ဥပါသကာ

ဓါးနဲ့တရား

အခုတလောက စာရေးမလို့ လုပ် လိုက်၊ အလုပ်ကပေါ် လာ လိုက်နဲ့ မရေး ဖြစ် ဘူးလေ၊ကျောင်း ဖွင့်ချိန်လေ…။ ခလေးတွေကျောင်းအပ်ရတော့မယ်၊တွယ်ရာမဲ့လေးတွေအတွက်အလုပ်နဲနဲပိုလုပ်ရတာပေါ့လေ၊မောတော့မောတာ ပေါ့လေ၊ အဲ လိုမောတိုင်းမှာ တော့၊ အသဲထဲ သိမ်းထားတဲ့ ဓားနဲ့ တရား ကို ဆွဲတင် လွင့် ထုတ်ရင်း အမော ဖြေနေရပါ့လေ။

“ ဓါး” တဲ့ ဗမာတိုင်း

မကင်းကြပါဘူးဓါးနဲ့၊ရာဇ၀င်မှာလည်းဓါးတွေရှိခဲ့ကြတာပဲလေ၊ဓားနဲ့ပတ်သက်တဲ့စာအုပ်ကျတော့ အရှားသားဗျ၊ကျနော်တို့ဆီမှာ၊ ဆရာမင်းဆွေရဲ့“ဓါး”၊ နောက်ပြီးဆရာမင်းယက္ခရဲ့“ဓါး”၊၊ အဲနာ မယ်တူ အကြောင်းရာမတူပေါ့လေနော်၊ ထည့်မယ်ဆိုလို့ရှိရင်တော့ဆရာစန်းသမိန်ရဲ့၊ မြန်မာ့သွေး၊မြန်မာ့ဓါး၊ မြန်မာ့စစ်ပညာ၊ လည်း ထည့် လို့ရ တာပေါ့နော်။

တချိန်တုံးက ကျနော်တို့မှာလည်း ဓါးတလက် ရှိခဲ့ ဘူး ပါတယ်၊စာရေးတဲ့အခါလဲဒီဓါးပါတယ်၊ထမင်းဟင်းချက်တော့လည်း ပါတယ်၊တော်ခုတ်ချုံရှင်းတော့ လည်း ဒီဓါးကို ချန်မထား ခဲ့ ဘူး၊ပျော်စရာကောင်း လွန်းတဲ့ အချိန်မှာ လည်းဒီဒါးကိုလက်မှာကိုင်းထားနေခဲ့ကြတယ်၊ ၀မ်းနည်းစရာကြုံ့ လာတော့ လည်းဒီဓါးတစ်လက် ကိုပဲကျနော်တို့ စုပေါင်းကိုင်ဆောင်ခဲ့ကြတယ်၊အဲ..ကျနော်တို့ဆိုတာက၊ အခုစာရေးဆရာတွေအဖြစ်၊ကဗျာဆရာတွေအဖြစ် အခိုင်မှာရပ်တည်နေကြတဲ့၊ စာရေးဆရာဒါရိုက်တာ ချိုတူးဇော်၊ ကဗျာဆရာM ဇော်နောင်၊ ကဗျာဆရာ ဆည်းဆာ
တို့ပဲလေ၊ ဘုရာကြီးဝင်းအတွင်းမှာ လည်း ဒီဓါးပါတယ်၊နောက်ဆုံးလေထန်ကုန်း ကိုရောက် လာတယ်၊ အခုတော့ အသဲ ထဲမှာ ပါ။ အဲဒီဓါးက “ ကဗျာဓါး” ပါဗျာ။ တလွဲမတွေးပါနဲ့။
မူလကဗျာပိုင်ရှင်တော့ ကျနော်မမှတ်မိတော့ပါဘူးခင်ဗျ၊ကျနော့်ညံ့လို့ပါ၊ ကျနော်ရေးတာမဟုတ်ဘူး၊ ကဗျာရှင်ကို ကိုဇော်ကြီးပြောပြပေမဲ့ ကျနော်မမှတ်မိတော့ပါ၊ ကဗျာနာမယ်က ….။

သံမဏိဓါး
မီးပြင်းနဲ့တိုက်၊တိုက်ခြင်တိုက်။
ပေမှာတင်ထု၊ထုချင်ထု၊။
မီးပြင်းတိုက်ရင်၊ရဲနီလာမယ်။
ပေမှာထုရင်၊ကျစ်မာလာမယ်။
သံမဏိဓါး၊ကြေမသွားဘူး
နာနာထုလေ၊ဓါးကောင်းလေ…ဟေ့။

အဲဒီကဗျာလေး ဟာ၊ကျနော်တို့ နှလုံးသားထဲက “ဓါး” တစ်စင်းလေ။

ပြီးတော့တရားတစ်ပုဒ်ပါ၊ကျနော်အသက်ကလေးနည်းနည်းရလာတော့တရားတွေနာဖြစ်တယ်လေ၊ဆရာသမားတွကလည်း သင်ကြတာပေါ့၊ကျနော်ဟာကျနော့်ဆရာတွေရဲ့ခပ်ညံ့ညံ့တပည့်တစ်ယောက်တော့ဖြစ်တန်ကောင်းပါရဲ့
အရမ်းအလုပ်လုပ်တတ်ကြပြီးအကြင်နာကြီးတဲ့ဆရာတွေကြားမှာ၊ကျနော်နေခဲ့ရဖူးပေမဲ့ကျနော်ဟာဇွန်းတစ်ချေင်းပါဗျာ…အညှိတက်နေတဲ့ဇွန်းတစ်ချောင်းပါ။
အာလုံးသိတဲ့တရားတစ်ပုဒ်ပါ၊ ကျေးဇူးရှင်တောင်မြို့ဆရာတော်ကြီးရဲ့တရာတော်လို့ပဲပြောခွင့်ပြုပါ..အဲဒီတရားတော်တစ်ပိုဒ်ကို၊ ကျနော်တို့ကမ္ဘာအေးမှာရွတ်ခဲ့ကြဖူးတယ်၊အေးရိပ်ချောင်မှာရွတ်လဲ့ကြဖူးတယ်၊ပါရမီစာပေနဲ့ဗုဒ္ဓအသံ စာပေမှာလည်း ရွတ်ဆိုခဲ့ ဖူးပါတယ်၊ ဘဘဦးဋ္ဌေလှိုင်က အသံချိုလေးနဲ့ရွတ်တယ်၊ ဘဘဦးရွှေအောင်က
လေသံတိုးသက်သက်လေးရွတ်တယ်၊နာယကချုပ်ဆရာတော်ကြီးကလေသံမှန်နဲ့ ရွတ်ခဲ့တယ်၊ အဲဒါပေမဲ့
ဒီတရားတော်းလေးရွတ်သူတိုင်းက လက်အုပ်လေးတွေချီလို့..အရမ်းပင်ပန်းတော်မူတိုင်းရွတ်ခဲ့ကြတယ်၊
အခု လည်း သူငယ်ချင်းမိတ်ဆွေတွေပင်ပန်းနေကြပြီဟုတ်၊ရီတ်ကြည့်ပါဗျာ..ဟောဒီတရားလေး…။

ဗုဒ္ဓမြတ်စွာလောင်းလျာတုံးက
နောက်ဆုံးအထိပါရမီ
လူနတ်များစွာချမ်းသာရေးတွက်
အသက်ပေးလို့ကျင့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်ခုလိုတွေးလို့
ကုသိုလ်ရေးမို့ကြိုးစားမည်။

ကြိုးစားလိုက်ရအောင် ဗျာ…

လေးစာစွာဖြင့် ဥပသကာ

အမေ သို့ မှော်ဝင်နှင်းဆီ(၂)

အမေနဲ့ ပတ်သက် လာ ရင်တော့ရေးစရာအတော် ရှိတယ် လို့ပြောရမှာပါ။ဟုတ်ပါတယ် လေ မိန်းမသာတစ်ယောက်ရဲ့ဘ၀ရပ်တည်မှုဟာ၊ယောက်ျးတစ်ယောက်ရဲ့ဘ၀ရပ်တည်မှုထက်ပိုပြီးဂရုစိုက်ရတယ်လို့ ကျနော် ထင်တယ်လေ၊ အထူးသဖြင့် ဆင်းရဲတဲ့မိသားစုကပေါက်ဖွား လာ တဲ့မိန်မမသားတစ်ယောက် ပေါ့လေ၊ ပြီးတော့ ရုပ်ရည် လည်းရှိမယ်ဆိုရင်တော့၊ အန္တရာယ် အတော် ကြီးတယ် လို့ကျနော်ထင်ပါတကယ်တော့ အမေ့စိတ်ရင်းကငြိမ်းချမ်းစွာနဲ့ဘ၀ကိုဖြတ်သန်းချင်တာပါ၊အဲ..ဒါပေမဲ့ကံတရားကအမေ့ကိုအဲလိုဖြတ်သန်းခွင့်မပြုခဲဘူးလို့ထင်ပါရဲ့၊အဖေဆုံးကတည်းကအမေဟာဘ၀ကိုအရှံးမပေးတမ်းရင်ဆိုင်လာခဲ့တာ၊ကျနော်တို့အရွယ်ရောက်တဲ့အထိပါပဲ၊..အမေ့အကြောင်းကိုပြောမယ်ဆိုရင်တော့၊ကျနော့် အနေနဲ့အဖွားပန်းယုံအကြောင်းကိုလည်းပြော မှဖြစ်မှာပါ၊ အမေနဲ့ အဖွားပန်းယုံကဆက်စပ်နေတဲ့ဘ၀တစ်ခုလေ၊။
အဖွားပန်းယုံဆိုတာက၊အဖိုးနောက်ကိုပါလာတဲ့၊အဘဒေါင်းရဲ့ဘ၀ကြင်ဖေါ်ပါ၊နဲနဲတော့သီးခံပါဗျာ..ရှုပ်သလိုဖြစ်နေတော့..ကျနော်တို့ အဖိုးက မန်းဇာတိ…အောက်ပြည်လို့ ခေါ်တဲ့ကျနော်တို့နေရာကို..အခြနေရပြောင်း လာတော့၊ အဖိုးနဲကသေတူရှင်မကွာ၊ဂျပန်တော်လှန်ရေးမှာတိုက်ခဲ့တဲ့အဘဒေါင်းလည်း လိုက်လာတယ်၊ အဲဒီတော့..အဘရဲ့ဇနီးအဖွားပန်းယုံလည်း ပါလာတယ်၊ကျနော်တို့ဆီမရောက်ခင်တော့၊ရန်ကုန်၊မောလမြိုင်၊ရေး တွေမှာခဏစတည်းချခဲ့သေးတယ်၊..အဲလိုအဖိုးနောက်တောက်လျှောက်ပါခဲ့တာဆိုတော့၊ကျနော်တို့မိသားစုစာရင်းသွင်းရမှာပဲလေ။ကျနော်ပြောတဲ့အဖိုးတွေအားလုံးမှာထိုးကွင်းတွေရှိတယ်၊သျှောင်နဲ့ပဲသက်ထက်ဆုံးနေသွားကြတယ်။ဘောင်းဘီအရှည်ဝတ်တော့ လည်း၊ကျနော်တို့ရှမ်းတိုင်းရင်းသားတွေဝတ်တဲ့ဘောင်းဘီအရှည်မျိုးတွေ…ပြန်မြင်ကြည့်တယ်..အဖိုးနဲ့အဘဒေါင်းတို့ကို၊သျှောင်တစောင်းနဲ့ဆေးတံနဲ့၊နောက်ပြီးတော့ထိုးကွင်းတွေနဲ့၊အဖိုးကသူ့ဆွေမျိုးတွေအကြောင်းကိုသိပ်မပြောချင်..မေးရင်လည်းမကြိုက်တော့၊ကျနော်တို့မမေး၊အဘဒေါင်းကိုမေးတော့လည်း…“မြေးရယ်..နင့်အဖိုးခေါင်းညိတ်မှ..အဘပြောရဲမယ်တဲ့”ဘာမှန်းကျနော်နားမလည်တောနောက်လည်းမမေးတော့၊ အဲစိတ်သာတဲ့အခါတော့ တစွန်းတစပြောပြတာတွေ လည်းရှိတော့ ရှိတယ်လေ၊…စကားကလိုရင်းမရောက် ဖြစ်နေပြီ ..ကျနော်ပြောချင်တာက မဖွားပန်းယုံအကြောင်း.. အမေနဲ့ အဖေညားတော့..အဖေကအိမ်ခွဲနေတယ်၊ မိဘကိုအပူမပေးဘူးပေါ့လေ၊ ဒါပေမဲ့..အဖိုးကဇွတ်ခေါ်နေပြီးအဖွားကလည်း ငိုကြတော့ အိမ်ပေါ်တက်နေရတာ၊..အဲဒီမှာ အမေနဲ့ အဖွားပန်ယုံတို့တွေ့ကြတာပါ၊..အမေ့ကိုတော့အား လုံး ချစ်ကြပါတယ် ဒါပေမဲ့၊ အမေက ကျနော်တို့အဖွားအစစ်ထက်၊အဖွားပန်းယုံကိုပိုချစ်တယ်၊မဟုတ်မခံစိတ်ဓာတ်ခြင်းတူလို့တဲ့လေ
ထားပါတော့ အဲဒီမှာတင်အဖွားပန်းယုံဆီက..ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အတတ်တွေကို၊အမေရခဲ့တာပါ။

“မိန်းခလေးဆိုတာ၊ပန်းတစ်ပွင့်ပါ၊အချိန်တန်ရင်တော့ကြွေမှာပါ၊တချို့ကလေချွှေလို့ကြွေရတယ်တချို့လူချွေလို့ ကြွေရတယ်။ ဒီတော့လူကြောင့်ကြွေတဲ့ပန်းမဖြစ်အောင်၊ မိန်းခလေးတိုင်းဟာ၊ကိုယ့်ကိုကိုယ်စောင့်ရတယ်၊ ကိုယ့် စိတ်ကိုလည်းစောင့်ရတယ်၊အိနြေ္ဒရေကိုလည်းစောင့်ရတယ်၊အဲဒီအစောင့်သုံးယောက်သာမရှိရင်၊ဂုမ္ဘလဏ်တစ်ထောင်စောင့်နေလဲအလကားပဲ၊ လူတွေချွေလို့ကြွေတတ်တယ်…အထူးသဖြင့်အရမ်းလှတဲ့မိန်းခလေးတွေပေါ့”

(အဖွားပန်းယုံ)

အဲလိုမျိုးအတွေးနဲ့ကိုယ့်ကိုကိုယ်စောင့်တတ်အောင်ဆိုပြီး၊အမေ့ကိုသူနားလည်သလောက်၊ဆူးထိုးအတတ်၊ပန်းထိုးအတတ်၊လက်ပစ်ဆူးအတတ်ကိုသင်ခဲ့တာပါ၊အမေကလည်းနဂိုလ်ကတည်းက၀ါသနာပါလားမသိ၊အဖွားပန်ယုံခိုင်းသမျှအကုန်လိုက်သင်တော့တာပဲ၊အတတ်မြန်တယ်လို့တော့ပြောသံကြားတယ်၊အမေဆူးပေါက်ပြတာတော့တခါနှစ်ခါမြင်မြင်ဘူးတယ်၊….မြင်ဘူးတာကလည်းအရမ်းကိုအကြောင်းဆုံလို့ပါ၊မေးခေါင်းပေါ်ကဆံထုံးမှာထိုးထားတဲ့ကိန္နာရာရုပ်ပါတဲ့ဆံထိုးလေးကိုအဖွားကပဲပေးထားတာပါ၊အဲ….အခုတော့မရှိတော့ဘူးလေ၊ဒုတိယအကြိမ်ကျနော်တို့မိသားစုမီးဘေး အသင့် ခံရမှာပါသွားတယ်တဲ့ ဗျာ။
ဆိုပါတော့ဗျာ..အဲ လိုအမေပါ၊ဒီတော့ အမေနဲ့အဖွားပန်ယုံဟာ မျဉ်းတစ်ကြောင်းတည်းလို့ပြောလို့ရတာပါ၊ဒီလိုနဲ့ အဖေဆုံးတော့..အမေကဈေးသည်ပေါ့၊အဲလိုပုဇွန်တွေငါးတွေ..ဖေါက်သည်ပေးတန်ပေး၊ကိုယ်တိုင်ရောင်းတန်ရောင်းပြီးတော့၊မနက်(၁၀)နာရီလောက်ဆိုဈေးပြန်ပြီးတော့ခဏနားတယ်၊နောက်ပြီးရာသီပေါ်တဲ့အသီးတွေကိုရောင်းတယ်၊ အထူးသဖြင့် အခုလိုဒူရင်းသီး၊ မင်းဂွတ်သီးတွေပေါ်ချိန်ပေါ့လေ။အနောက်ဘက်ကမ်းကတက်လာတဲ့ဒူရင်း သီးတွေ၊မင်းဂွတ်သီးတွေနဲ့ တခြားသစ်သီးတွေကို၊အပင်ရှင်တွေဆီက၀ယ်၊ပြီးတော့ဖေါက်သည်ပေး၊ငှွေုကတော့ အဟောင်းပေးအသစ်ယူတဲ့နည်းနဲ့အမေရောင်းတယ်၊။ မိန်ခလေးတွေတော်များများကအမေ့ဆီကယူရောင်း ကြတာများပါတယ်၊အဲဒီအထဲမှာ..ကျနော်တို့က အစ်မလို့ခေါ်တဲ့ ကျနော်တို့အမေရဲ့ညီမအငယ်ဆုံး၊ အဒေါ်အထွေးဆုံးပါတယ်။အမေနဲ့ဆိုအသက်က(၁ရ)နှစ်လောက်ကွာတယ်၊အမေ့ညီမလို့မပြောရအမေ့လိုပဲကြည့်ကောင်းတယ်ဗျ။အခုထိလည်းချောတုံးပါ။အမေကကျောင်းတက်ခိုင်းတာ..မတက်ချင်ဘူးဈေးပဲရောင်းမယ်ဆိုတော့ လည်း။ အမေကဈေးရောင်းသင်ပေးရတာဗျ၊ကျနော်တို့ကခေါ်တော့ အစ်မတဲ့၊ အဲလိုနဲ့ အစ်မဈေးရောင်းတယ်ဆိုပါတော့…။ ညနေငွေရှင်းချိန်ရောက်တိုင်းအစ်မငွေကလိုနေတယ်၊ အမေကမေးတော့ ဈေးကောက်ပေးရတာပါလို့ပြောတယ်၊ အဲလိုနဲ့နော် နေ့တွေ လည်းကျရော ငွေကပိုကွာလာတယ်၊အမေမေးတော့ဈေးကောက်ပေးရတာပဲဖြေတော့၊ အမေဘ၀င်မကျ၊“အထွေး..နင့်ဟာက မဟုတ်တော့ဘူးနော်၊ ပထမနေ့က (၅) ကျပ်ကွာတယ်၊ ဒုတိယနေ့မှာ(၁၀) နောက်နေ့တွေတိုး လိုက်တာ ကနေ့ငါးရကလ်ည်းမြောက်ရော ဈေးကောက်ကအစိတ်တောင်ဖြစ်သွား လား..ဟ (၂၅) ကျပ်ပေါ့”..အမှန်အတိုင်းပြော.. မဟုတ်ရင်တော့ ..ငါမြူနီစပါယ်ရုံးသွားမေးရလိမ့်မယ်ဟ။ ပြောတော့မှ ကမ်းနားက အထမ်းသမား လူမိုက် ကုလားမာ မွတ်နဲ့၊ သူ့တပည့်ဂွတို တို့ နဲ့ အမေထိပ်တိုက်တိုးတော့တာ ပဲဗျ။

နောက်နေ့လည်းကျရော..အမဈေးရောင်းတဲ့ကမ်းနာဖက်ကို…ဦးလေးချစ်ဆွေဆိုက္ကားနဲ့မရောင်မလည်လိုက်သွားကြည့်တယ်…ကျနော်လည်းလိုက်ရတယ်.. ကျနော့်ကိုခေါ်တာက ထမင်းကျွှေးမလို့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ မနက်ကရောင်းထားတဲ့ ပုဇွန်ဖိုးတွေသိမ်းရင်း ငါးဖိုးတွေတောင်းရင်း၊ ကျနော်က ၀ါဒီးတင်ရတယ် ဗျ၊ ကျနော်တောင်ဒီကိစ္စဖြစ်တော့ (၅)တန်းရောက်ပြီ၊..ညီကတော့ ဒုတိယတန်းပေါ့၊ ပြီးတော့ အဖိုးဆီက၊ အဘဒေါင်းဆီက၊ သတ်ကိုးသတ်တို့ မောင်းကိုးမောင်းတို့တောင် ကြားဖူးပြီး အီးရောင်ဝါးလုပ်တတ်နေပြီ။သင်ပေးစရာရှားလို့ ကျနော့်ကို ခဲပေါက်နည်း သင်ပေးတာက.. ကျနော့်ဘကြီး၊ညနေတိုင်း ခဲပေါက်ကျင့်ရတယ်။ခပ်လှမ်းလှမ်းမှာရှိတဲ့ အုန်းမှုတ်ခွက်၊ကြက်ဥခွံတို့ပေါ့လေ၊ ပါရမီပါလို့လားမသိ..အလွန်စိတ်ရှည်တဲ့ဘကြီးလက်လန်သွားတယ်။သူပစ်ခိုင်းတိုင်းမထိလို့လေ။ထားပ်ါတော့လေ။ လမ်းကြောင်းပြောင်းမှာစိုးလို့ဆက်ပြောပြမယ်။
အဲဒီလိုအမေသွားပြီးအမရောင်းတဲ့ဆိုင်နားအရောက်၊လာပါပြီ..လမ်းသွားရင်ဆောက်ကြွဆောက်ကြွနဲ့ရုပ်ရှင်ထဲက လူမိုက်ပုံ၊မရရအောင်ဖမ်းပြီးတော့“ဒီနေ့လည်းအစိပ်ပဲပေးပါ”လို့ငွေတောင်းတော့…“ဒီမှာဂွတို..နင်ယောက်ျားမှဟုတ်သေးလား..မိန်းခလေးတစ်ယောက်လုပ်အားကိုမိုက်ကြေးခွဲ၊တောင်းရမ်းစားသောက်နေတဲ့အရှက်မရှိကောင်၊နင်တို့ အမေတွေအစားငါရှက်လိုက်တာ”လို့အမေ့ အသံကြားတော့ ဒီလူကရှက်ပြီး အမေ့ဆီကိုအပြေးတပိုင်းနဲ့ဝင် အလာမှာ… အစကတည်းကပြဿနာဖြစ်တော့ မယ်လို့သိတဲ့ ကျနော်နဲ့ဦးလေးချစ်ဆွေတို့..ကြားဝင်လိုက်ပုံက
အမေ့ဆီအရှိန်နဲ့ဝင်လာတဲ့…ဂွတိုမျက်နာကိုဒူရင်းသီးနဲ့ကျနော် လှမ်းထုတာ..ဒီတခါတော့ကွတ်တိ…အား လို့အော်ပြီးရပ်နေတုံး၊ဆိုက္ကားပေါ်မှာ ပါလာတဲ့ ၀ါးရင်းတုတ်နဲ့ဦးလေးချစ်ဆွေက ဒီလူရဲ့ ပုခုံးကိုဖြတ်ရိုက်ချလိုက်တာ…တခါတည်တခြမ်းကိုင်ပြီးပုံအကျ၊ နံဘေးကလူတွေဝိုင်ဆွဲပေါ့လေ၊ တခါတည်း ဂွတိုကို သူ့ဆရာမာမွတ်ဆီပြန်ပို့……လိုက်ကြတယ်။ ပြဿနာကအေးပြီထင်တာ ဗျ..မအေးပါဘူး ဗျာ၊ ဖြစ်ပုံက..
သူ့တပည့်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး..ဒီမာမွတ်ဆိုတဲ့ကုလားက.. အမေ့ကိုတေ့းထားတယ်…အမေဈေးသွားတဲ့ အချိန်ကိုမှတ်ထားတယ်၊ အမေကမနက်နှစ်နာရီလောက်ဆို အိပ်ရာထဈေးသွားပြီလေ၊ ဒီလိုနဲ့ မိုးတွင်းတနေ့မှာ၊ အမေရယ် အမရယ်၊ ပြီးတော့ အိမ်နားကဈေးသည်တွေစုပြီတော့ဈေးသွား….ကံကောင်း ခြင်တော့၊ ကျနော်တို့ကျောင်းတက်ဖို့ မုန့်ဖိုးမပေးရသေးတာ သိရတော့ အိမ်ကိုပြန်လှည့်လာပြီး..မုန့်ဖိုးလာအပေးမှာ၊ အိမ်လမ်းကြားထဲ မှာ အရိပ်တွေမြင်တော့၊“ သူခိုးရှင့်…သူခိုး…သူခိုး” လို့အမေကအော်တော့၊ ဒီလူနှစ်ယောက်ထွက်ပြေးတုံး မီးသတ်တွေတခြားဈေးသွားသူတွေ လမ်းပိတ်ဖမ်းလိုက်တော့ မှ လမ်းမီးရောင်အောက်မှာကြည့်တော့ မာမွတ်တို့ ဆရာတပည့်၊ အမေ မသက်ာတာနဲ့ အိမ်ဘေး လမ်းကြားကို လူတွေခေါ်ပြီး ၀င်ကြည့်၊ ကျနော်တို့ လည်းနိုး၊ အဖွားလည်း နိုးထပြီး မီး ဖွင့်ကြည့်မှ…ဘုရား… ဘိန်းတွေရယ်လေ။ ကိုလိုနီခေတ်ကလိုဘိန်းပစ် တာပေါ့လေ။
အမေလေ..အသားတွေတုန်နေလိုက်တာ။ဒေါသကြောင့်အမေ့မျက်လုံးမှာအရောင်ထွက်နေလားအောက်မေ့ရတယ်။ “ဥပဒေနဲ့ထောင်သာ မရှိရင်..ငါ့သားတွေသာမရှိရင် ဒီမှာ မိန်မတစ်ယောက်ကိုတောင် ကလိန်စေ့ညဏ်ဆင်လောက်ပဲလုပ်ရဲတဲ့ ကု လား ယုတ်ဆရာတပည့်၊ နင်တို့ လို လူစားတွေကိုလေ၊ငါ ဓါးတလက်အပိုပေးပြီးခုတ်လိုက်ချင်တယ်တဲ့”
ကျနော်လဲ အဲဒီလူတွေနဲ့ အဲဒီဖြစ်ရပ်ကိုကြည့် ပြီး တယောက်ထဲ လမ်းသွားနေတဲ့ မိန်းခလေးဆိုကြည့်တောင်မကြည့်မိအောင်နေမိတော့တယ်.. ဘာဖြစ်လို့ လဲဆိုတော့ မတော်တဆ မျက်လုံးကအနိုင်ကျင့်မိသော်။ ကျန်တာတွေကိုတော့ သက်ဆိုင်ရာကပဲ တရားမျှတစွာရှင်း လိုက်ပါတယ် ဗျာ။ ။

အမေ သို့ မှော်ဝင်နှင်းဆီ

တကယ်တော့နှင်ဆီအနီရောင်တစ်ပွင့် နဲ့ တူတဲ့ အမေ့ ကို ကျနော်ရ ခဲ့ တာပါ၊တကယ်လည်း အမေဟာနှင်းဆီအနီရဲရဲနဲ့တူတဲ့သူတစ်ယောက်ပါ၊ အဖေကတော့ အမေ့ကိုပြောဖူးတာ မှတ်မိနေတယ်“မှော်ဝင်နှင်းဆီတဲ့”လေ အဖေက မန်းသားဆိုတော့စကားတတ်တယ်၊ အမေကတော့ ဖွဲ့နွဲ့မပြောတတ်သူ၊ ကျနော်တို့ အဖေဆုံးတော့ အမေအသက်က(၃၀) ပြည့် ယုံလေးတင်၊ ကျနော်ဆိုဒုတိယတန်းပဲရသေးတယ်၊ ဆုံးတာကလည်း ရေခြား မြေခြား မှာဆိုတော့၊ ကျနော်တို့ဆိုအဖေံ့ရုပ်ကလပ် ကိုတောင်မှ မမြင် လိုက်ရ ဘူးလေ၊ အမေလိုက်သွားတာတော့ မှတ်မိတယ်၊ သိပ်တော့ မကြာ ဘူး အမေပြန်လာတယ်၊ ကျနော် ထက် ငယ်သေးတဲ့ညီလေးအတွက် အမေအလုပ် တွေ လုပ် ရမှာ ဆိုတော့ လည်း၊ အမြန်ပြန်လာ ခဲ့တာ ပဲ ဖြစ် မည်၊ကျနော်တို့ ကျောင်းတက် တော့ အရင် ကလို အမေ လိုက် မပို့နိုင်တော့၊ အိမ်နားက ဦးလေးချစ် ဆွေရဲ့ ဆိုက်ကား ကို လပေး ငှါးပြီးတော့ ကျောင်း ပို့စေတယ်၊ အမေကဈေးထွက် ပြီဆိုတော့ လည်း အိမ်မှာ ကျနော်တို့က အဖွားနဲ့ ကျန် နေရစ်တာ များ ပါတယ်၊ကျနော်တို့ အဖိုးက(အဖေ့ဘက်က) သူ့ ဆီ လာ ပါ ၊ခလေးတွေ အတွက် ထောင့် ပံ့ မယ် လိုံပြောတော့ ၊ အမေလက်မခံ…

“သူများနှာခေါင်းနဲ့ အသက်မရှင်လိုတဲ့”ဆန္ဒနဲ့အမေဘ၀ကိုရုံးခဲ့တာပါ၊အဲပြောရဦးမယ်..အမေကစကားနည်းတယ် ဗျ၊ မလိုအပ်ရင် ဘယ်သူနဲ့ မှမပြော၊ ပြောပြီဟေ့ဆို လည်း ပြောတဲ့ အတိုင်း လုပ်တာ များတော့ အမေ့ကိုတော့ နှစ် ဘက်စလုံးမှာရှိတဲ့ အမျိုးတွေက ရှိန်တယ်..ဈေးသည်ဆို ပေမဲ့ နုတ်မဖွာ၊ အရောင်းသွက်တယ်၊ဖောက် သည်မှန်တယ၊ နောက်တော့ အမေ့လုပ် ငန်းတွေ ပို လုပ် လာရတယ်၊..ငါးတွေ ပုဇွန်တွေ၊ဂဏန်းတွေ၊ ပြည်ကြီး ငါးတွေပေါ့ ဗျာ၊ ကျနော်တို့ မြို့ မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အား လုံးနီး ပါး အမေ့ ဖေါက်သည်တွေ ဖြစ် လာတယ်၊ဆိုပါတော့… အဲဒါ ကို မကျေနပ် တော့ အမေနဲ့ဈေးရောင်း ဖက် လို့ ပြောရမဲ့ အဒေါ်ကြီး တယောက် က အမေ့ ကိုတိုက်တာ… အဲ လို ဗျ၊။

အဲဒီအဒေါ်ကြီးရဲ့ယောက်ျားက.. နယ်မြေလူ မိုက် လေ…ထောင် ကိုခြင် ထောင်မှတ်တေသူပေါ့၊ ထောင်ဆိုတာ သူ့ အတွက်မဆန်းဘူး၊ အမေ့ဖေါက်သည်တွေဆီသွား..မိုက်ကြေး ခွဲ၊ ခြိမ်းခြောက်၊ ..သူ့ မိန်းမဖေါက်သည်တွေ ဆိုရင် တော့ တပည့်တပန်းတွေ အား ကိုးနဲ့အဆင်ပြေ…ရွှာတွေဖက်ကတက်လာတဲ့ပုဇွန်လှေတွေ၊ငါးလှေတွေဆို .. အမေ့ ကိုရောင်းမယ်ဆိုရင် ချိန်းခြောက်၊အဲ လို ဖြစ်နေတာ ၊ဦးလေးတွေ က သိတော့ ဒီပြဿနာကိုရှင်းမယ်တဲ့ ပြောတော့၊ အမေ့ကသူကိစ္စ သူရှင်း ပါ့မယ်ဆိုပြီးပြောတယ်၊ အဖိုးက ဘယ်လိုရှင်းမလဲ..မေးတော့.. နည်း လမ်းရှိတယ်တဲ့လေ..။

အဲ လိုနဲ့ နှစ်ရက်သုံးရက်လောက် ကြာတော့၊ ကျနော်နဲ့ အမေ..အဖိုးရှိတဲ့ ကမ်းနား လမ်း က အိမ်ကိုသွားတော့

ခုနက ကျနော် ပြောတဲ့ လူမိုက်ဆို တဲ့လူက မုန်းပျားသလက်ဆိုင်နား မှာ ရပ်နေတယ်..အမေလည်း အဲဒီဆိုင်နား ကိုသွားတယ်၊ ကျနော့် စိတ်ထဲ မုန့် ၀ယ် ပေါ့လေ.. ခလေး အတွေးနဲ့ လိုက်သွားတယ်၊ အဖိုးဆီလာတိုင်းအမေက မုန့် ၀ယ် နေကျဆိုတော့ ဘာ မှ မဖြစ် ဘူး လို့ ပဲ ထင်တယ်လေ၊ မုန်သည် ဆီမှာ မုန့်ဝယ်တော့လည်းလေသံက အမေ့ ထုံးစံ အတိုင်း အေး အေး လေး၊ မုန့်သည်နား ကို တိုး ပြီတော့ မိး ဖို နား မှာ ထိုင်..လိုက်တယ်၊ ကျနော့် ကိုတော့ မုန်ံရောင်းနေတဲ့ အဒေါ်နား မှာနေတဲ့၊ ကျနော် လည်း ဘုမသိ ဘမသိအမေခိုင်းတဲ့ အတိုင်းပေါ့ ၊ မုန့်ရောင်းနေတဲ့ အဒေါ်ကြီးနား ကပ်နေလိုက်တယ်.. အမေ့ကို မြင်တော့.. အဲဒီလူမိုက်ကြီးက အမေ့နာ မယ် ခေါ်ပြီးတော့… မိုက်မိုက်ရိုင်းပြောတော့ တာ ပဲ… လင်မရှိတဲ့ အတူ ငါ့ ကို ပဲယူ လိုက်တော့ တဲ့လေ။ အမေပြုံးနေ လိုက်တယ်၊ ကျနော်မကျေနပ်၊ အမေပြုံးနေတာကို ကျနော် မကျေနပ်၊ အဲဒီ လူက အမေပြုံးနေတာကိုမြင်တော့၊ အမေ့နံဘေး မှာထိုင်ချလိုက်ပြီး၊ ထိကပါးရိကပါး ပြော ဖို့ စကာား အစ… မီး ဖိုထဲက မီးစွဲနေတဲ့ ထင်း စကို ဆတ်ကနဲယူပြီးမျက်နာကို ဖြတ်ရိုက်… လိုက်တာ အရှောင် မြန်တော့၊ ရင် ဖတ်ပေါ် ကြ အမေလေး အော် နေတုံး မှာ ပဲ၊ ထမိန်ထဲ လိမ်ယူ လာ တဲ့ဓားနဲ့ ထိုး။ တော့ ဒီ လူ ပြေး.. မပြေး လို့ မရ၊ ဆက်တိုက် ထိုး ချ လိုက်တာ၊နောက် လေး ငါး ချက်ပဲလေ၊ ကျနော် ဘာ လုပ်ရ မှန်း မသိ ၊ ဟို လူ သိပ်မပြေးနိုင် ခင် မှာ ပဲ အမေလိုက်ပြီး ဓားနဲ့ အထိုး မှာ၊ ကျနော် ဦးလေးတွေရောက် လာပြီး အမေ့ ကို ဆွဲ တာ မနည်း ဆွဲရတယ်၊ ကျနော့် အဖိုး က ဘယ် လို ဖြစ်တာ လဲ မေးတော့“ ကျမပြဿနာကို ကျမရှင်း လိုက်တာ ပါတဲ” ဒါပမဲ့ ကိုင်း ထားတဲ့ ဓာမြှေင် ကိုတော့ အမေမလွတ်၊ အဲ လို နဲ့တရားရုံးရောက်တော့ ..မိန်မသားဖြစ် နေတာ ရယ်၊လူ မိုက်စော်ကားတာ ရယ်ကို ရပ် ကွက်ကောင်စီတွေက အစ.. သက် သေလိုက်ပေး တော့၊ ဆေးဇိုးငွေ ကုန် ကျ ခံယုံ နဲ့ ပဲ့ပီးသွားတာ ပါ၊ နောက် ထပ်စော်ကားရင် .. တကယ်သတ်မှာ ပါတဲ့.. တရားရုံးမှာ ကိုပြော ခဲ့ တာ

အဲ လို ပြောနေ လဲ.. “ နင့် အမေက ပြုံးပြုံးလေး ပါပဲ” တဲ့ဦးလေး ကပြန်ပြောကို မှတ်မိနေတယ်၊

အဲ လို ဖြစ်ပြီးတော့ မှ လူ မိုက်လေးတွေ မစရဲတော့၊ ဖေါက် သည် တွေ အမေ့ဆီ ပြန် လာ ခဲ့ကြတာ ကိုတော့ မှတ်မိနေတယ်….နောက်ဆက်တွဲက ဈေး ထဲမှာ အမေ့ကိုစောင်းဆဲ၊ရိဆဲသံတွေ မကြားရတော့ ပါ၊

ကျနော်တို့ ကို အမေဆုံးမတော့ လည်း ၊စကားသံလေး က အေး တယ်၊ရိုက်ပြီဆိုတော့ လည်း မနားတော့

အဲ လို အမေမျိုး ပါ၊ဘယ်သူ့ ကို မှ ထိခိုက် အောင် မလုပ် ခဲ့၊ သူက ကို ထိ ခိုက် လာပြီဆိုရင် လည်းအမေ့တုံ့ ပြန်မှုက.. ပြင်း ထန် လွန်းတယ်၊

အဲအမေငိုတာတော့မြင်ဖူးတယ်။သစ်ရွက်စိမ်းတွေကြွေတုံးက။နောက်ပြီးတော့..ေ၇ွှအိုရောင်တိမ်တိုက်တွေပြိုတုံးက..နုတ်ခမ်း တွေက..သွား နဲ့ ကိုက်ထားလို့..အနီရောင် တွေစွန်းနေတယ်လေ။

လေးစားစွာဖြင့်…..ဥပသကာ။

မဟာကဆုန်လပြည့်နေ့(၁)

လပြည့်နေ့ တိတိကျကျဆိရရင်တော့ ကဆုန်လပြည့်နေ့၊ တကယ် တော ကျနော်
ကိုယ်တိုင် လည်း မနေ့ ကမှ ဒီကနေ့ လပြည့်နေဆိုတာ ကို သတိထား မိတာ ပါ၊ ဘာ
ဖြစ် လို့ လည်း ဆိုတော့၊ ဘုရား ဒေသစာရီ ကြွနေတာ ကို ဖူးတွေ့ရ လို့ ပါ၊
ဟုတ်ပါတယ် လေ၊ ကဆိုန် လပြည့် နေမရောက် ခင် လဆန်း တိုင်း ဒီပကာင်္ရာ မြတ်စွာ
ဘုရားကို မြို့တွင်း လှည့် လည် အပူဇော် ခံပြီး ရေ သွန်း ပူဇော် ကြတာ အခု
ဆို(၆၅) ကြိမ်မြောက် လေ၊အဲ လို မြတိစွာ ဘုရား အပူ ဇော် ခံတိုင်း လည်း၊
နေဘယ် လောက် ပူပူ မိုး ကရွာ မြဲ…၊ မနေ့ က ဘုရာ ပွဲ စ တယ် လေ၊
တမြို့ လုံး မှာ အပူ ဇော် ခံ တယ်၊ ပွဲစံတွေ၊ ပွဲရံတွေ၊ စည် တော်
တွေပြီးတော့ ယိမ်း အကတွေ နဲ့ ဒိုး ပတ်တွေနဲ့
အရှေ့ ဆုံး က တော့ အ၀တ်ဖြူနဲ့ ဥပသကာ လူ ငယ် လေးတွေ သာ သနာ အလံ ကိုယ် စီ
လွင့် လို့.. နောက် တော် ပါး က ဒီပင်္ကာရာ မြတ်စွာ ဘုရား ရှင် ကိုယ် တော်
မြတ်ကြီး က ပန်းရထားပေါ် မှာ စံနေ တဲ့ မြင် ကွင်း ကို မှန်း ဆကြည် ညို သိ
စေ ချင် တယ် လေ။… အဲ လို ပဲလေ…..။

မှန်ဆကြည့် တယ်—-တစ် ချိန်တုံး ကရမ္မာ ၀တီ..ဒီပင်္ကာရာ မြတ်စွာ ဘု၇ား
ကသုဒဿနကျောင်းတော် ကြီး မှာ သီတင်းသုံးပြီး လပြည့်နေမှာ မြို့ ထဲ ကြွ
မှာဆိုတော့.. မြိုသူမြို့ သားတွေ အလုပ်များနေကြ ပါလိမ့် မယ်၊ လူ တိုင်း
လည်း လှနေကြ ပါ လိမ့် မယ်၊ အသွင်သဏ္ဍန်အရ လည်း လှနေကြ ပါ့ မယ်၊ အနှစ်သာရ
အား ဖြင့် လည်း လှနေကြ ပါ လိမ့်မယ်လေ…။

အဲဒီ အချိန်မှာ.. အလှ တကာ့ အလှဆုံး ဖြစ် ဖို့ အတွက်..ကြွ လာတာ က..
အလောင်းတော် မြတ်သု မေဓါ..အား လုံး အသိ..ဒီအတဲက မှ လှတာလေး ကို ကျနော်
တွေး မိလို့ ရေး ဖြစ်တာ ပါ၊ တန်ခိုး အဘိဥည်တွေနဲပကောင်း ကင် ပေါ် က ဈာန်
နဲ့ကြွ လာတဲ့ ရသေ့ မြတ်ဆို တော့၊ လူတွေက အား ကိုး တကြီး နဲ့၊ အခက်ဆုံး
လမ်း ကို ပြင် ဖို့ပေး၊ရွံ့အထူးဆုံး၊ြီအောင်ညှိရ အခက်ဆုံး ကိုပေးကြ၊
တန်းခိုးတော်နဲ့ဆိုရင် တခဏခြင်း နဲ့ အပြည့်အစုံပြီး မှာ
ကိုး၊ဒါပေမဲ့အလောင်းတော်မြတ်တကယ်အသုံးချခဲ့တာကအဘိဥည်တန်ခိုးမဟုတ်၊ကာယတန်ခိုး၊ညာဏတန်ခိုးတွေ
ကိုသုံ ရင်း နဖူး ကချွှေး ခြေမ တော် အကျ။ အပင်ပန်း ခံပြီး ကိုယ်တိုင်ပြင်
သူ၊ သူများ မယူရဲသော တာ ၀န် ကိုယူသူ၊ သူ များ မလုပ် ချင် သော အလုပ် ကို
လုပ်သူ။

ကြည်ညို လိုက်တာလေ.. ကိုယ်နဲ့နိုင်းပြီးကြည် ညို လိုက်တာ ဒီနေရာမှာ
ကျနော် သာဆို.. ဘယ် လို လုပ် မလဲ.. လော က လူ သားတို့ ထုံး စံ
အတိုင်းငွေရှိသူက ငွေ အား ကိုး၊ အာဏာရှိသူ က အာဏာ အား ကိုးပြီး၊ ကိုယ်
လိုရာ ကို ဖန်တီးကြ ပါလိမ့် မည်၊ တရား သည် မတရား သည် ကိုနောက် မှရှင်းပါ
လိမ့် မယ်၊ အခု အလောင်းတော် မြတ်ကြီး က တန်ခိုးတော် ကို သုံး လို့ရ ပါ
ရက်နဲ့၊ သူတော် ကောင်းတွေ ကဲ့ရဲ့ မှာ စိုး လို့.. အဲ လို မြင့်
မြတ်တဲ့အတွေ အကြံ ဆန္ဒ နဲ့ ကိုယ့် အား ကိုယ် ကိုးလမ်း သစ် ထွင်၊သူ၊
အလောင်းတော့ ဘ၀ ကတည်း က တောင်မှ၊ ကိုယ့် အား ကိုယ် ကိုးခဲ့ တဲ့
အလောင်းတော် မြတ်၊ဘုရားရှင် ဖြစ် တော်မူ တဲ့ အခါ ` မိမိကိုယ် သာ ကိုး
ကွယ် ရာ၊ အား ထားရာ ဟု´ ဟော ခဲ့ သည်မှာ.. မဆန်းတော့ ..ဟု မှန်းဆကြည်ညို ရ
ပြန်တယ်၊။

` ငါသိသလို သိစေရမယ်၊ သတ္တ၀ါတွေကို သံသရာမှ လွတ်အေင် ကယ်မယ်ဆိုတဲ့´
စိတ်ဓာတ်နဲ့ အရှေ့ မှာ ရှိတဲ့ နိဗာန်ရွှေပြည် သွားရ ထား ကို
စီးနိုင်ပါရက်နဲ့ မျက်နှာ လွဲ ခဲ့သူ၊ ကိုယ့်ရှေ့ ကရွှေ ခွက်ကို တယောက် ထဲ
မယူ ပဲ အများ ကို ဝေမျှပေးရဲသူ.. မဟာအာဇာနည်တို့ ရဲ့ စိတ်ဓာတ် ကို
ကျနော်ခပ်ညံ့ညံ့လူ က မှန်းဆပူဗဇာ် နေမိတယ်၊

အာ လုံး အတွက်၊ လူတွေ နတ်တွေ၊ ခမ်းသိမ်းသော သတ္တ၀ါ တွေ
အတွက်မိမိအသက်ကိုယ်ဖက်ရွက် လို စွန့်ဝံ့သူ
သစ္စာတည်း ဟူသော တကယ့် အမှန်တရား ပြန်ံပွားရေး အတွက် နောင် လာမဲ့
ဘ၀ပေါင်းများ စွာ ကို စတေး မဲ့ သူ.. ကျနော်တို့ ကနေ့ရှိခိုး နေရတဲ့ေ၈ါတမ
ဘုရား အရှင် ဖြစ် လိမ့်မယ် လို့ ဗျာဒိတ်တော်ရ ခဲ့တဲ့သူ..
မဟာသုမေဓါ…ပြီးတော့ မဟာကဆုန်လပြည့်နေ့။… ကိုမှန်းဆပူ ဇော်ရင်း

အမေသို့ တမ်း ချင်း

မကြာ ခင်တုံး က လွန်သွား ခဲ့ တဲ့ အမေ့ မွေးနေ့ မှာ ကျနော် က စာ နည်း နည်း
လေးရေး မယ် လို့ စိတ် ကူးရှိ ပေ မဲ့ တကယ် ကျတော့ ကျနော်မရေး ဖြစ် ပြန်
ဘူး လေ၊ လူ တိုင်း မှာ အမေရှိ ကြ တော့ ၊ အမေ တွေ ကို ဥ ပမာ တွေ အမျိုး
မျိုး နဲ့ တင် စားကြ တာ ကို ဖတ်ရ သိ ရ၊ ကြားနေ ရ တယ် လေ၊ ကျနော် လည်း
အမေ့ ကို တင်စား ဖို့ စကား လုံးရှာနေ ပြန်တယ

ပင်ပန်းလွန်း စွာ နဲ့ အိပ်ပျော် နေပြီ ဖြစ်တဲ့ အမေ့ကို ကြည့် ရင်း၊
ကျနော့် စိတ် တွေ အတိတ်ကို ပြန်နေမိတယ်… တချိန်တုံး က မိန်း မချော တစ်
ယောက် ဖြစ် ခဲ့ သော အမေ ၊ အခုတော့ ဇရာ အရိပ် အထက် လောကဒဏ် အရိုက် အပုတ်
ကို အံကြိတ် ခံရင်း၊ အား တင်း ခဲ့ ရ တဲ့ အမေ….သူ ကိုယ်တိုင် ကမှ အတန်း
ကျောင်း ကို မှန် အောင် မနေခဲ့ရပေမဲ့၊ သားတွေ ကို ပညာတတ် စေ ချင် ခဲ့ သော
အမေ…..သားတွေ စိတ် ကို အမြဲ ဖတ်၇င်း အလို မှန် သမျှ ကို ဖြည့် နိုင် အော
င် ကြိုး စားနေ ခဲ့ တဲ့ အမေ…သားတွေကျောင်း စရိတ် အတွက် ဈေးတောင်း
ခေါင်းရွက်၊ ချက် ချက် တောက် ပူ တဲ့ နေ ရောင် မှာ ငွေရှာ ရင်း ကျောင်း
စရိတ် ပို့ ခဲ့ သော အမေ၊ ….. တခါ တလေ…` သားရယ် သား တို့ ကို အမေက ဘာ မှ
သင် မပေး နိုင် ဘူး´ လို့ ပြော ခဲ့ သော အမေ… တကယ် တော့ အမေ က လက် တွေ့
နဲ့ သင် ပေး ခဲ့ တာ အမေကိုယ်တိုင် မသိ ခဲ့။

မတရား တာ ကို မလုပ် မိအောင်၊ တရား မျှတမှု အတွက်အလုပ် လုပ်တတ်အောင်၊အထူး
သဖြင့် စိတ်ရှည် တတ် သော သီး ခံတတ် သော၊ ကိုယ့် ကျင့် ကို တန်ဖိုး ထား
တတ် သော ယောက်ျား ဖြစ် အောင် အမေ သင် ခဲ့ သည် သာ။အမေ..သည် ကတိကို တန်
ဖိုး ထာ သူ၊ အမေသည် ကိုယ့် စကား ကို ကိုယ် တာ ၀န် ယူတတ် သူ၊ အမေ..သည် ဟန်
ဆောင်မှု ကင်း မဲ့ သူ၊ အမေသည်… ကျနော်တို့ အတွက် ဘ၀ လမ်း ပြ၊ စာ မတတ် သော
် လည်း ငါ တတ် ဖြင့် ကျနော်တို့ ကိုဦးဆောင် ခဲ့ သူ….။

အ မေသည် ကျနော် တို့ အတွက် လိုအပ် လာ လျှင်ဓါး တစ်လက် ဖြစ် ခဲ့ သို၊ ပန်ဒ
တစ် ပွင့် လည်း ဖြစ် ခဲ့ ပါ၏၊ သားတွေနဲ့ ပတ် သက် လာ လျှင် ဘယ်တုံး က
မှအပြုံး မပျက် ခဲ့ သောအမေ…

ကျနော်တို့ အား ယောက်ျား နီတိ၊ ယောက်ျား အတတ်၊ ယောက်ျား စိတ် ဓာတ် ကို
သွန်းလောင်း ပေး ခဲ့သော အမေ…။

အိပ် ပျော် နေတဲ့ အမေ့ ကို..ကြည့် ရင်းး နီုင်စရာရှာ သော် လည်း မတွေ့..
အမေ အတွက် ယှဉ် ဖက်စကား လုံး သည် `အမေ´ သာ လျှင် ဖြစ် သည် ဟု မှတ် ယူရင်း
အမေံ အား အကြိမ်ကြိမ်ဦး ချ မိ ပါသည်။

အတွေ့ ချင်ဆုံး လူ(၁၀)ယောက်

အခုတလောစာရေးချင်ပေမဲ့မအားလွန်းကံဇတ်ဆရာစီရင်ဖန်ဆင်းအပ်သော၊ဘ၀ဇာတ်ခုံပေါ် တွင်၊ ကျနော်သည်ခုနှစ်ထွေအကကိုပိုင်နိုင်အောင်ကနေရသည်မို့၊ခုဘီလူး တော်ကြာရသေ့
နောက်တဖန်ဇော်ဂျီ…စသည့်ဇတ်ရုပ်များကို ကျရာအရုပ်အဟုတ်တူအောင် ကနေရင်း နဲ့ ပဲ၊
ဘလော့မလည်ြုဖစ်၊စာမဖတ်ဖြစ်…ပိုဆိုးတာက မြန်မာ ပြည်ကြီး၏ မဟာကွန်နက်ရှင်၊…ထား ပါတော့လေ..သည်မျှသုံးနေရသည်ကိုပဲ..ကျေးဇူးတင်နေရပါသည်။

မကလျာက(မေတ္တာရောင်ပြန်)က တက်ဂ်ထားတဲ့ အတွေ့ ချင်ဆုံးလူ…အဲ(၁၀) ယောက်ထဲ ဆိုတော့ ရေးရကျပ်နေပြန်သည်၊ တကယ်တွေ့ ချင်နေတာက အား လုံးကိုပါ၊ ရေးဖေါ်ရေးဖက် အား လုံးကိုတွေ့ ချင် ပါသည်၊ ကျနော့် စိတ်ထဲမှာ အား လုံး ကို တကယ့် မောင် နှမလို ပဲတွေ့ ချင်ပါသည်၊ မောင်နှမတွေ မိတ်ဆွေတွေ..ကလျာဏမိတ်တ္တတွေ.. ထိုထက်ပိုပြီးပြောရလျှင် အတူတကွ သံသရာ ခရီးသွားဖေါ်များဟုဆိုသော်…ဆိုကောင်းပါ၏။

ကလျာဏမိတ္တ..ရှင်တော်ဗုဒ္ဓက ..“ငါသည်အလုံစုံသောသူတို့၏ ကလျာဏမိတ္တ” ဟု ဆို၏
ထိုမလွဲသောစကာဖြင့်မိတ္တဂုဏ်ကိုချီးမွမ်း၏..သို့သော်ကလျာဏမိတတသာလျင်…ကလျာဏကို၊ပါဠိအဘိဓာန်တွေ ထဲမှာ နာမ၀ိသေသနအဖြစ်(၈)မျိုး၊ နာမ်အဖြစ်(၄)မျိုး ဖွင့်ကြောင်းကို
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ရေး ထား ဖူး သဖြင့် မှတ်မိနေသည်၊

ကလျာဏမိတ္တကို အဆွေ ခင်ပွန်းကောင်းဟု ပြန်၏၊ ထို ခင်ပွန်းကောင်တွေကို ကျနော် တွေ့ ချင် ပါသည်၊ မ်တ်ဆွေကောင်းတွေ နဲ့ ပက်သက် လို့ ပိဋကတ်တော်တွေ ထဲမှာ ဖတ်ဖူး ပါသည် လက်လှမ်း မှီသလောက် ပေါ့လေ။ ကျနော်ကိုယ်တိုင် ကလာည်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေသည်။ သို့သော် မဖြစ် သေးဟုထင်၏၊ မိတ်ဆွေကောင်း မဟုတ် တောင်မှ။

အညဒတ္ထုဒရ မည်သော အပေးမရှိသည့် မိတ်ဆွေတု။

ဝစီပရမ မည်သော နုတ်ဖြစ်သာပေးလေ့ရှိသော မိတ်ဆွေတု

အနုပီယဘာဏီ မည်သော အကြိုက်လိုက်ပြီးမြှေက်ပစ်ပြောဆိုတတ်သော မိတ်ဆွေတု။

အပါယသဟာယ မည်သော ပျက်စီးရာ ပျက်စီးကြောင်းတို့ တွင်သာ ပေါင်း ဖေါ်တတ်သော
မိတ်ဆွေတု..တော့ မဖြစ်လို။

ကျနော့်အတွက်တော့ ကျနော်မိတ်ဆွေများအာ လုံးသည်၊
ဥပကာရ မည်သော အကျိုးပြုမိတ်ဆွေများ

သမာနသုခ ဒုက္ခမည်သော အေးအတူပူအမျှနေတတ်ကြသည့် မိတ်ဆွေ

အတ္ထက္ခာယီ မည်သော အကျိုးစီးပွားရှိရာအကြောင်း ကို သာပြောတတ်သော မိတ်ဆွေ

အနုကမ္ပကမည်သော အစဉ်သနာ စောင့်ရှောက်တတ်သော မိတ်ဆွေ များ ဟု ကျနော်ဆို ပါသည်။
ထိုမိတ်ဆွေများအား လုံးကို ကျနော်တွေ့ ချင် ပါသည်… သို့သော် မူလ တဂ်သော ဆရာက (၁၀) ယောက်သာ ဟုဆိုချေသောကြောင့်……..။

အစ်ကိုကြီးမင်းဒင်

ကိုလူလှ
ကိုသင်ကာ

ညီလေးအလှတရား
ညီလေးဖိုးသား

မသက်ဇင်
တူမတော်မက်မက်
ညီမတော် ပင့်ဂိုးလ်
မသဇင်ဏီနဲ့

ကျနော်က နတ်သမီး လို ခေါ်တတ်တဲ့ နတ်သမီး ဘလော့ ပိုင် ရှင် ၀င်း ၀င်း တို့ ပါ

အရမ်းစာရေးကောင်းတဲ့ အကိုတွေ ညီတွေ ညီမတွေ အမ တွေရှိသေးတယ် နော် နောက် လာ မယ် ပေါ့ပေါ့လေးတွေ ကို ရင် ထဲရောက် အောင်ရေးတတ် ကျ သူတွေရေ….

ငြိမ်းချမ်းကြ ပါစေ။

« Older entries